တာခ်ီလိတ္ၿမိဳ႕တြင္ ေမာ္ေတာ္ယာဥ္ ဥပေဒသစ္ျဖင့္ အေရးယူသည့္ ႏွစ္ရက္အတြင္း ဆိုင္ကယ္ ၄၉ စီးဖမ္းဆီးမိ

တာခ်ီလိတ္ၿမိဳ႕တြင္ ေမာ္ေတာ္ယာဥ္ ဥပေဒသစ္ျဖင့္ အေရးယူသည့္ ႏွစ္ရက္အတြင္း ဆိုင္ကယ္ ၄၉ စီးဖမ္းဆီးမိ
ဇန်နဝါရီ 3, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၅ ေမာ္ေတာ္ယာဥ္ ဥပေဒျဖင့္ စည္းကမ္းမဲ့ ယာဥ္ မ်ားအား စတင္ ဖမ္းဆီး အေရးယူေဆာင္ရြက္ေနသည့္ ႏွစ္ရက္အတြင္း ဖမ္းဆီးရမိသည့္ စည္းကမ္းပ်က္ဆိုင္ကယ္ မ်ားမွာ ၄၉ စီး ရွိၿပီ ျဖစ္ေၾကာင္း သိရသည္။

ယာဥ္ထိန္းရဲတပ္ဖြဲ႕ အပါအဝင္ ယာဥ္စည္းကမ္း ထိန္းသိမ္းေရး ပူးေပါင္းအဖြဲ႔က ၂၀၁၆ခုႏွစ္ ဇန္န၀ါရီလ(၂)ရက္ေန႔မွ စတင္ ဖမ္းဆီးေနျခင္းျဖစ္သည္။

"အခုလို ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္း ၾကပ္မတ္တာ ေကာင္းပါတယ္၊ ေန႔စဥ္ အဆက္မျပတ္ လုပ္ႏိုင္ရင္ ေကာင္းပါတယ္၊ ခဏပဲ လုပ္ၿပီး နားလိုက္ရင္ေတာ့ ဘာမွ ထူးမွာ မဟုတ္ေလာက္ဘူး၊ ေရရွည္ လုပ္ေစခ်င္ပါတယ္.."ဟု ေက်ာင္းသား မိဘတစ္ဦးျဖစ္သူ ေဒၚမီးမီးက ဆိုသည္။

"အခုလို ယာဥ္ထိန္းရဲက စည္းကမ္းပ်က္ ယာဥ္ေတြကို စစ္ေဆး အေရးယူတဲ့ အခါမွာ ၀န္ထမ္းေတြ ျဖစ္လို႔၊ လူႀကီးေတြနဲ႔ ရင္းႏွီးလို႔ဆိုၿပီး လႊတ္ေပးတာမ်ဳိးလည္း မရွိေစခ်င္သလို မျဖစ္ေစခ်င္ဘူး၊ တေျပးညီပဲ ျဖစ္ေစခ်င္ပါတယ္၊ ဘက္မလိုက္ေစခ်င္တဲ့ သေဘာေပါ့..."ဟု ေဒသခံ ကိုစိုင္းမိုးက အႀကံျပဳေျပာဆိုသည္။

ေမာ္ေတာ္ယာဥ္ဥပေဒသစ္ျဖင့္ အေရးယူႏိုင္ေရးအတြက္ တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၅ ခုႏွစ္ ဒီဇင္ဘာလအတြင္းက ဆိုင္ကယ္စီးဦးထုပ္ အခမဲ့ေ၀ေပးျခင္း၊ အသိပညာေပးျခင္း၊ ပညာေပး ဆိုင္းဘုတ္ ေထာင္ျခင္းတို႔ျဖင့္ ပညာေပးကာလကို ေဆာင္ရြက္ခဲ့ၿပီးေနာက္ ၂၀၁၆ ခုႏွစ္ ဇန္န၀ါရီလမွ စတင္၍ အေရးယူေဆာင္ရြက္ေနျခင္းျဖစ္သည္။

