ရှမ်းပြည်နယ်အရှေ့ပိုင်း တာလေမြို့မှ ကျိုင်းလပ်မြို့ဘက်သို့
ရှမ်းပြည်နယ်အရှေ့ပိုင်း တာလေမြို့မှ ကျိုင်းလပ်မြို့ဘက်သို့
ဇနျနဝါရီ 13, 2016
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်း တာလေမြို့မှ ကျိုင်းလပ်မြို့ဘက်သို့ ကျပ်သိန်းပေါင်း နှစ်ထောင့်တစ်ရာကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား သယ်ဆောင်လာသော မော်တော်ယာဉ်နှစ်စီးကို ဇန်န၀ါရီ(၁၃)ရက်နေ့တွင် နမ့်ကိုင်းကျေးရွာ အနီး၌ ဖမ်းဆီးရမိကြောင်း တာချီလိတ် မူးယစ်ရဲတပ်ဖွဲ့မှ သိရသည်။
တာလေမြို့မှ ကျိုင်းလပ်မြို့ဘက်သို့ လူ(၂)ဦးမောင်းနှင်လာသော Vigo အမျိုးအစားယာဉ်အား ရပ်တန့်စစ်ဆေးရာမှ ယာဉ်မောင်းနှင့်အတူ ပါလာသူ(၂)ဦးလုံး ထွက်ပြေးတိမ်းရှောင်သွားရာ ယာဉ်၏ နောက်ခန်း အတွင်းမှ ကာလတန်ဖိုး ကျပ်သိန်းပေါင်း(၃၅၆.၂၅)သိန်းခန့်ရှိသည့် ကဖင်း(၁)အိတ်လျှင်(၂၅)ကီလိုပါသည့် ဆာလာအိတ်ဖြင့် (၁၉)အိတ်အား ရှာဖွေရရှိပြီး ထွက်ပြေးတိမ်းရှောင်သူ (၂)ဦးအား မိုင်းပါလျှိုးနယ်မြေ ရဲစခန်းတွင် မယ(ပ)၁/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၆(ခ)ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
*************
( unicode )
ရှမ်းပြည်နယ်အရှေ့ပိုင်း တာလမြေို့မှ ကျိုင်းလပ်မြို့ဘက်သို့ ကျပ်သိန်းပေါင်း နှစ်ထောင့်တစ်ရာကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား သယ်ဆောင်လာသော မော်တော်ယာဉ်နှစ်စီးကို ဇန်နဝါရီ(၁၃)ရက်နေ့တွင် နမ့်ကိုင်းကျေးရွာအနီး၌ ဖမ်းဆီးရမိကြောင်း တာချီလိတ် မူးယစ်ရဲတပ်ဖွဲ့မှ သိရသည်။
 "အခုမနက်မှာ ဖမ်းမိတာ စိတ်ကြွဆေးပြားနဲ့ ကဖင်းအိတ်တွေပါ။ ကားနှစ်စီးပါ။ အမှုကနှစ်မှု။ တာလမြေို့ကနေ ကျိုင်းလပ်ဘက်ကို သယ်တာ နမ့်ကိုင်းကျေးရွာနားမှာ ဖမ်းမိတာဖြစ်ပါတယ်"ဟု တာချီလိတ် မူးယစ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ပူးပေါင်း အဖွဲ့တို့သည် ၂၀၁၆ ခုနှစ် ဇန်နဝါရီလ(၁၃)ရက် နံနက် (၄)နာရီကျော်က မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသူများနှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်သည်။
တာလမြေို့မှ ကျိုင်းလပ်မြို့ဘက်သို့ လူ(၂)ဦးမောင်းနှင်လာသော Vigo အမျိုးအစားယာဉ်အား ရပ်တန့်စစ်ဆေးရာမှ ယာဉ်မောင်းနှင့်အတူ ပါလာသူ(၂)ဦးလုံး ထွက်ပြေးတိမ်းရှောင်သွားရာ ယာဉ်၏ နောက်ခန်း အတွင်းမှ ကာလတန်ဖိုး ကျပ်သိန်းပေါင်း(၃၅၆.၂၅)သိန်းခန့်ရှိသည့် ကဖင်း(၁)အိတ်လျှင်(၂၅)ကီလိုပါသည့် ဆာလာအိတ်ဖြင့် (၁၉)အိတ်အား ရှာဖွေရရှိပြီး ထွက်ပြေးတိမ်းရှောင်သူ (၂)ဦးအား မိုင်းပါလျှိုးနယ်မြေ ရဲစခန်းတွင် မယ(ပ)၁/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၆(ခ)ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ဆက်လက်၍ ပူးပေါင်းအဖွဲ့သည် နမ့်ကိုင်းရွာ၊ တပ်စခန်းကုန်းရှေ့တွင် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ရာ လူ(၃)ဦး မောင်းနှင် လိုက်ပါလာသည့် Pajero IO အမျိုးအစားယာဉ်အား မသင်္ကာ၍ ရပ်တန့်စစ်ဆေးရာမှ အဆိုပါ ကားအတွင်းမှ ကာလတန်ဖိုးငွေ ကျပ်သိန်းပေါင်း(၁၇၅၀)ရှိသည့် Wy စာတမ်းပါ စိတ်ကြွဆေးပြား အလုံးရေ ခုနှစ်သောင်းအား တွေ့ရှိရကြောင်း သိရသည်။
အဆိုပါ စိတ်ကြွဆေးပြားများ သယ်ဆောင်လာသော လော်ရှီး၊ လှဝင်းနှင့် ရှီးမွန်တို့ (၃)ဦးအား မိုင်းပါလျှိုး နယ်မြေရဲစခန်းတွင် မယ(ပ)၂/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း တာချီလိတ်မူးယစ်တပ်ဖွဲ့မှ သိရသည်။
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~