တရုတ္ႏုိင္ငံက ယခုႏွစ္အတြင္း ျမန္မာကုန္သည္မ်ား၏ တရုတ္ဘဏ္စာရင္းမ်ား ထပ္မံပိတ္သိမ္းလိုက္၍ ပိတ္ခံရသည့္ ဘဏ္စာရင္း ၂၀၀ ေက်ာ္ထိတိုးလာ

တရုတ္ႏုိင္ငံက ယခုႏွစ္အတြင္း ျမန္မာကုန္သည္မ်ား၏ တရုတ္ဘဏ္စာရင္းမ်ား ထပ္မံပိတ္သိမ္းလိုက္၍ ပိတ္ခံရသည့္ ဘဏ္စာရင္း ၂၀၀ ေက်ာ္ထိတိုးလာ
ဇွန် 25, 2018
By Tachileik News Agency

တရုတ္ႏုိင္ငံက ျမန္မာကုန္သည္မ်ား၏ တရုတ္ဘဏ္စာရင္းမ်ားကို ၂၀၁၈ ခုႏွစ္၊ ေမလအတြင္း ထပ္မံ ပိတ္လုိက္သျဖင့္ ၂၀၁၇ ခုႏွစ္က ျပန္ဖြင့္ေပးရန္ က်န္ရိွေနသည့္ တရုတ္ဘဏ္စာရင္းမ်ား အပါအဝင္ စုစုေပါင္း ဘဏ္စာရင္း (၂၀၀)ေက်ာ္ကို ပိတ္ထားေၾကာင္း သိရသည္။

 “ေငြလဲလွယ္တဲ့ လုပ္ငန္းလုပ္သူေတြရဲ႕ တရုတ္ဘဏ္ကအေကာင့္ေတြ ပိတ္ခံထားရတယ္ဆိုေတာ့ ကုန္စည္ စီးဆင္းမႈမွာ အခက္အခဲေတြ ျဖစ္တာေပါ့။ ကုန္ပစၥည္းေတြကို ဟိုဘက္မွာ ေရာင္းခ်တဲ့အခါ တရုတ္ေငြနဲ႔ ေပးေခ်တယ္။ ဒါကိုျမန္မာေငြနဲ႔ျပန္ခ်ိန္းတဲ့အခါ ေငြလဲတဲ့လုပ္ငန္းရွင္ေတြနဲ႔ ခ်ိတ္ဆက္ လုပ္ကိုင္ရပါတယ္။ သူတို႔ အေကာင့္ေတြ ပိတ္ေတာ့သြယ္ဝိုက္ၿပီးေတာ့ ကုန္သြယ္မႈကိုထိခိုက္ပါတယ္” ဟု  ပဲ၊ ေျပာင္း၊ ႏွမ္းႏွင့္ လယ္ယာထြက္ကုန္ပစၥည္း ကုန္စည္ဒိုင္ ဒုတိယဥကၠဌ ေဒၚရန္ၾကဴဟြမ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တရုတ္ႏိုင္ငံတြင္ ဖြင့္လွစ္ထားသည့္ ျမန္မာကုန္သည္မ်ား၏ ဘဏ္စာရင္းမ်ားအား ေငြေၾကးစစ္ေဆးရန္ တရုတ္ႏုိင္ငံမွ တာဝန္ရိွသူမ်ားက ၂၀၁၇ ခုႏွစ္၊ ဇြန္လ (၁၇)ရက္ေန႔တြင္ ပိတ္သိမ္းခဲ့ရာ ဇြန္လ (၂၃) ရက္ေန႔တြင္ မူဆယ္ၿမိဳ႕ရိွ ျမန္မာလုပ္ငန္းရွင္မ်ားက ေန႔တစ္ဝက္ခန္႔ ဆႏၵျပမႈမ်ားျပဳလုပ္ခဲ့ၿပီးေနာက္ ဘဏ္အေကာင့္ (၁၀၀) ေက်ာ္ကို တရုတ္ဘက္မွ ျပန္ဖြင့္ေပးခဲ့ျခင္းျဖစ္ေသာ္လည္း က်န္ရိွသည့္ ဘဏ္အေကာင့္မ်ားကို လက္ရိွအခ်ိန္ထိ ျပန္ဖြင့္ေပးျခင္းမရိွေသးေၾကာင္း သိရသည္။