"ယာဥ္/လမ္း စည္းကမ္းနဲ႔ ပတ္သက္ၿပီး မီးပြိဳင့္မွာ မီးနီေနတာကို ေမာင္းသြားတာတို႔၊ မီးနီခ်ိန္မွာ အေကြ႕မွားတာတို႔ ဆိုရင္လည္း အေရးယူပါတယ္၊ ဘာျဖစ္လို႔လည္းဆိုေတာ့ ဒီလို အခ်ိန္မွာ ယာဥ္မေတာ္တဆ တိုက္မႈေတြ ျဖစ္တတ္လို႔ပါ၊ ေနာက္ၿပီး အဓိက ကေတာ့ ဆိုင္ကယ္စီး ဦးထုပ္ေဆာင္းဖို႔နဲ႔ ေမးသိုင္းႀကိဳးတပ္ဖို႔ေတြလိုပါတယ္..."ဟု တာခ်ီလိတ္ျမိဳ႕ ယာဥ္ထိန္းရဲတပ္ဖြဲ႕မွ တာဝန္ရိွသူတစ္ဦးက ဆိုသည္။

အဆိုပါပူးေပါင္းအဖြဲ႕တြင္ ယာဥ္ထိန္းရဲတပ္ဖြဲ႕၊ ပို႔/ဆက္ဌာန၊ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာန၊ ေမာ္ေတာ္ယာဥ္လိုင္းေပါင္းစံု ထိန္းသိမ္းေရးဦးစီးဌာန၊ မီးသတ္ဌာနတို႔ ပါဝင္ၿပီး ေမာ္ေတာ္ယာဥ္မ်ား စည္းကမ္းခ်က္မ်ားႏွင့္ ကိုက္ညီမႈ ရိွ မရိွ စစ္ေဆးေနျခင္းျဖစ္သည္။

စိစစ္မႈ စတင္ေဆာင္ရြက္သည့္ ဇန္နဝါရီလ ၂ ရက္ေန႔တြင္ ဖမ္းဆီးရမိသည့္ဆိုင္ကယ္မ်ားမွာ ဆိုင္ကယ္စီး ဦးထုပ္မေဆာင္းျခင္း အပါအ၀င္ စည္းကမ္းပ်က္ ဆိုင္ကယ္ (၁၅)စီး၊ ယာဥ္ေမာင္း လိုင္စင္/ယာဥ္ လိုင္စင္ မပါသည့္ ေမာ္ေတာ္ယာဥ္ (၇)စီးႏွင့္ ယာဥ္ေမာင္းလိုင္စင္ မပါသည့္ သံုးဘီးဆိုင္ကယ္ (၁)စီး စုစုေပါင္း (၂၃)စီးျဖစ္ရာ အမ်ဳိးသား(၁၇)ဦး ႏွင့္ အမ်ဳိးသမီး (၆)ဦးပါ၀င္ေၾကာင္း သိရၿပီး ဇန္နဝါရီလ ၃ ရက္ေန႔တြင္ စည္းကမ္းပ်က္ဆိုင္ကယ္ (၂၆) စီး၊ အမ်ိဳးသား (၂၁) ဦး၊ အမ်ိဳးသမီး (၅) ဦးတို႔အား ဖမ္းဆီးရမိ ျခင္းျဖစ္ေၾကာင္း သိရသည္။

*******************

( unicode )

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ၂၀၁၅ မော်တော်ယာဉ် ဥပဒဖြေင့် စည်းကမ်းမဲ့ ယာဉ် များအား စတင် ဖမ်းဆီး အရေးယူဆောင်ရွက်နေသည့် နှစ်ရက်အတွင်း ဖမ်းဆီးရမိသည့် စည်းကမ်းပျက်ဆိုင်ကယ် များမှာ ၄၉ စီး ရှိပြီ ဖြစ်ကြောင်း သိရသည်။

ယာဉ်ထိန်းရဲတပ်ဖွဲ့ အပါအဝင် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ပူးပေါင်းအဖွဲ့က ၂၀၁၆ခုနှစ် ဇန်နဝါရီလ(၂)ရက်နေ့မှ စတင် ဖမ်းဆီးနခြေင်းဖြစ်သည်။

