Mobile Team မ်ားကို ဒီဇင္ဘာလ ၃၀ ရက္ ညေန ၄ နာရီတြင္ စတင္ဖ်က္သိမ္း

Mobile Team မ်ားကို ဒီဇင္ဘာလ ၃၀ ရက္ ညေန ၄ နာရီတြင္ စတင္ဖ်က္သိမ္း
ဒီဇင်ဘာ 30, 2015
By Tachileik News Agency

စားသံုးသူ အကာအကြယ္ေပးေရးနွင့္ တရားမဝင္ကုန္သြယ္မႈ တားဆီး ထိန္းခ်ဳပ္ေရးအဖဲြ႕(Mobile Team) အားလံုးကို ၂၀၁၅ခုႏွစ္ ဒီဇင္ဘာလ ၃၀ ရက္ေန႔တြင္ ႏိုင္ငံေတာ္သမၼတအမိန္႔ျဖင့္ ဖ်က္သိမ္းလိုက္ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက ယေန႔ထုတ္ျပန္လိုက္သည္။

"နယ္စပ္ေတြမွာ ေတာ္ေတာ္ေလးရွဳပ္ေနေတာ့ အဲ့လုိေၾကာင့္လို႔ ထင္တာပဲ.."ဟု စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနမွ အႀကံေပး ေဒါက္တာေမာင္ေအာင္က ဆိုသည္။

အဆိုပါထုတ္ျပန္ခ်က္ေၾကာင့္ နယ္စပ္မ်ားမွ တင္သြင္းသည့္ ကုန္ပစၥည္းမ်ား၏ ေစ်းႏႈန္း အေျပာင္းအလဲ ျဖစ္ႏိုင္သည္ဟု ကုန္သည္မ်ားက ခန္႔မွန္းလိုက္သည္။

"Mobile Team ဖ်က္သိမ္းလိုက္ရင္ေတာ့ လက္ရိွ နယ္စပ္က သြင္းေနတဲ့ ကုန္ပစၥည္းေတြ ေစ်းႏႈန္း အေျပာင္းအလဲျဖစ္လာမယ္ ထင္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ အရင္က ဒီအဖြဲ႕ေတြက စိစစ္ေတာ့ ဂ်ဴတီေဆာင္တဲ့ ကုန္သည္ေတြေလာက္သာ နယ္စပ္ကေန ပစၥည္းသြင္းႏိုင္ေတာ့ ေစ်းျမင့္တယ္။ အခုလိုဆိုေတာ့ ပစၥည္းအေတာ္မ်ားမ်ား ေစ်းသက္သာလာမယ္ထင္တယ္..”ဟု ျမန္မာ - ထိုင္းနယ္စပ္ ျမဝတီၿမိဳ႕မွ ကုန္သည္တစ္ဦးျဖစ္သူ ဦးေက်ာ္က ဆိုသည္။

"Mobile Team ရွိေတာ့ ကုန္ပစၥည္းေတြ စီးဆင္းမႈက ထင္သေလာက္ မျဖစ္လာခဲ့ဘူး၊ အခု Mobile Team ကို တစ္ႏိုင္ငံလံုး ဖ်က္သိမ္းလိုက္ၿပီဆိုေတာ့ ကုန္စည္စီးဆင္းမႈဟာ ေျပာင္းလဲလာႏိုင္ပါတယ္"ဟု တာခ်ီလိတ္မွ ကုန္သည္တစ္ဦးျဖစ္သူ မခ်ဳိက ဆိုသည္။

ႏိုင္ငံေတာ္သမၼတရံုး၏ ၂၀၁၅ ခုႏွစ္ ဒီဇင္ဘာလ ၃၀ရက္ ရက္စြဲပါ အမိန္႔ ေၾကာ္ျငာစာအမွတ္ ၇၉/ ၂၀၁၅ ျဖင့္ ထုတ္ျပန္သည့္ ညႊန္ၾကားစာတြင္ ႏို္င္ငံေတာ္သမၼတရံုး၏ ၂၀၁၂ ခုႏွစ္ ဒီဇင္ဘာလ ၁၂ရက္ ရက္စြဲပါ အမိန္႔ေၾကာ္ျငာစာ အမွတ္ ၉၇/၂၀၁၂ ျဖင့္ ဖြဲ႕စည္းခဲ့သည့္ တရားမဝင္ကုန္သြယ္မႈ တားဆီးထိန္းခ်ဳပ္ေရး ဗဟိုေကာ္မတီအား ၂၀၁၅ ခုႏွစ္ ဒီဇင္ဘာလ ၃၀ရက္ေန႔မွ စ၍ ဖ်က္သိမ္းေၾကာင္း ထုတ္ျပန္ေၾကညာ လိုက္ျခင္းျဖစ္သည္။