လယ္ယာထြက္ကုန္ပစၥည္းမ်ားအား တရုတ္ႏိုင္ငံသို႔တင္ပို႔ေရာင္းခ်ရာတြင္ ေငြေပးေခ်ေရးလုပ္ငန္းမ်ား၌ တရုတ္- ျမန္မာ ေငြလဲလွယ္ေပးသူမ်ားကိုသာ အဓိကအားကိုးေနရျခင္းျဖစ္သည့္အတြက္ ေငြလဲလွယ္ သူမ်ား၏ ဘဏ္အေကာင့္မ်ား ပိတ္ခံရျခင္းမွာ တင္ပို႔ကုန္အေျခအေနအား ထိခိုက္ေစေၾကာင္း ကုန္သည္မ်ားက ဆိုသည္။

“ကၽြန္မတို႔ အရင္တစ္ေခါက္ကလည္း အေကာင့္ပိတ္ခံရဖူးပါတယ္။ ဒီတစ္ေခါက္လည္း ထပ္ၿပီး ပိတ္ခံရတဲ့ အတြက္ အဲဒီတရုတ္ဘက္က Agriculture ဘဏ္ကိုသြားၿပီး ေမးျမန္းတဲ့အခါ တရုတ္ရဲေတြရဲ့ စစ္ေဆးမႈကို ခံရပါတယ္။ စစ္ေဆးတာကေတာ့ ေကာင္းေကာင္းမြန္မြန္စစ္ေဆးတာပါပဲ။ အေကာင့္ကေတာ့ ျပန္ၿပီး မဖြင့္ေပးေသးပါဘူး”ဟု တရုတ္ယြမ္တစ္သိန္းေက်ာ္ရိွသည့္ ဘဏ္အေကာင့္ ပိတ္ခံရသည့္ ေဒၚခင္ေဆြဝင္းက ေျပာသည္။

တရုတ္ႏိုင္ငံ ေရႊလီၿမိဳ႕ရွိ ရဲစခန္းတြင္ စကားျပန္တစ္ဦးထားရွိကာ ျမန္မာဘက္မွ ဘဏ္စာရင္း ပိတ္ခံရသူ အခ်ိဳ႕ကို ေခၚယူစစ္ေဆးျခင္းမ်ား ျပဳလုပ္ခဲ့ၾကေသာ္လည္း စစ္ေဆးျခင္းခံရသူအခ်ိဳ႕သာ အေကာင့္မ်ား ျပန္လည္ ရရွိခဲ့ေၾကာင္း သိရသည္။

“အခုလို အစည္းအေဝးသေဘာမ်ိဳး လုပ္လိုက္ေတာ့ လုပ္ငန္းရွင္ေတြ ကုန္သည္ေတြရဲ႕ အခက္အခဲေတြကို အမ်ားျပည္သူ သိရွိေအာင္ ရွင္းျပၿပီးသားလည္းျဖစ္တယ္။ ၿပီးေတာ့ ဒီအစည္းအေဝးကိုလာၾကတဲ့ ဌာနဆိုင္ရာေတြ၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကေန တစ္ဆင့္ ျပည္ေထာင္စုအစိုးရ သိရွိသြားေအာင္လည္း တရားဝင္ စာတင္ၿပီးေတာ့ တင္ျပသြားဖို႔ လုပ္မွာျဖစ္ပါတယ္။ ဒီအစည္းအေဝး မွတ္တမ္းကိုလည္း တရုတ္ႏိုင္ငံဘက္က တာဝန္ရွိသူေတြ သိရွိေအာင္တင္ျပေပးသြားဦးမွာ ျဖစ္ပါတယ္” ဟု ၁၀၅ မိုင္ ကုန္သြယ္ေရးဇုန္ ပဲ၊ ေျပာင္း၊ ႏွမ္း ကုန္စည္ဒိုင္ ဒုတိယဥကၠဌ ေဒၚရန္ခ်ိဳ(ခ)ေဒၚျဖဴက ေျပာသည္။

မူဆယ္ၿမိဳ႕ရိွ ပဲ၊ ေျပာင္း၊ ႏွမ္း ကုန္စည္ဒိုင္တြင္ နယ္စပ္ကုန္သြယ္မႈလုပ္ငန္းဆိုင္ရာ အခက္အခဲမ်ား အဆင္ေျပေခ်ာေမြ႔ေစေရး တင္ျပေဆြးေႏြးညွိႏႈိင္းျခင္းရွင္းလင္းပြဲေခါင္းစဥ္ျဖင့္ ၂၀၁၈ ခုႏွစ္၊ ဇြန္လ (၂၄) ရက္ေန႔တြင္ ရွင္းလင္းပြဲတစ္ခု လုပ္ေဆာင္ခဲ့ျခင္းျဖစ္သည္။

