အမေရိကန်ပြည်ထောင်စု အိုဟိုင်းအိုးပြည်နယ်မှ မိခင်တစ်ဦးက သားဖြစ်သူ ပျောက်ဆုံးနေကြောင်း ရဲတပ်ဖွဲ့ထံ လိမ်လည်တိုင်ချက်ဖွင့်ကာ သူမ၏ ချစ်သူနှင့်အတူ ၂၀၂၄ ခုနှစ် ဇွန်လ (၂၈) ရက်နေ့ ညနေပိုင်းတွင် ရုတ်တရက် အိမ်ကနေ ထွက်ခွာသွားခဲ့သည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်။
သားဖြစ်သူ သေဆုံးမှုကို ဖုံးကွယ်ရန်အတွက် မိခင်ဖြစ်သူက သား ပျောက်ဆုံးနေကြောင်း ရဲတပ်ဖွဲ့ထံ ဆက်သွယ် အကြောင်းကြားလိုက်ရာ ရဲအရာရှိများက နေအိမ်ကို ရောက်ရှိလာပြီး ရှာဖွေကြသော်လည်း Martonio ကို မတွေ့၍ ရဲခွေးတစ်ကောင် ခေါ်လာခဲ့ပြီး ထပ်မံ ရှာဖွေရန် လုပ်ဆောင်မည်ပြုရာ LaShanda က ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှုမရှိ ဖြစ်လာပြီး ခွေးကို နေအိမ်အတွင်း ဝင်မလာစေချင်ခဲ့ဟု ဆိုသည်။
ထို့နောက် LaShanda က သူမ၏ ချစ်သူ Lowe နှင့် အခြား ကလေး (၂) ဦးနှင့်အတူ ရုတ်တရက် နေအိမ်ကနေ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က အလောင်းရှာခွေး အကူအညီဖြင့် နေအိမ်ကို ဆက်လက် ရှာဖွေရာ ၂၀၂၄ ခုနှစ် ဇွန်လ (၂၈) ရက်နေ့ ညနေ (၆) နာရီ (၂၀) မိနစ်ခန့်တွင် အမှိုက်အိတ်နှင့် စွပ်၍အိပ်ရသော အိတ်တစ်လုံးထဲထည့်၍ ဝှက်ထားသည့် အသက် (၈) နှစ်အရွယ် Martonio Wilder ၏ အလောင်းကို တွေ့ရှိခဲ့သည်။
၎င်းတို့ (၂) ဦးလုံးအား တရားဥပဒေကို အနှောင့်အယှက်ပြုမှုဖြင့် စွဲချက်တင်ခဲ့ပြီး မိခင်ဖြစ်သူကိုမူ လူသတ်မှုဖြင့် စွဲချက်တင်ထားကြောင်း သိရသည်။
သေမှုသေခင်း စုံစမ်းစစ်ဆေးမှုအရ Martonio မှာ အသတ်ခံရခြင်းဖြစ်ပြီး လည်ပင်းအညှစ်ခံထားရကြောင်း ကောက်ချက်ချခဲ့သော်လည်း လူသတ်မှု၏ အကြောင်းရင်းကိုမူ အာဏာပိုင်များက ထုတ်ဖော်မပြောခဲ့ဟု ဆိုသည်။
Source: LawAndCrime