ယနေ့ ၂၀၁၆ခုနှစ် ဇန်န၀ါရီလ(၄)ရက်တွင် ကျရောက်သော (၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်ခြင်းနှင့် နိုင်ငံတော်အလံအား အလေးပြုခြင်း အခမ်းအနားကို နံနက် (၄း၂၀)နာရီအချိန်က တာချီလိတ်မြို့နယ် ဘုရင့်နောင်ရင်ပြင်တွင် ကျင်းပပြုလုပ်ပြီး နံနက်(၇)နာရီ အချိန်တွင် ပြည်သူလူထုပါဝင်သည့် အဖွဲ့မှ စုပေါင်း အလေးပြုခြင်း အစီအစဉ်ကို ဆက်လက်၍ ကျင်းပပြုလုပ်ကြသည်။
အလေးပြုခြင်း အစီအစဉ်ပြီးသည့်နောက်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာ သရေစည်သူ၊ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန်ထံမှ ယနေ့ ၂၀၁၆ခုနှစ် ဇန်န၀ါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် လွတ်လပ်ရေးနေ့ သ၀ဏ်လွှာကို တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ဖတ်ကြားသည်။
ယင်းနောက် (၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အလေးပြုခြင်းအခမ်းအနားပြီးမြောက်စေခဲ့ကြပြီး အလေးပြုခြင်း နှင့် သ၀ဏ်လွှာဖတ်ကြားခြင်း အခမ်းအနားသို့ တက်ရောက်လာသူများအား တာချီလိတ်မြို့ ဗယ်လင်တိုင်း - ကဖေး နှင့် အအေး စားသောက်ဆိုင်မှ နံနက်ခင်း အစားအစာများဖြင့် ဒါနပြုကြောင်း သိရသည်။