"အခုလို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကြပ်မတ်တာ ကောင်းပါတယ်၊ နေ့စဉ် အဆက်မပြတ် လုပ်နိုင်ရင် ကောင်းပါတယ်၊ ခဏပဲ လုပ်ပြီး နားလိုက်ရင်တော့ ဘာမှ ထူးမှာ မဟုတ်လောက်ဘူး၊ ရေရှည် လုပ်စေချင်ပါတယ်.."ဟု ကျောင်းသား မိဘတစ်ဦးဖြစ်သူ ဒေါ်မီးမီးက ဆိုသည်။

"အခုလို ယာဉ်ထိန်းရဲက စည်းကမ်းပျက် ယာဉ်တွေကို စစ်ဆေး အရေးယူတဲ့ အခါမှာ ဝန်ထမ်းတွေ ဖြစ်လို့၊ လူကြီးတွေနဲ့ ရင်းနှီးလို့ဆိုပြီး လွှတ်ပေးတာမျိုးလည်း မရှိစေချင်သလို မဖြစ်စေချင်ဘူး၊ တပြေးညီပဲ ဖြစ်စေချင်ပါတယ်၊ ဘက်မလိုက်စေချင်တဲ့ သဘောပေါ့..."ဟု ဒေသခံ ကိုစိုင်းမိုးက အကြံပြုပြောဆိုသည်။

မော်တော်ယာဉ်ဥပဒေသစ်ဖြင့် အရေးယူနိုင်ရေးအတွက် တာချီလိတ်မြို့တွင် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်းက ဆိုင်ကယ်စီးဦးထုပ် အခမေဲ့ဝပေးခြင်း၊ အသိပညာပေးခြင်း၊ ပညာပေး ဆိုင်းဘုတ် ထောင်ခြင်းတို့ဖြင့် ပညာပေးကာလကို ဆောင်ရွက်ခဲ့ပြီးနောက် ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ စတင်၍ အရေးယူဆောင်ရွက်နခြေင်းဖြစ်သည်။

"ယာဉ်/လမ်း စည်းကမ်းနဲ့ ပတ်သက်ပြီး မီးပွိုင့်မှာ မီးနီနေတာကို မောင်းသွားတာတို့၊ မီးနီချိန်မှာ အကွေ့မှားတာတို့ ဆိုရင်လည်း အရေးယူပါတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ ဒီလို အချိန်မှာ ယာဉ်မတော်တဆ တိုက်မှုတွေ ဖြစ်တတ်လို့ပါ၊ နောက်ပြီး အဓိက ကတော့ ဆိုင်ကယ်စီး ဦးထုပ်ဆောင်းဖို့နဲ့ မေးသိုင်းကြိုးတပ်ဖို့တွေလိုပါတယ်..."ဟု တာချီလိတ်မြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါပူးပေါင်းအဖွဲ့တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ပို့/ဆက်ဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးဦးစီးဌာန၊ မီးသတ်ဌာနတို့ ပါဝင်ပြီး မော်တော်ယာဉ်များ စည်းကမ်းချက်များနှင့် ကိုက်ညီမှု ရှိ မရှိ စစ်ဆေးနခြေင်းဖြစ်သည်။

စိစစ်မှု စတင်ဆောင်ရွက်သည့် ဇန်နဝါရီလ ၂ ရက်နေ့တွင် ဖမ်းဆီးရမိသည့်ဆိုင်ကယ်များမှာ ဆိုင်ကယ်စီး ဦးထုပ်မဆောင်းခြင်း အပါအဝင် စည်းကမ်းပျက် ဆိုင်ကယ် (၁၅)စီး၊ ယာဉ်မောင်း လိုင်စင်/ယာဉ် လိုင်စင် မပါသည့် မော်တော်ယာဉ် (၇)စီးနှင့် ယာဉ်မောင်းလိုင်စင် မပါသည့် သုံးဘီးဆိုင်ကယ် (၁)စီး စုစုပေါင်း (၂၃)စီးဖြစ်ရာ အမျိုးသား(၁၇)ဦး နှင့် အမျိုးသမီး (၆)ဦးပါဝင်ကြောင်း သိရပြီး ဇန်နဝါရီလ ၃ ရက်နေ့တွင် စည်းကမ်းပျက်ဆိုင်ကယ် (၂၆) စီး၊ အမျိုးသား (၂၁) ဦး၊ အမျိုးသမီး (၅) ဦးတို့အား ဖမ်းဆီးရမိ ခြင်းဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~