တရုတ္ႏိုင္ငံ ကိုးေလးၿမိဳ႕မွာ မိခင္တစ္ေယာက္က ေမြးကင္းစကေလးကို (၁၆) ဒီဂရီစင္တီဂရိတ္ေအာက္ ေအးတဲ့ ေရဆင္းပိုက္ထဲကို စြန္႔ပစ္ထားမႈတစ္ခု ဇန္နဝါရီလ ၁၂ ရက္ေန႔က ျဖစ္ပြားခဲ့ေပမဲ့ ကံေကာင္းလြန္းတဲ့ ကေလးကို ရဲေတြက ကယ္တင္ႏိုင္ခဲ့ပါတယ္။
ကေလးကို ပစ္ထားတာကို ေတြ႔တဲ့လူက ရဲကို အေၾကာင္းၾကားလိုက္တာေၾကာင့္ အခ်ိန္မီွပဲ ကေလးကို ကယ္ႏိုင္ခဲ့တာလို႔ ဆိုပါတယ္။
အကယ္၍မ်ား ရဲတပ္ဖြဲ႕က မိနစ္ပိုင္းေလာက္ ေနာက္က်သြားရင္ေတာ့ ကေလးအသက္ကို မမီႏိုင္ေတာ့ဘူးလို႔ ဆိုပါတယ္။
ကေလးကိုေရဆင္းပိုက္ထဲမွာ ေတြ႔တဲ့အခ်ိန္က ေသၿပီလို႔ ၿမိဳ႕ခံေတြက ထင္တာေၾကာင့္ ရဲစခန္းကို တိုင္လိုက္တာပါ။
ရဲေတြေရာက္လာခ်ိန္မွာေတာ့ ေသြးေတြေပေနတဲ့ကေလးကို ေပြ႕ခ်ီၿပီးယူလာခ်ိန္မွာ ကေလးက ကံေကာင္းစြာပဲ အသက္ရွင္ေနတာကို ေတြ႕ရတာေၾကာင့္ အေႏြးဓာတ္ရေအာင္ အဝတ္ေတြ ပတ္ေပးၿပီး ေဆးရံုကို ခ်က္ခ်င္းပို႕ေပးခဲ့တာပါ။
အခုေတာ့ ကေလးငယ္ဟာ ဆရာဝန္လက္ထဲမွာ ျပဳစုေစာင့္ေရွာက္ထားၿပီး ကေလးကို ရက္ရက္စက္စက္ လႊင့္ပစ္ခဲ့တဲ့ မိဘေတြကိုေတာ့ ရဲက လိုက္ရွာေနဆဲ ျဖစ္တယ္လို႔ သိရပါတယ္။
ဘာသာျပန္။ ။ နန္းေမာက္ကြမ္
ref; abal, kapook
*****************************
( unicode )
တရုတ်နိုင်ငံ ကိုးလေးမြို့မှာ မိခင်တစ်ယောက်က မွေးကင်းစကလေးကို (၁၆) ဒီဂရီစင်တီဂရိတ်အောက် အေးတဲ့ ရေဆင်းပိုက်ထဲကို စွန့်ပစ်ထားမှုတစ်ခု ဇန်နဝါရီလ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့ပေမဲ့ ကံကောင်းလွန်းတဲ့ ကလေးကို ရဲတွေက ကယ်တင်နိုင်ခဲ့ပါတယ်။
ကလေးကို ပစ်ထားတာကို တွေ့တဲ့လူက ရဲကို အကြောင်းကြားလိုက်တာကြောင့် အချိန်မှီပဲ ကလေးကို ကယ်နိုင်ခဲ့တာလို့ ဆိုပါတယ်။
အကယ်၍များ ရဲတပ်ဖွဲ့က မိနစ်ပိုင်းလောက် နောက်ကျသွားရင်တော့ ကလေးအသက်ကို မမီနိုင်တော့ဘူးလို့ ဆိုပါတယ်။
ကလေးကိုရေဆင်းပိုက်ထဲမှာ တွေ့တဲ့အချိန်က သပြေီလို့ မြို့ခံတွေက ထင်တာကြောင့် ရဲစခန်းကို တိုင်လိုက်တာပါ။
ရဲတွေရောက်လာချိန်မှာတော့ သွေးတွေပေနေတဲ့ကလေးကို ပွေ့ချီပြီးယူလာချိန်မှာ ကလေးက ကံကောင်းစွာပဲ အသက်ရှင်နေတာကို တွေ့ရတာကြောင့် အနွေးဓာတ်ရအောင် အဝတ်တွေ ပတ်ပေးပြီး ဆေးရုံကို ချက်ချင်းပို့ပေးခဲ့တာပါ။
အခုတော့ ကလေးငယ်ဟာ ဆရာဝန်လက်ထဲမှာ ပြုစုစောင့်ရှောက်ထားပြီး ကလေးကို ရက်ရက်စက်စက် လွှင့်ပစ်ခဲ့တဲ့ မိဘတွေကိုတော့ ရဲက လိုက်ရှာနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ဘာသာပြန်။ နန်းမောက်ကွမ်