ယခု ဖော်ပြပါ စာသားများသည် တရားဝင် ခွင့်ပြုမိန့်ရရှိထားသော ကြွေးကြော်သံများဖြစ်ပြီး ဒီဇင်ဘာလ (၂၆)ရက် နေ့ နံနက်(၁၀)နာရီတွင် တာချီလိတ်ဒေသခံများမှ ဆန္ဒထုတ်ဖော်ရာ၌ ကြွေးကြော်မည့် ကြွေးကြော်သံ(၂)ခုဖြစ်သည်။
ဒီဇင်ဘာလ (၂၆)ရက်နေ့တွင် နံနက်(၉)နာရီခွဲ၌ ရှမ်းရိုးမကွင်းတွင် စုစည်းပြီး (၁၀)နာရီအချိန်မှာ ရှမ်းရိုးမကွင်းမှ ဗိုလ်ချုပ်လမ်းမတစ်လျှောက် ချစ်ကြည်ရေး အမှတ်(၁)တံတား အလယ်ထိ သွားရောက်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှာဖြစ်သည့်အတွက် ပါဝင်လိုသူများ အနေဖြင့် စည်းကမ်းရှိဖို့လိုမှာဖြစ်ကြောင်း ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မည့် ဦးဆောင်သူများက အသိပေးထားသည်။
ဆန္ဒထုတ်ဖော်ရာ၌ အသုံးပြုမည့် ထိုင်းဘုရင်ပုံပါ ပိုစတာများကိုလည်း စည်းကမ်းရှိစွာ ကိုင်တွယ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ရန်လည်း လိုအပ်မှာဖြစ်ပါသည်။
မြန်မာနိုင်ငံ တာချီလိတ်ဒေသခံများ၏ ဆန္ဒထုတ်ဖော်မှုများကို ထိုင်းရုပ်သံမီဒီယာများမှလည်း လာရောက်၍ သတင်းယူမှာ ဖြစ်သည့် အတွက် ဆန္ဒထုတ်ဖော်ရာ၌ စည်းကမ်းရှိကြဖို့ လိုပါကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မည့် ဦးဆောင်သူများက ထပ်လောင်းဆော်သြထားရှိသည်။