လက္ပန္ေတာင္းေတာင္၌ သီးႏွံေလ်ာ္ေၾကး ရရွိေရး လယ္သမားမ်ား ဆႏၵျပေန

လက္ပန္ေတာင္းေတာင္၌ သီးႏွံေလ်ာ္ေၾကး ရရွိေရး လယ္သမားမ်ား ဆႏၵျပေန
ဇန်နဝါရီ 16, 2016
By Tachileik News Agency

လက္ပန္ေတာင္းေတာင္ ေၾကးနီစီမံကိန္း ေဒသအတြင္း သိမ္းဆည္းခံ လယ္ယာေျမမ်ားအတြက္ သီးႏွံ ေလ်ာ္ေၾကးေပးဖို႔ ေက်းရြာ(၁၀)ရြာခန္႔မွ ေက်းရြာသားမ်ား ဇန္န၀ါရီလ (၁၆)ရက္ေန႔တြင္ စုေပါင္း ဆႏၵျပလွ်က္ရွိေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

"ကၽြန္ေတာ္တို႔ အခု ဆႏၵျပတာ သီးႏွံေလ်ာ္ေၾကးရဖို႔ပါ အခုခ်ိန္ထိ တာ၀န္ယူသူ တစ္ဦးတစ္ေယာက္မွ လာေရာက္ညႇိႏွိဳင္းေပးတာ မရွိပါဘူး၊ လာမညိႇမခ်င္းေတာ့ ဆႏၵျပဖို႔ျပင္ထားတယ္.."ဟု တံုလယ္ေက်းရြာမွ ေဒသခံဦးညိဳက ေျပာသည္။

ေဒသခံမ်ား သီးႏွံေလ်ာ္ေၾကးရရန္ ပုသိမ္ - မံုရြာလမ္းတစ္ေလွ်ာက္ ၀မ္ေပါင္ကုမၸဏီသို႔ ခ်ီတက္ ဆႏၵျပရာတြင္ ရဲတပ္ဖြဲ႕၀င္မ်ားမွ တားဆီး ပိတ္ပင္ထားလွ်က္ရွိေၾကာင္း၊ တားဆီးထားရာတြင္ စည္း(၂)ထပ္ျဖင့္ ကာရံထားေၾကာင္း၊ ပထမထပ္တြင္ သြပ္ဆူးႀကိဳးတပ္အကာမ်ားျဖင့္ ကာရံထားၿပီး
ဒုတိယထပ္တြင္ လည္စည္းနီ၀တ္ ရဲတပ္ဖြင့္၀င္မ်ားက ဒိုင္းကာ၊ တုတ္မ်ား ကိုင္ေဆာင္၍ ကာရံထားေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

"ကၽြန္မတို႔ ေျမေတြကို ကာရံထားပါတယ္၊ သီးႏွံ မစိုက္ရတာလဲ (၁)ႏွစ္ေလာက္ ရွိၿပီ အဲ့ဒီအတြက္ စား၀တ္ေနေရးလဲ အခက္အခဲရွိတယ္၊ ဒါကို ခရိုင္အဆင့္ဆင့္ အေၾကာင္းၾကားထားခဲ့ေပမယ့္ အခုခ်ိန္အထိ အေရးတယူ ျပဳလုပ္ေပးျခင္း မရွိလို႔ ဆႏၵျပတာပါ"ဟု ေဒသခံ အမ်ိဳးသမီးတစ္ဦးကေျပာသည္။

ယခု ဆားလင္းႀကီး ၿမိဳ႕နယ္အတြင္း လက္ပန္ေတာင္းေတာင္ ေၾကးနီစီမံကိန္းႏွင့္ ပတ္သက္၍
၀မ္ေပါင္ကုမၸဏီမွ သိမ္းယူထားေသာ လယ္ေျမဧက(၃၀၀၀)ေက်ာ္ရွိေၾကာင္း၊ အခ်ိဳ႕မွာ သီးႏံွေလ်ာ္ေၾကး ရယူထားျခင္း မရွိေၾကာင္း၊ ယခု ဆႏၵျပမႈတြင္ တရား၀င္ျဖစ္ေစရန္ ဇန္န၀ါရီ(၁၁)ရက္ေန႔၌ သက္ဆိုင္ရာသို႔
တရား၀င္ အေၾကာင္းၾကားခဲ့ေသာ္လည္း အေၾကာင္းျပန္ၾကားခဲ့ျခင္း မရွိေၾကာင္း
ေဒသခံမ်ားထံမွ သိရသည္။

