တာချီလိတ်မြို့မှတဆင့် တစ်ဖက်နိုင်ငံဖြစ်သော ထိုင်းနိုင်ငံသို့ ပတ်စပိုစ့် ဗီဇာဖြင့် ၀င်/ထွက်သွားလာ ခွင့်ပြုခြင်းကို သြဂုတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်လိုက်သည့်အတွက် တာချီလိတ်မြို့ရှိ ပြည်သူလူထုမှာ တာချီလိတ်မြို့မှ တဆင့် ထိုင်းနိုင်ငံတစ်ခုဆ၀ပ်ဒီ ဟောလီးဒေး ခရီးသွားလာရေး ကုမ္ပဏီလီမီတက်မှ ထိုင်းနိုင်ငံ ဗီဇာ ကိစ္စများကို စတင် ဆောင်ရွက်ပေးနေပြီ ဖြစ်ကြောင်း သိရသည်။
လုံးသို့ ဗီဇာဖြင့် သွားရောက်နိုင်ရေးကို စိတ်ဝင်စားနေကြသည်ဖြစ်ရာ ယခုအခါမှာ တာချီလိတ်ရှိ
ထိုင်းနိုင်ငံ ဗီဇာ တောင်းခံရန်အတွက် လိုအပ်သည့်
စာရွက်စာတမ်းများမှာ
- ၁) လိုင်စင် ဓါတ်ပုံ ၁.၅ လက်မအရွက် ( ၃ ) ပုံ
- ၂) အိမ်ထောင်စုစာရင်း မိတ္တူ (၁) စောင်
- ၃) မိမိကိုင်ဆောင်သော နိုင်ငံကူးလက်မှတ်စာအုပ် မူရင်း
- ၄) မိမိအမည်ပေါက် ပိုင်ဆိုင်မှုများ (၂)ခု ပြရန်
ဥပမာ-( အိမ်ပိုင်၊ ခြံပိုင်၊ မြေပိုင်၊ ကားပိုင်၊ ဘဏ်စုငွေစာအုပ် ) တို့ လိုအပ်မှာဖြစ်ပြီး ထိုင်းနိုင်ငံ ဗီဇာလျှောက်ထားဖူးသူများ အနေဖြင့် ပိုင်ဆိုင်မှု အထောက်အထားများကို ပြရန် မလိုကြောင်း နှင့် ထိုသို့ လျှောက်ထားရာမှာလည်း မိမိနိုင်ငံကူးစာအုပ်၏ သက်တမ်းမှာ အနည်းဆုံး ၆ လ ကျန်ရှိရမှာဖြစ်ကြောင်း သိရသည်။
"တာချီလိတ်ကနေ ဗီဇာလျှောက်ထားလာသူတွေရဲ့ အချက်အလက်တွေကို ရန်ကုန်ရုံးချုပ်ကို စနေနေ့တိုင်းပို့ပေးပြီး အဲ့ဒီကတဆင့် ဆောင်ရွက်ပေးပါတယ်၊ ကြာချိန်ကတော့ ၁ပတ်လောက်ပဲ ကြာမှာပါ"ဟု ဆ၀ပ်ဒီ ဟောလီးဒေ ခရီးသွားလာရေး ကုမ္ပဏီလီမီတက်မှ တာဝန်ရှိသူတစ်ဦးက
တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။
"ထိုင်းဗီဇာလျှောက်သူတွေအနေနဲ့ တခါတည်း ပူးတွဲဖော်ပြရာမှာကတော့ ထိုင်းရောက်ရင် နေထိုင်မဲ့ လိပ်စာပါ၊ အသိမိတ်ဆွေအိမ်မှာ နေမယ်ဆိုရင် အသိမိတ်ဆွေရဲ့ ထောက်ခံချက်လိုပါတယ်၊ အဲ့လိုမှ မဟုတ်ပဲ ဟိုတယ်မှာ တည်းမယ်ဆိုရင် ဟိုတယ်မှာ အခန်းဖွင့်ထားကြောင်း ဆိုတဲ့ အထောက်အထားလိုပါတယ်၊ ဟိုတယ် ကိစ္စကိုတော့ နားမလည်ရင် ကျွန်တော်တို့ ကုမ္ပဏီက ဆောင်ရွက်ပေးပါတယ်"ဟု ၎င်းမှ ဆက်လက်ရှင်းပြသည်။
"အခုလို တာချီလိတ်ကနေ ခရီးသွားလာရေး ကုမ္ပဏီတွေ အနေနဲ့ ဆောင်ရွက်ပေးမယ်ဆိုတော့ အဆင်ပြေတာပေါ့၊ ရန်ကုန်ကို သွားဖို့လည်း သက်သာသွားမယ်၊ ကုန်ကျငွေလည်း သက်သာသွားမယ်၊ ဗီဇာရဖို့ ရန်ကုန်ကို ကိုယ်တိုင်သွားရမယ်ဆိုရင် မလွယ်ဘူးဗျာ၊ လေယာဉ်ခတွေနဲ့ နေဖို့၊ စားဖို့၊ သွားလာဖို့တွေနဲ့ စရိတ်က တော်တော်ကြီးတယ်ဗျ"ဟု ဒေသခံ ရှမ်းအမျိုးသားတစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောကြားလာသည်။
ထိုင်းဗီဇာကိစ္စနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းနိုင်ရန် -
ဆ၀ပ်ဒီ ဟောလီးဒေး ခရီးသွားလာရေး ကုမ္ပဏီ လီမိတက်
Sawadee Holiday Travels & Tours Co.Ltd
မြန်မာဖုန်း၊ 084-52285 , 09-5240102
ထိုင်းဖုန်း၊ 0916277907 , 0911400006
ဗိုလ်ချုပ်လမ်း၊ စီဘီ ဘဏ်အနီး၊ ၀မ်ကောင်းရပ်ကွက်၊ တာချီလိတ်မြို့
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/
Email: [email protected]
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