အဆိုပါရွင္းလင္းပြဲတြင္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းေက်ာ္သိန္းလည္း တက္ေရာက္ခဲ့ၿပီး တရုတ္ဘဏ္စာရင္း ပိတ္ခံထားရဆဲျဖစ္သည့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) မူဆယ္ၿမိဳ႕မွ ကုန္သည္မ်ားႏွင့္ တရုတ္ေငြ - ျမန္မာေငြ လဲလွယ္သည့္လုပ္ငန္းလုပ္ကိုင္ၾကသူမ်ား၊ ပဲ၊ ေျပာင္း၊ ႏွမ္းႏွင့္ လယ္ယာထြက္ ကုန္ပစၥည္း ကုန္စည္ဒိုင္ ဥကၠဌ ဦးလွေမာင္ႏွင့္ ကုန္စည္ဒိုင္ ဒုတိယဥကၠဌ ေဒၚရန္ၾကဴဟြမ္တို႔ တက္ေရာက္ၾကေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု-  ေနၿဖိဳးျမင့္



~~~~~~~~⊰❂ unicode ~~~~~~~~

တရုတ်နိုင်ငံက မြန်မာကုန်သည်များ၏ တရုတ်ဘဏ်စာရင်းများကို ၂၀၁၈ ခုနှစ်၊ မေလအတွင်း ထပ်မံ ပိတ်လိုက်သဖြင့် ၂၀၁၇ ခုနှစ်က ပြန်ဖွင့်ပေးရန် ကျန်ရှိနေသည့် တရုတ်ဘဏ်စာရင်းများ အပါအဝင် စုစုပေါင်း ဘဏ်စာရင်း (၂၀၀)ကျော်ကို ပိတ်ထားကြောင်း သိရသည်။

 “ငွေလဲလှယ်တဲ့ လုပ်ငန်းလုပ်သူတွေရဲ့ တရုတ်ဘဏ်ကအကောင့်တွေ ပိတ်ခံထားရတယ်ဆိုတော့ ကုန်စည် စီးဆင်းမှုမှာ အခက်အခဲတွေ ဖြစ်တာပေါ့။ ကုန်ပစ္စည်းတွေကို ဟိုဘက်မှာ ရောင်းချတဲ့အခါ တရုတ်ငွေနဲ့ ပေးချေတယ်။ ဒါကိုမြန်မာငွေနဲ့ပြန်ချိန်းတဲ့အခါ ငွေလဲတဲ့လုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက် လုပ်ကိုင်ရပါတယ်။ သူတို့ အကောင့်တွေ ပိတ်တော့သွယ်ဝိုက်ပြီးတော့ ကုန်သွယ်မှုကိုထိခိုက်ပါတယ်” ဟု ပဲ၊ ပြောင်း၊ နှမ်းနှင့် လယ်ယာထွက်ကုန်ပစ္စည်း ကုန်စည်ဒိုင် ဒုတိယဥက္ကဌ ဒေါ်ရန်ကြူဟွမ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တရုတ်နိုင်ငံတွင် ဖွင့်လှစ်ထားသည့် မြန်မာကုန်သည်များ၏ ဘဏ်စာရင်းများအား ငွေကြေးစစ်ဆေးရန် တရုတ်နိုင်ငံမှ တာဝန်ရှိသူများက ၂၀၁၇ ခုနှစ်၊ ဇွန်လ (၁၇)ရက်နေ့တွင် ပိတ်သိမ်းခဲ့ရာ ဇွန်လ (၂၃) ရက်နေ့တွင် မူဆယ်မြို့ရှိ မြန်မာလုပ်ငန်းရှင်များက နေ့တစ်ဝက်ခန့် ဆန္ဒပြမှုများပြုလုပ်ခဲ့ပြီးနောက် ဘဏ်အကောင့် (၁၀၀) ကျော်ကို တရုတ်ဘက်မှ ပြန်ဖွင့်ပေးခဲ့ခြင်းဖြစ်သော်လည်း ကျန်ရှိသည့် ဘဏ်အကောင့်များကို လက်ရှိအချိန်ထိ ပြန်ဖွင့်ပေးခြင်းမရှိသေးကြောင်း သိရသည်။

လယ်ယာထွက်ကုန်ပစ္စည်းများအား တရုတ်နိုင်ငံသို့တင်ပို့ရောင်းချရာတွင် ငွေပေးချေရေးလုပ်ငန်းများ၌ တရုတ်- မြန်မာ ငွေလဲလှယ်ပေးသူများကိုသာ အဓိကအားကိုးနေရခြင်းဖြစ်သည့်အတွက် ငွေလဲလှယ် သူများ၏ ဘဏ်အကောင့်များ ပိတ်ခံရခြင်းမှာ တင်ပို့ကုန်အခြေအနေအား ထိခိုက်စေကြောင်း ကုန်သည်များက ဆိုသည်။

