ဗိုက်အောင့်အော့အန်ရာမှ ကပ်ပါးအမွှာကို တွေ့လိုက်ရတဲ့ အိန္ဒိယကလူငယ်လေး

ဗိုက်အောင့်အော့အန်ရာမှ ကပ်ပါးအမွှာကို တွေ့လိုက်ရတဲ့ အိန္ဒိယကလူငယ်လေး
ဇန်နဝါရီ 12, 2016
By Tachileik News Agency

....................

အိန္ဒိယနိုင်ငံမှ အသက်(၁၈)နှစ်အရွယ် နလင်ထာကုမန်ဆိုတဲ့ လူငယ်တစ်ဦး ဗိုက်နာပြီးအော့အန်ရာကနေ ကိုယ်အလေးချိန်လည်း တအားကျသွားသောကြောင့် အန်လားဟားပတ်မြို့က ဆဝါးလွပ်နားလားယန်း ဆေးရုံကို သွားပြရပါတယ်။
ဆေးရုံမှာ ဆရာဝန်က ဓါတ်မှန်ရိုက်ကြည့်တဲ့အခါမှာ သူ့ဗိုက်ထဲက (၂.၅)ကီလိုဂရမ်အလေးချိန်ရှိ အရိုးတုံး၊ ဆံပင်နဲ့ သွားတွေ တွေ့လိုက်ရပါတယ်။
ဒါတွေကို ခွဲစိတ်ထုတ်လိုက်တဲ့အခါမှာတော့ နလင်ထာဟာ Foetus in fetu ခေါ် "ကပ်ပါးအမြွှာ" ခန္ဓာကိုယ်ထဲ မြုပ်ဝင်နေတာကို ဆရာဝန်တွေ သိလိုက်ရပါတယ်။
"ကပ်ပါးအမွှာက မွေးကတည်းက သူရဲ့ခန္ဓာကိုယ်ထဲမှာ မှီခိုနေတာပါ။ သုံးနာရီကြာ ခွဲစိတ်ပြီး နောက်ဆုံးတော့ ကပ်ပါးအမွှာကို အောင်မြင်စွာ ခွဲထုတ်ပေးနိုင်ခဲ့ပါတယ်။ ပုံသဏ္ဌာန်မမှန်တဲ့ ဦးခေါင်းခွံ၊ ကျောရိုး၊ သွားနဲ့ ဆံပင်တွေ ရှိပါတယ်”လို့ ဆရာဝန်ကဆိုပါတယ်။
ကပ်ပါးအမွှာဟာ သားအိမ်ထဲကသန္ဓေလောင်းဖွံ့ဖြိုးမှု မူမမှန်တဲ့အခြေအနေမှာ ပုံမှန်အတိုင်း မဖွံ့ဖြိုးတဲ့ အမွှာတစ်ယောက်က နောက်အမွှာတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲကို ဝင်နေတာဖြစ်ပါတယ်။
ကပ်ပါးအမွှာဟာ တခြားခန္ဓာကိုယ်ထဲမှာ ကြီးထွားလာနေပြီး ဆံပင်ရှည်လာတာ၊ သွားတစ်ချောင်းချင်းစီ ပေါက်လာတာတွေ ဖြစ်လာတာပါ။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net