တာချီလိတ်မြို့ရှိ မြန်မာနိုင်ငံသားများအနေဖြင့် လက်ရှိ ထိုင်းနိုင်ငံ ချင်းရိုင်းမြို့တွင် ကျင်းပနေလျက်ရှိသော ဒဿမအကြိမ်မြောက် မဲခေါင်မြစ်ဝှမ်း(၆)နိုင်ငံ အားကစားပွဲတွင် မြန်မာ နှင့် ဗီယက်နမ် ဆီမီးဖိုင်နယ် ဘောလုံးပြိုင်ပွဲကို ၂.၉.၂၀၁၄ မြန်မာစံတော်ချိန် နေ့လည်(၁)နာရီတိတိတွင် ယှဉ်ပြိုင်ကြမည်ဖြစ်ရာ သွားရောက်အားပေးလိုသူများအတွက် တာချီလိတ်မြို့ရှိ တာဝန်ရှိသူများမှ အခမဲ့စီစဉ်ထားပါသည်။ ယခုလို စီစဉ်ပေးသည့် အကြိမ်သည် ဒုတိယအကြိမ်ဖြစ်ပါသည်။
သွားရောက် အားပေးလိုသူများအနေဖြင့် ၂.၉.၂၀၁၄ နံနက်(၉)နာရီတိတိ တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ လာရောက်၍ အမည်စာရင်းပေးရမှာဖြစ်ပါသည်။ လူဦးရေ အယောက် (၉၀)တိတိ သတ်မှတ်ထားသည့်အတွက် ဦးရာလူစနစ် အခမဲ့ လိုက်ပါခွင့်ပြုမည် ဖြစ်ပါသောကြောင့် မည်သူမဆို လိုက်ပါနိုင်ရန် အမြန်ဆုံးစာရင်းပေးသွင်းဖို့လိုပါသည်။
ဘောလုံးပွဲ ပြီးပါက ချက်ခြင်း တာချီလိတ်သို့ ပြန်လာမည်ဖြစ်ပါသည်။ သွားရောက်ကြည့်ရှု အားပေးနိုင်ရန်အတွက် လိုက်ပါမည့်သူ၏ အမည်စာရင်းအား တာချီလိတ်မြို့နယ်ထွေ/အုပ်ရုံးတွင် ပေးသွင်းရပါမည်။
နောက်ဆုံး စာရင်းပေးချိန်။ ။ ၂.၉.၂၀၁၄၊ နံနက် (၉)နာရီ တာချီလိတ်မြို့နယ်ထွေ/အုပ်ရုံး။