“ကျွန်မတို့ အရင်တစ်ခေါက်ကလည်း အကောင့်ပိတ်ခံရဖူးပါတယ်။ ဒီတစ်ခေါက်လည်း ထပ်ပြီး ပိတ်ခံရတဲ့ အတွက် အဲဒီတရုတ်ဘက်က Agriculture ဘဏ်ကိုသွားပြီး မေးမြန်းတဲ့အခါ တရုတ်ရဲတွေရဲ့ စစ်ဆေးမှုကို ခံရပါတယ်။ စစ်ဆေးတာကတော့ ကောင်းကောင်းမွန်မွန်စစ်ဆေးတာပါပဲ။ အကောင့်ကတော့ ပြန်ပြီး မဖွင့်ပေးသေးပါဘူး”ဟု တရုတ်ယွမ်တစ်သိန်းကျော်ရှိသည့် ဘဏ်အကောင့် ပိတ်ခံရသည့် ဒေါ်ခင်ဆွေဝင်းက ပြောသည်။

တရုတ်နိုင်ငံ ရွှေလီမြို့ရှိ ရဲစခန်းတွင် စကားပြန်တစ်ဦးထားရှိကာ မြန်မာဘက်မှ ဘဏ်စာရင်း ပိတ်ခံရသူ အချို့ကို ခေါ်ယူစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြသော်လည်း စစ်ဆေးခြင်းခံရသူအချို့သာ အကောင့်များ ပြန်လည် ရရှိခဲ့ကြောင်း သိရသည်။

“အခုလို အစည်းအဝေးသဘောမျိုး လုပ်လိုက်တော့ လုပ်ငန်းရှင်တွေ ကုန်သည်တွေရဲ့ အခက်အခဲတွေကို အများပြည်သူ သိရှိအောင် ရှင်းပြပြီးသားလည်းဖြစ်တယ်။ ပြီးတော့ ဒီအစည်းအဝေးကိုလာကြတဲ့ ဌာနဆိုင်ရာတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကနေ တစ်ဆင့် ပြည်ထောင်စုအစိုးရ သိရှိသွားအောင်လည်း တရားဝင် စာတင်ပြီးတော့ တင်ပြသွားဖို့ လုပ်မှာဖြစ်ပါတယ်။ ဒီအစည်းအဝေး မှတ်တမ်းကိုလည်း တရုတ်နိုင်ငံဘက်က တာဝန်ရှိသူတွေ သိရှိအောင်တင်ပြပေးသွားဦးမှာ ဖြစ်ပါတယ်” ဟု ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ပဲ၊ ပြောင်း၊ နှမ်း ကုန်စည်ဒိုင် ဒုတိယဥက္ကဌ ဒေါ်ရန်ချို(ခ)ဒေါ်ဖြူက ပြောသည်။

မူဆယ်မြို့ရှိ ပဲ၊ ပြောင်း၊ နှမ်း ကုန်စည်ဒိုင်တွင် နယ်စပ်ကုန်သွယ်မှုလုပ်ငန်းဆိုင်ရာ အခက်အခဲများ အဆင်ပြေချောမွေ့စေရေး တင်ပြဆွေးနွေးညှိနှိုင်းခြင်းရှင်းလင်းပွဲခေါင်းစဉ်ဖြင့် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၄) ရက်နေ့တွင် ရှင်းလင်းပွဲတစ်ခု လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါရှင်းလင်းပွဲတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်းလည်း တက်ရောက်ခဲ့ပြီး တရုတ်ဘဏ်စာရင်း ပိတ်ခံထားရဆဲဖြစ်သည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့မှ ကုန်သည်များနှင့် တရုတ်ငွေ - မြန်မာငွေ လဲလှယ်သည့်လုပ်ငန်းလုပ်ကိုင်ကြသူများ၊ ပဲ၊ ပြောင်း၊ နှမ်းနှင့် လယ်ယာထွက် ကုန်ပစ္စည်း ကုန်စည်ဒိုင် ဥက္ကဌ ဦးလှမောင်နှင့် ကုန်စည်ဒိုင် ဒုတိယဥက္ကဌ ဒေါ်ရန်ကြူဟွမ်တို့ တက်ရောက်ကြကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ- နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~