ကြတ္ခိုင္ၿမိဳ႕အနီး ကုန္တြဲကားတစ္စီး တိမ္းေမွာက္ေန၍ ေတာင္အတက္ အဆင္းလမ္းမ်ား ပိတ္ဆို႔မႈျဖစ္ေန

ကြတ္ခိုင္ၿမိဳ႕အနီး ကုန္တြဲကားတစ္စီး တိမ္းေမွာက္ေန၍ ေတာင္အတက္ အဆင္းလမ္းမ်ား ပိတ္ဆို႔မႈျဖစ္ေန
ဇန်နဝါရီ 13, 2016
By Tachileik News Agency
( ဓါတ္ပံု။  ။ Aung Myo Tun‎ )

ရွမ္းျပည္နယ္ ေျမာက္ပိုင္းေဒသ ကြတ္ခိုင္ၿမိဳ႕အနီး ရွဳခင္းသာတြင္ ကုန္တြဲကားတစ္စီး တိမ္းေမွာက္သျဖင့္ ကားလမ္းမ်ား ဇန္န၀ါရီလ(၁၃)ရက္ေန႔အထိ ပိတ္ေနေၾကာင္း ခရီးသြားသူမ်ားထံမွ သိရသည္။

"သံေဘာင္ေတြ တင္လာတဲ့ တြဲကားတစ္စီး ေမွာက္လို႔ လမ္းေတြပိတ္ေနတာ၊ အတက္ကားနဲ႔ အဆင္းကား ဆံုၿပီး လမ္းက ပိုပိတ္သြားတာ၊ (၂)နာရီေလာက္သြားရမယ့္ခရီးက အခုဆိုရင္ (၂၂)နာရီေလာက္ ၾကာေနတယ္..."ဟု မူဆယ္မွ ရန္ကုန္သို႔ ျပန္ဆင္းလာေသာ ခရီးသည္ ကိုေအာင္ေက်ာ္က ေျပာသည္။

ကားပိတ္ေနသည္မွာ ေတာလမ္းတြင္ျဖစ္သျဖင့္ အစားအေသာက္မ်ားမွာလည္း လြယ္ကူစြာ ၀ယ္ယူ၍ မရေၾကာင္း၊ ခရီးလမ္းတြင္ ကားမ်ားမွာ အတက္ကားႏွင့္ အဆင္းကား ထိပ္တိုက္ဆံုသျဖင့္ လမ္းေၾကာင္းမွာ ပို၍ ပိက္လာေၾကာင္း ၎မွ ဆိုသည္။

"လားရွိဳးတိုးဂိတ္မွာလည္း ကားေတြခဏ ပိတ္ထားတယ္ အဓိက ကေတာ့ လမ္းၾကာရွည္ မပိတ္ေအာင္လို႔ပါ၊ အခု ျပန္ဆင္းမယ့္ကားေတြ အျပည့္ဘဲ.."ဟု လားရွိဳးေဒသခံတစ္ဦးက ေျပာသည္။

ကြတ္ခိုင္ၿမိဳ႕အနီးရွိ ရႈခင္းသာတြင္ လမ္းပိတ္ေနသျဖင့္ မူဆယ္မွ လားရွိဳးႏွင့္ ကြမ္းလံု သြားမည့္ လမ္းေၾကာင္း(၂)ခုလံုးမွ ကုန္ကားမ်ားႏွင့္ ခရီးသည္မ်ား ပိတ္ဆို႔ေနျခင္းျဖစ္ေၾကာင္း သိရသည္။

*********************

( unicode )

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ ကွတ်ခိုင်မြို့အနီး ရှုခင်းသာတွင် ကုန်တွဲကားတစ်စီး တိမ်းမှောက်သဖြင့် ကားလမ်းများ ဇန်နဝါရီလ(၁၃)ရက်နေ့အထိ ပိတ်နေကြောင်း ခရီးသွားသူများထံမှ သိရသည်။

"သံဘောင်တွေ တင်လာတဲ့ တွဲကားတစ်စီး မှောက်လို့ လမ်းတွေပိတ်နေတာ၊ အတက်ကားနဲ့ အဆင်းကား ဆုံပြီး လမ်းက ပိုပိတ်သွားတာ၊ (၂)နာရီလောက်သွားရမယ့်ခရီးက အခုဆိုရင် (၂၂)နာရီလောက် ကြာနေတယ်..."ဟု မူဆယ်မှ ရန်ကုန်သို့ ပြန်ဆင်းလာသော ခရီးသည် ကိုအောင်ကျော်က ပြောသည်။

ကားပိတ်နေသည်မှာ တောလမ်းတွင်ဖြစ်သဖြင့် အစားအသောက်များမှာလည်း လွယ်ကူစွာ ဝယ်ယူ၍ မရကြောင်း၊ ခရီးလမ်းတွင် ကားများမှာ အတက်ကားနှင့် အဆင်းကား ထိပ်တိုက်ဆုံသဖြင့် လမ်းကြောင်းမှာ ပို၍ ပိက်လာကြောင်း၎င်းမှ ဆိုသည်။

"လားရှိုးတိုးဂိတ်မှာလည်း ကားတွေခဏ ပိတ်ထားတယ် အဓိက ကတော့ လမ်းကြာရှည် မပိတ်အောင်လို့ပါ၊ အခု ပြန်ဆင်းမယ့်ကားတွေ အပြည့်ဘဲ.."ဟု လားရှိုးဒေသခံတစ်ဦးက ပြောသည်။

ကွတ်ခိုင်မြို့အနီးရှိ ရှုခင်းသာတွင် လမ်းပိတ်နေသဖြင့် မူဆယ်မှ လားရှိုးနှင့် ကွမ်းလုံ သွားမည့် လမ်းကြောင်း(၂)ခုလုံးမှ ကုန်ကားများနှင့် ခရီးသည်များ ပိတ်ဆို့နခြေင်းဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~