ထိုင္းႏိုင္ငံ အုိဗာဘရြတ္ခ္ ( Overbrook ) ေဆးရံုတြင္ အခမဲ့ကုသေပးခဲ့သည့္ ျမန္မာႏုိင္ငံမွ ေမြးရာပါ ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲ ကေလးငယ္မ်ားအတြက္ စကားေျပာ သင္တန္း ကုိ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ေမြးရာပါ ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲကေလးသူငယ္မ်ားအား ခြဲစိတ္ေပးသည့္ စီမံခ်က္အား ထိုင္းႏိုင္ငံအေျခစိုက္ Transforming Faces (TF)Canada၏ ေထာက္ပံ့မႈျဖင့္ ျမန္မာ-ထုိင္း-လာအို(၃)ႏိုင္ငံအတြင္း ေဆာင္ရြက္ ေပးလွ်က္ရွိၿပီး NWDF - The Northern Women's Development Foundation, YMCA - Young Men Christian Association, Overbrook Hospital တို႔ႏွင့္ ပူးေပါင္း ေဆာင္ရြက္လွ်က္ရွိေၾကာင္း သိရသည္။
"ေဖေဖၚ၀ါရီလထဲမွာ မယ္ဆိုင္မွာ ခြဲစိတ္မႈလုပ္မယ့္ စီမံခ်က္မွာေတာ့ Tawanchai Foundation၊ Khon Kaen University က ခြဲစိတ္ဆရာဝန္ေတြ၊ မယ္ဆိုင္ေဆးရံုနဲ႔ AD project တို႔ ပူးေပါင္းၿပီး ျမန္မာႏိုင္ငံက လူနာေတြအတြက္ လုပ္မွာပါ"ဟု စီမံခ်က္တာ၀န္ရွိသူတစ္ဦးက ေျပာသည္။
၎စီမံခ်က္အား ျမန္မာႏိုင္ငံအတြင္းမွ ေမြးရာပါ ႏႈတ္ခမ္းကြဲ၊ အာေခါင္ကြဲ ကေလးသူငယ္ လူနာေပါင္း (၂၅၈)ဦးအား ခြဲစိတ္ကုသေပးလွ်က္ရွိၿပီး ျပန္လည္ထူေထာင္ေရးသင္တန္းမ်ားအား ဆက္လက္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
**************************
( unicode )
ထိုင်းနိုင်ငံ အိုဗာဘရွတ်ခ် ( Overbrook ) ဆေးရုံတွင် အခမဲ့ကုသပေးခဲ့သည့် မြန်မာနိုင်ငံမှ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်များအတွက် စကားပြော သင်တန်း ကို ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
"အဓိက ရှမ်းပြည်နယ် အရှေ့ပိုင်းထဲမှာရှိတဲ့ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးတွေကို လက်လှမ်း မှီသလောက် ဆက်သွယ်ပြီး ခွဲစိတ်ကုသမှုတွေ လုပ်ပေးနေတာပါ၊ ခွဲစိတ်ပြီးကလေးတွေကို စကားပြော ကုထုံးတွေနဲ့ ကုသ ပေးနိုင်ဖို့အတွက် Speech Assistant Training နဲ့ Speech Camp တစ်ခု တာချီလိတ်မှာ လုပ်ဖို့ အစီအစဉ်ပါရှိတယ်၊ အာခေါင်ကွဲကလေးတွေက စကားပြောမပီပါဘူး အဲ့အတွက် speech therapy လိုအပ်ပါတယ်..." Myanmar Project Coordinator မနန်းအိအိဖြူက ပြောသည်။
ထိုင်းနိုင်ငံ၊ ချင်းရိုင်း အိုဗာဘရွတ်ခ်( Overbrook ) ဆေးရုံတွင် မြန်မာနိုင်ငံမှ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ် များအား အခမဲ့ ခွဲစိတ်ကုသမှုပေးသည့် အစီအစဉ်အား ဖေဖော်ဝါရီလအတွင်း ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ပြောင်းလဲ ခွဲစိတ်ကုသရန် ပြင်ဆင်နေကြောင်း( NWDF - The Northern Women's Development Foundation )မှသိရသည်။
မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးသူငယ်များအား ခွဲစိတ်ပေးသည့် စီမံချက်အား ထိုင်းနိုင်ငံအခြေစိုက် Transforming Faces (TF)Canada၏ ထောက်ပံ့မှုဖြင့် မြန်မာ-ထိုင်း-လာအို(၃)နိုင်ငံအတွင်း ဆောင်ရွက် ပေးလျှက်ရှိပြီး NWDF - The Northern Women's Development Foundation, YMCA - Young Men Christian Association, Overbrook Hospital တို့နှင့် ပူးပေါင်း ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
"ဖေဖော်ဝါရီလထဲမှာ မယ်ဆိုင်မှာ ခွဲစိတ်မှုလုပ်မယ့် စီမံချက်မှာတော့ Tawanchai Foundation၊ Khon Kaen University က ခွဲစိတ်ဆရာဝန်တွေ၊ မယ်ဆိုင်ဆေးရုံနဲ့ AD project တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံက လူနာတွေအတွက် လုပ်မှာပါ"ဟု စီမံချက်တာဝန်ရှိသူတစ်ဦးက ပြောသည်။
၎င်းစီမံချက်အား မြန်မာနိုင်ငံအတွင်းမှ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးသူငယ် လူနာပေါင်း (၂၅၈)ဦးအား ခွဲစိတ်ကုသပေးလျှက်ရှိပြီး ပြန်လည်ထူထောင်ရေးသင်တန်းများအား ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။