ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ တာချီလိတ်မြို့နယ် လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးစခန်းတွင် ကျပ်(၁၅)သိန်းခန့် တန်ဖိုးရှိသည့် ဘိန်းစိမ်းများကို တရားခံ (၄)ဦးနှင့်အတူ ဇွန်လ(၁၄)ရက် ညနေ(၅)နာရီအချိန်ခန့်က မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀) တာချီလိတ်မှ ရဲအုပ် ကျော်စွာထွန်း ဦးစီးသည့် ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရရှိကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် တာချီလိတ်မြို့ လွယ်တော်ခမ်း ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ယာဉ်သွား၊ ယာဉ်လာများအား ရပ်တန့်ရှာဖွေ စစ်ဆေးမှုများပြုလုပ်နေစဉ် မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ အားမြှာ မောင်းနှင်ပြီး စသိန်း၊ ယားပါ နှင့် အေးစော တို့ လိုက်ပါစီးနင်းလာသည့် ကားအား မသင်္ကာ၍ ရပ်တန့်ရှာဖွေ စစ်ဆေးရာ မော်တော်ယာဉ်ထိုင်ခုံ အနောက်ဝဲဘက် တူးဘောက်အတွင်း မှ ပလပ်စတစ်ဖြင့် ထုပ်ထားသည့် ဘိန်းစိမ်းအလေးချိန် (၁.၅)ကီလိုကို ရှာဖွေတွေ့ရှိရာ အဆိုပါ ဘိန်းစိမ်းများ၏ ကာလတန်ဖိုးငွေမှာ ကျပ်(၁၅)သိန်းခန့် တန်ဖိုးရှိကြောင်း သိရှိရသည်။
ဆက်လက်၍ ဘိန်းစိမ်းများနှင့်အတူ ဖမ်းဆီးရမိသည့် အဆိုပါ တရားခံ(၄)ဦးအား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၈၉/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁အရ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။