တာခ်ီလိတ္သို႔ တရားမဝင္ ဝင္လာသည့္ ထိုင္းႏိုင္ငံသား တစ္ဦးအား လဝက အက္ဥပေဒျဖင့္ အေရးယူထားၿပီး ဆီးစစ္ထားရွိ

တာခ်ီလိတ္သို႔ တရားမဝင္ ဝင္လာသည့္ ထိုင္းႏိုင္ငံသား တစ္ဦးအား လဝက အက္ဥပေဒျဖင့္ အေရးယူထားၿပီး ဆီးစစ္ထားရွိ
ဇန်နဝါရီ 15, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ အေရွ႕ပိုင္းေဒသ တာခ်ီလိတ္ၿမိဳ႕ ထိုင္းႏိုင္ငံနယ္နိမိတ္ႏွင့္ ကပ္လွ်က္ရွိ ၿမိဳ႕ပတ္လမ္းေပၚတြင္ ျမန္မာႏိုင္ငံတြင္းသို႔ တရားမဝင္ ဝင္ေရာက္လာသည့္ ထိုင္းႏိုင္ငံသားတစ္ဦးကို ဖမ္းဆီးရမိခဲ့ၿပီး လူဝင္မႈႀကီးၾကပ္ေရး အက္ဥပေဒပုဒ္မျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ သိရသည္။

ရဲတပ္ဖြဲ႔ဝင္မ်ားမွ လွည့္ကင္းေဆာင္ရြက္ေနစဥ္ ဇန္နဝါရီ ၁၁ ရက္ ညေနပိုင္းက မူးယစ္ေဆးဝါးသံုးစြဲ ထားသည့္ ပံုစံေပါက္ေနသည့္ လူတစ္ဦးကို ဖမ္းဆီးစစ္ေဆးရာမွ တရားမဝင္ ဝင္ေရာက္လာသည့္ ထိုင္းႏိုင္ငံသားျဖစ္ေနသည္ကို စစ္ေဆးေတြ႕ရိွရေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သိရသည္။

“ျမန္မာႏိုင္ငံထဲကို တရားဝင္ စာရြက္စာတမ္း အေထာက္အထားလည္း မပါဘူး။ မူးယစ္ေဆးဝါး သံုးစြဲထားတဲ့ ပံုစံ ေပါက္ေနတာလည္း ေတြ႔ရတယ္။ ဒါေၾကာင့္ လူဝင္မႈႀကီးၾကပ္ေရးအက္ဥပေဒပုဒ္မနဲ႔ ဖမ္းဆီးထားပါတယ္။ ေနာက္ၿပီး ဆီးစစ္ေဆးေဆာင္ရြက္ထားပါတယ္..”ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴးေက်ာ္သန္းက ေျပာသည္။

ဖမ္းဆီးခံထားရေသာ ထုိင္းႏိုင္ငံသားမွာ ထိုင္းႏိုင္ငံ နမ့္ခြန္စီခ႐ိုင္၊ နမ့္ခြန္စီဌာန္ၿမိဳ႕မွ အာဖိနန္(ဘ)ႏိုင္ဆာရန္းဆို သူျဖစ္ၿပီး ထိုင္းႏိုင္ငံသား မွတ္ပံုတင္ပါရွိေသာ္လည္း ၎မွာ ပုန္းထြန္ရပ္ကြက္ အတြင္းရွိ မယ္ဆိုင္ေခ်ာင္းမွ တဆင့္ အေထာက္အထားမဲ့ ျဖတ္ကူးဝင္ေရာက္လာေၾကာင္း စစ္ေဆး ေပၚေပါက္ခဲ့သည္ဟု သိရသည္။

အဆိုပါ ထိုင္းႏိုင္ငံသားကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ျမန္မာႏိုင္ငံလူဝင္မႈႀကီးၾကပ္ေရး အက္ဥပေဒပုဒ္မ ၁၃(၁)၊ (ပ)၁၅/၂၀၁၆ ျဖင့္ အမႈဖြင့္လွစ္ေဆာင္ရြက္ထားၿပီး မူးယစ္ေဆးဝါး သံုးစြဲထားသည့္ ပံုစံရွိသျဖင့္ဆီးစစ္ေဆးမႈ ေဆာင္ရြက္ထားေၾကာင္း တာခ်ီလိတ္ၿမိဳ႕ရဲစခန္းမွ သိရသည္။

******************

( unicode )

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့ ထိုင်းနိုင်ငံနယ်နိမိတ်နှင့် ကပ်လျှက်ရှိ မြို့ပတ်လမ်းပေါ်တွင် မြန်မာနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မဖြင့် အမှုဖွင့် အရေးယူထားကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

ရဲတပ်ဖွဲ့ဝင်များမှ လှည့်ကင်းဆောင်ရွက်နေစဉ် ဇန်နဝါရီ ၁၁ ရက် ညနေပိုင်းက မူးယစ်ဆေးဝါးသုံးစွဲ ထားသည့် ပုံစံပေါက်နေသည့် လူတစ်ဦးကို ဖမ်းဆီးစစ်ဆေးရာမှ တရားမဝင် ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသားဖြစ်နေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“မြန်မာနိုင်ငံထဲကို တရားဝင် စာရွက်စာတမ်း အထောက်အထားလည်း မပါဘူး။ မူးယစ်ဆေးဝါး သုံးစွဲထားတဲ့ ပုံစံ ပေါက်နေတာလည်း တွေ့ရတယ်။ ဒါကြောင့် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေပုဒ်မနဲ့ ဖမ်းဆီးထားပါတယ်။ နောက်ပြီး ဆီးစစ်ဆေးဆောင်ရွက်ထားပါတယ်..”ဟု တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကျော်သန်းက ပြောသည်။

ဖမ်းဆီးခံထားရသော ထိုင်းနိုင်ငံသားမှာ ထိုင်းနိုင်ငံ နမ့်ခွန်စီခရိုင်၊ နမ့်ခွန်စီဌာန်မြို့မှ အာဖိနန်(ဘ)နိုင်ဆာရန်းဆို သူဖြစ်ပြီး ထိုင်းနိုင်ငံသား မှတ်ပုံတင်ပါရှိသော်လည်း၎င်းမှာ ပုန်းထွန်ရပ်ကွက် အတွင်းရှိ မယ်ဆိုင်ချောင်းမှ တဆင့် အထောက်အထားမဲ့ ဖြတ်ကူးဝင်ရောက်လာကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်ဟု သိရသည်။

အဆိုပါ ထိုင်းနိုင်ငံသားကို တာချီလိတ်မြို့မရဲစခန်းတွင် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၃(၁)၊ (ပ)၁၅/၂၀၁၆ ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်ထားပြီး မူးယစ်ဆေးဝါး သုံးစွဲထားသည့် ပုံစံရှိသဖြင့်ဆီးစစ်ဆေးမှု ဆောင်ရွက်ထားကြောင်း တာချီလိတ်မြို့ရဲစခန်းမှ သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~