ဓါတ္ပံု။  ။ Thet Oomaung

***************

( unicode )

လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ဒေသအတွင်း သိမ်းဆည်းခံ လယ်ယာမြေများအတွက် သီးနှံ လျော်ကြေးပေးဖို့ ကျေးရွာ(၁၀)ရွာခန့်မှ ကျေးရွာသားများ ဇန်နဝါရီလ (၁၆)ရက်နေ့တွင် စုပေါင်း ဆန္ဒပြလျှက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

"ကျွန်တော်တို့ အခု ဆန္ဒပြတာ သီးနှံလျော်ကြေးရဖို့ပါ အခုချိန်ထိ တာဝန်ယူသူ တစ်ဦးတစ်ယောက်မှ လာရောက်ညှိနှိုင်းပေးတာ မရှိပါဘူး၊ လာမညှိမချင်းတော့ ဆန္ဒပြဖို့ပြင်ထားတယ်.."ဟု တုံလယ်ကျေးရွာမှ ဒေသခံဦးညိုက ပြောသည်။

ဒေသခံများ သီးနှံလျော်ကြေးရရန် ပုသိမ် - မုံရွာလမ်းတစ်လျှောက် ဝမ်ပေါင်ကုမ္ပဏီသို့ ချီတက် ဆန္ဒပြရာတွင် ရဲတပ်ဖွဲ့ဝင်များမှ တားဆီး ပိတ်ပင်ထားလျှက်ရှိကြောင်း၊ တားဆီးထားရာတွင် စည်း(၂)ထပ်ဖြင့် ကာရံထားကြောင်း၊ ပထမထပ်တွင် သွပ်ဆူးကြိုးတပ်အကာများဖြင့် ကာရံထားပြီး
ဒုတိယထပ်တွင် လည်စည်းနီဝတ် ရဲတပ်ဖွင့်ဝင်များက ဒိုင်းကာ၊ တုတ်များ ကိုင်ဆောင်၍ ကာရံထားကြောင်း ဒေသခံများထံမှ သိရသည်။

"ကျွန်မတို့ မြေတွေကို ကာရံထားပါတယ်၊ သီးနှံ မစိုက်ရတာလဲ (၁)နှစ်လောက် ရှိပြီ အဲ့ဒီအတွက် စားဝတ်နေရေးလဲ အခက်အခဲရှိတယ်၊ ဒါကို ခရိုင်အဆင့်ဆင့် အကြောင်းကြားထားခဲ့ပေမယ့် အခုချိန်အထိ အရေးတယူ ပြုလုပ်ပေးခြင်း မရှိလို့ ဆန္ဒပြတာပါ"ဟု ဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။

ယခု ဆားလင်းကြီး မြို့နယ်အတွင်း လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍
ဝမ်ပေါင်ကုမ္ပဏီမှ သိမ်းယူထားသော လယ်မြေဧက(၃၀၀၀)ကျော်ရှိကြောင်း၊ အချို့မှာ သီးနှံလျော်ကြေး ရယူထားခြင်း မရှိကြောင်း၊ ယခု ဆန္ဒပြမှုတွင် တရားဝင်ဖြစ်စေရန် ဇန်နဝါရီ(၁၁)ရက်နေ့၌ သက်ဆိုင်ရာသို့
တရားဝင် အကြောင်းကြားခဲ့သော်လည်း အကြောင်းပြန်ကြားခဲ့ခြင်း မရှိကြောင်း
ဒေသခံများထံမှ သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~