ရွမ္းျပည္နယ္ အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ က်င္းပသည့္ (၆၈)ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔ အထိမ္းအမွတ္ အခမ္းအနား၌ ေဒသတြင္း အက်ိဳးျပဳလုပ္ငန္းမ်ား ေဆာင္ရြက္ခဲ့ၾကသည့္ လူမႈ အဖြဲ႕အစည္းမ်ားႏွင့္ တုိင္းရင္းသား ယဥ္ေက်းမႈအဖြဲ႕မ်ားအား ဂုဏ္ျပဳ လက္မွတ္ ၃၉ ခု ခ်ီးျမွႇင့္ လိုက္သည္။
"ေဒသအက်ဳိးျပဳတဲ့ လူမႈေရး အသင္းအဖြဲ႔ေတြ၊ အေထာက္အကူျပဳ အဖြဲ႔အစည္းေတြ နဲ႔ တုိင္းရင္းသား ယဥ္ေက်းမႈ အဖြဲ႔အစည္းေတြကိုေပါ့ ကိုယ္က်ဳိးထက္ အမ်ားအက်ဳိးကို ေရွ႕ရႈၿပီး ေဆာင္ရြက္ခဲ့ၾကတာ ျဖစ္တဲ့ အတြက္ ဒီေန႔ အခမ္းအနားမွာ ဂုဏ္ျပဳလက္မွတ္ (၃၉)ခုကို အသီးသီး ေပးအပ္ခ်ီးျမႇင့္တာပါ."ဟု ခရိုင္ စီမံခန္႔ခြဲမႈေကာ္မတီ၀င္ တစ္ဦးက ေျပာသည္။
(၆၈)ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔ အထိမ္းအမွတ္ ဂုဏ္ျပဳ ညစာ စားပြဲႏွင့္ ဆုေပးပြဲ အခမ္းအနားအား တာခ်ီလိတ္ၿမိဳ႕ရွိ "ဟိုတယ္ တာခ်ီလိတ္"တြင္ ဇန္န၀ါရီလ(၄)ရက္ ည(၆)နာရီ အခ်ိန္က က်င္းပရာ ေဒသအက်ဳိးျပဳ လူမႈအဖြဲ႕အစည္းမ်ားအား ဒုတိယေျမာက္ ႏွစ္အျဖစ္ ဂုဏ္ျပဳလက္မွတ္ ခ်ီးျမႇင့္ျခင္းအျပင္ လြတ္လပ္ေရးေန႔ အထိမ္းအမွတ္ ၿပိဳင္ပြဲမ်ားမွ ထူးခၽြန္ဆုရသူမ်ားကိုလည္း ဆုခ်ီးျမႇင့္ခဲ့ျခင္းျဖစ္သည္။
"လြတ္လပ္ေရးေန႔ အထိမ္းအမွတ္အျဖစ္ စာသင္ေက်ာင္းမွာ က်င္းပျပဳလုပ္ခ့ဲတဲ့ ကာတြန္း၊ ပန္းခ်ီ၊ ပိုစတာတို႔ စာစီစာကံုးတို႔မွာ ဆုရရွိသူမ်ားနဲ႔ အားကစားရံုထဲမွာ က်င္းပခဲဲ့တဲ့ အားကစား ၿပိဳင္ပြဲေတြထဲက ဆုရရွိသူေတြကို ဂုဏ္ျပဳ ညစာ စားပြဲမွာ တခါတည္း ဆုခ်ီးျမႇင့္တာပါ"ဟု ၎မွဆက္လက္ ေျပာျပသည္။
အဆိုပါ အခမ္းအနားသို႔ စစ္ဗ်ဴဟာအဖြဲ႔(အေျခခ်) တာခ်ီလိတ္ စစ္ဗ်ဴဟာမွဴး ဗိုလ္မွဴးႀကီး ေဇာ္မင္းထြန္း၊ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊႏွင့္ ဌာနဆုိင္ရာမ်ား၊ လူမႈေရးအသင္းအဖြဲ႔မ်ား၊ တိုင္းရင္းသားယဥ္ေက်းမႈအဖြဲ႕မ်ားႏွင့္ စီးပြားေရး လုပ္ငန္းရွင္မ်ားအျပင္ တာခ်ီလိတ္ၿမိဳ႕ႏွင့္ နယ္စပ္ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕မွ ဌာနဆိုင္ရာ ဧည့္သည္ေတာ္မ်ားလည္း တက္ေရာက္ခဲ့ၾကသည္။
ဓါတ္ပံု။ ။ ေဇာင္းညီ
ပံုမ်ားကိုၾကည့္ရန္
********************
( unicode )
ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ကျင်းပသည့် (၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား၌ ဒေသတွင်း အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည့် လူမှု အဖွဲ့အစည်းများနှင့် တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြု လက်မှတ် ၃၉ ခု ချီးမြှင့် လိုက်သည်။
"ဒေသအကျိုးပြုတဲ့ လူမှုရေး အသင်းအဖွဲ့တွေ၊ အထောက်အကူပြု အဖွဲ့အစည်းတွေ နဲ့ တိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့အစည်းတွေကိုပေါ့ ကိုယ်ကျိုးထက် အများအကျိုးကို ရှေ့ရှုပြီး ဆောင်ရွက်ခဲ့ကြတာ ဖြစ်တဲ့ အတွက် ဒီနေ့ အခမ်းအနားမှာ ဂုဏ်ပြုလက်မှတ် (၃၉)ခုကို အသီးသီး ပေးအပ်ချီးမြှင့်တာပါ."ဟု ခရိုင် စီမံခန့်ခွဲမှုကော်မတီဝင် တစ်ဦးက ပြောသည်။
(၆၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြု ညစာ စားပွဲနှင့် ဆုပေးပွဲ အခမ်းအနားအား တာချီလိတ်မြို့ရှိ "ဟိုတယ် တာချီလိတ်"တွင် ဇန်နဝါရီလ(၄)ရက် ည(၆)နာရီ အချိန်က ကျင်းပရာ ဒေသအကျိုးပြု လူမှုအဖွဲ့အစည်းများအား ဒုတိယမြောက် နှစ်အဖြစ် ဂုဏ်ပြုလက်မှတ် ချီးမြှင့်ခြင်းအပြင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲများမှ ထူးချွန်ဆုရသူများကိုလည်း ဆုချီးမြှင့်ခဲ့ခြင်းဖြစ်သည်။
"လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စာသင်ကျောင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကာတွန်း၊ ပန်းချီ၊ ပိုစတာတို့ စာစီစာကုံးတို့မှာ ဆုရရှိသူများနဲ့ အားကစားရုံထဲမှာ ကျင်းပခဲ့တဲ့ အားကစား ပြိုင်ပွဲတွေထဲက ဆုရရှိသူတွေကို ဂုဏ်ပြု ညစာ စားပွဲမှာ တခါတည်း ဆုချီးမြှင့်တာပါ"ဟု၎င်းမှဆက်လက် ပြောပြသည်။
အဆိုပါ အခမ်းအနားသို့ စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်မင်းထွန်း၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များနှင့် စီးပွားရေး လုပ်ငန်းရှင်များအပြင် တာချီလိတ်မြို့နှင့် နယ်စပ် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ ဌာနဆိုင်ရာ ဧည့်သည်တော်များလည်း တက်ရောက်ခဲ့ကြသည်။