အဆိုပါထုတ္ျပန္ခ်က္အရ Moblie Team မ်ား၏ ေဆာင္ရြက္မႈလုပ္ငန္းမ်ားအား ၂၀၁၅ ခုႏွစ္ ဒီဇင္ဘာလ ၃၀ရက္ေန႔  ညေန ၄ နာရီမွစ၍ ရပ္ဆိုင္းၿပီး အဖြဲ႕အားလံုး ဖ်က္သိမ္းရန္ ညႊန္ၾကားထားသည္ကို ေတြ႕ရသည္။

******************

( unicode )

စားသုံးသူ အကာအကွယ်ပေးရေးနှင့် တရားမဝင်ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေးအဖွဲ့(Mobile Team) အားလုံးကို ၂၀၁၅ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် နိုင်ငံတော်သမ္မတအမိန့်ဖြင့် ဖျက်သိမ်းလိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်လိုက်သည်။

"နယ်စပ်တွေမှာ တော်တော်လေးရှုပ်နေတော့ အဲ့လိုကြောင့်လို့ ထင်တာပဲ.."ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အကြံပေး ဒေါက်တာမောင်အောင်က ဆိုသည်။

အဆိုပါထုတ်ပြန်ချက်ကြောင့် နယ်စပ်များမှ တင်သွင်းသည့် ကုန်ပစ္စည်းများ၏ ဈေးနှုန်း အပြောင်းအလဲ ဖြစ်နိုင်သည်ဟု ကုန်သည်များက ခန့်မှန်းလိုက်သည်။

"Mobile Team ဖျက်လိုက်ရင်တော့ လက်ရှိ နယ်စပ်က သွင်းနေတဲ့ ကုန်ပစ္စည်းတွေ ဈေးနှုန်း အပြောင်းအလဲဖြစ်လာမယ် ထင်တယ်။ ဘာကြောင့်လဲဆိုတော့ အရင်က ဒီအဖွဲ့တွေက စိစစ်တော့ ဂျူတီဆောင်တဲ့ ကုန်သည်တွေလောက် နယ်စပ်ကနေ ပစ္စည်းသွင်းနိုင်တော့ ဈေးမြင့်တယ်။ အခုလိုဆိုတော့ ပစ္စည်းအတော်များများ ဈေးသက်သာလာမယ်ထင်တယ်..”ဟု မြန်မာ - ထိုင်းနယ်စပ် မြဝတီမြို့မှ ကုန်သည်တစ်ဦးဖြစ်သူ ဦးကျော်က ဆိုသည်။

"Mobile Team ရှိတော့ ကုန်ပစ္စည်းတွေ စီးဆင်းမှုက ထင်သလောက် မဖြစ်လာခဲ့ဘူး၊ အခု Mobile Team ကို တစ်နိုင်ငံလုံး ဖျက်သိမ်းလိုက်ပြီဆိုတော့ ကုန်စည်စီးဆင်းမှုဟာ ပြောင်းလဲလာနိုင်ပါတယ်"ဟု တာချီလိတ်မှ ကုန်သည်တစ်ဦးဖြစ်သူ မချိုက ဆိုသည်။

နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်စွဲပါ အမိန့်ကြငြောစာအမှတ် ၇၉/ ၂၀၁၅ ဖြင့် ထုတ်ပြန်သည့် ညွှန်ကြားစာတွင် နို်င်ငံတော်သမ္မတရုံး၏ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်စွဲ အမိန့်ကြငြောစာ အမှတ် ၉၇/၂၀၁၂ ဖြင့် ဖွဲ့စည်းခဲ့သည့် တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီအား ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့မှစ၍ ဖျက်သိမ်းကြောင်း ထုတ်ပြန်ကြေညာ လိုက်ခြင်းဖြစ်သည်။

အဆိုပါထုတ်ပြန်ချက်အရ Moblie Team များ၏ ဆောင်ရွက်မှုလုပ်ငန်းများအား ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေ ၄ နာရီမှစ၍ ရပ်ဆိုင်းပြီး အဖွဲ့အားလုံး ဖျက်သိမ်းရန် ညွှန်ကြားထားသည်ကို တွေ့ရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~