ကား

ကား
ဒီဇင်ဘာ 29, 2015
By Tachileik News Agency

ရှမ်းတောင်တွင် လိုင်စင်မဲ့ကားများ ဖမ်းဆီးမည်ဟု သတင်းများထွက်ပေါ်နေခြင်းကြောင်း ဈေးကွက်အတွင်း အရောင်းအ၀ယ်အေးလျှက်ရှိကြောင်း ၀ယ်ရောင်းလုပ်သူများထံမှသိရသည်။
"တောင်ကြီးမှာ ဖမ်းမယ်၊ ဆီးမယ်ကြားလို့ အရောင်းအ၀ယ်တွေအေးသွားတယ်ဗျ၊ ဒီလထဲ (၂)စီးလောက်ဘဲရောင်းရတယ်၊ အိမ်သုံးကားတွေပါ Honda Fit, တွေလောက်ဘဲဖြစ်တာ ဒေသခံတွေက ကြောက်နေကြတယ် မ၀ယ်ကြတော့ဘူး"ဟု ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်ဆန်မြို့ရှိ ၀ယ်ရောင်းလုပ်သူ စိုင်းထွန်းညွှန့်မှပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်းတွင် မြ၀တီ-မဲဆောက်ဘက်မှ ၀င်ရောက်သော ကားများ များပြားကြောင်း တာချီလိတ်မှ ၀ယ်ယူသည့်ကားများမှာ မယ်ဆိုင်မြို့တွင် အခွန်ဈေးနှုန်းကြီးသဖြင့် ကားဈေးနှုန်းမှာလဲ ကြီးသဖြင့် ရှမ်းတောင်မှ ၀ယ်ယူမှုနည်းပါးကြောင်း သိရသည်။

"တာချီလိတ်ကကားတွေက ဂျပန်ကမှာတာများပါတယ်၊ ထိုင်းကားတွေက အခွန်ဈေးနှုန်းများတာနဲ့ ထိုင်းလူမျိုးကိုဘဲရောင်းတာကြောင့် ဈေးကြီးတယ်၊ ဒါကြောင့် ဒေသခံတွေ ထိုင်းကားကို သိပ်ပြီး မစီးကြဘူး"ဟု တာချီလိတ် ၀ယ်ရောင်းဈေးကွက်အတွင်းမှ ကိုနေမျိုးပြောသည်။

၎င်းမှ ဆက်လက်၍ ထိုင်းနိုင်ငံသားများမှာ ဂျပန်နိုင်ငံမှ တင်သွင်းသည့်ကားများ စီးနင်းမှု မရှိကြောင်း ထိုင်းနိုင်ငံသားများစီးလိုလျှင် ကား၏တန်ဖိုးထက် အခွန်တန်ဖိုးများသဖြင့် စီးနင်းမှုမရှိကြောင်း ထိုင်းနိုင်ငံထုတ်ကားများမှာ ထိုင်းနိုင်ငံသားများ အနေနှင့် အရစ်ကျ ၀ယ်ယူစီးနင်းနိုင်ကြောင်း မြန်မာနိုင်ငံသို့ ရောင်းချမည်ဆိုပါက အခွန်ပေးဆောင်ပြီးကြောင်းနှင့် တန်ဖိုးပေးသွင်းပြီးကြောင်း စာရွက်စာတမ်းပြသနိုင်မှသာ ထိုင်း အခွန်ဦးစီးဌာနမှ ရောင်းချခွင့်ပေးကြာင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net