အင်းတော်ကြီးဒေသအတွင်း ငလျင်လှုပ်ခတ်မှုကြောင့် နေအိမ်အချို့ ထိခိုက် ပျက်စီး

အင်းတော်ကြီးဒေသအတွင်း ငလျင်လှုပ်ခတ်မှုကြောင့် နေအိမ်အချို့ ထိခိုက် ပျက်စီး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်း  အင်းတော်ကြီးဒေသတွင် ၂၀၂၃ခုနှစ် မေလ (၃၁)ရက်နေ့၊ ညနေ  (၅)နာရီ၊ (၅၀)မိနစ်၊ (၂၂)စက္ကန့် အချိန်က အင်အားရစ်(ခ်)တာစကေး (၅.၉) အဆင့်ရှိ ငလျင်လှုပ်ခတ်သွားကြောင်း သိရသည်။

ငလျင်လှုပ်ခတ်မှုကြောင့် အင်တော်ကြီးတွင် အချို့နေရာ၌ မြေကွဲအက်မှုများဖြစ်ပွားခဲ့သလို မိုင်းနောက်ရွာတွင်လည်း အုတ်တံတိုင်းပြိုကျပျက်စီးမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းအပြင် အင်းတော်ကြီးဒေသအတွင်း နေအိမ်အချို့လည်း ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။



ငလျင်မှာ ဟိုပင်မြို့၏ နောက်မြောက် (၂၂)မိုင်ခန့်အကွာ အနက်(၁၀)ကီလိုမီတာ ဗဟိုပြုပြီး လှုပ်ခတ်သွားခြင်း ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က သတင်းထုတ်ပြန်ထားသည်။

 

Photo: Hla Kyaing, Moepayewin, Tu Ta