ကမာၻ႔ေရႊေစ်းကြက္ အေျပာင္းအလဲေၾကာင့္ တာခ်ီလိတ္ၿမိဳ႕၏ ေရႊေစ်းကြက္မွာ ဇန္န၀ါရီလ တတိယပတ္အတြင္း ေစ်းႏွဳန္း အနည္းငယ္ျမင့္တက္ေၾကာင္း ေရႊဆိုင္လုပ္ငန္းရွင္မ်ားထံမွသိရသည္။
"ကၽြန္ေတာ္တို႔ဆီမွာ ေရႊေစ်းကြက္က အဓိက ကမာၻ႔ေရႊေစ်းကြက္နဲ႔ ေဒၚလာေစ်းတက္ရင္ လုိက္တက္တာ ဆိုေတာ့ တက္ရင္ လိုက္တက္တာ။ ေနာက္ၿပီး ေဒသမွာ လူမ်ိဳးအလုိက္ ေရႊအမ်ိဳးအစား ေရြးခ်ယ္၀ယ္ယူတာလည္း ရွိတယ္.."ဟု တာခ်ီလိတ္ၿမိဳ႕ နန္းေရႊက်င္း ေရႊဆိုင္မွ ကိုစိုင္းက ေျပာသည္။
တာခ်ီလိတ္ ေရႊေစ်းကြက္အတြင္း ဇန္န၀ါရီလ (၁၄)ရက္ေန႔က အေခါက္ေရႊ တစ္ဘတ္သားလွ်င္ (၁၉,၄၀၀)ဘတ္ေပါက္ေစ်းရွိခဲ့ရာ ဇန္န၀ါရီ(၁၆)ရက္ေန႔တြင္ (၁၉,၅၅၀)ဘတ္ ေစ်းေပါက္လာေၾကာင္း သိရသည္။
တာခ်ီလိတ္ၿမိဳ႕တြင္ ရွမ္းလူမ်ိဳးအမ်ားစုမွာ ထုိင္းေရႊကိုသာ အဓိကထား ၀ယ္ယူၾကၿပီး ျပည္တြင္းမွ လာေရာက္ အလုပ္လုပ္ကိုင္သူ ျမန္မာလူမ်ိဳးမ်ားမွာ ျမန္မာေရႊကို ၀ယ္ယူၾကေၾကာင္း ၎ထံမွ သိရသည္။
"ဆိုင္သစ္ေတြ ထြက္ေပမဲ့ သူ႔ေဖာက္သည္နဲ႔သူ ဆိုေတာ့ သိပ္မထူးပါဘူး။ ႏွစ္သစ္ကူးရာသီျဖစ္ေပမဲ့ အေရာင္းအ၀ယ္ အေျပာင္းအလဲေတာ့ မျဖစ္ပါဘူး။ သူမိတ္နဲ႔သူ ေရာင္းေနရတာပဲ.."ဟု နန္းေရႊက်င္း ေရႊဆိုင္ပိုင္ရွင္ ကိုစိုင္းက ေျပာသည္။
တာခ်ီလိတ္ၿမိဳ႕၏ ေရႊေစ်းကြက္မွာ ကမာၻ႕ေရႊေစ်းကြက္ႏွင့္ ေဒၚလာေစ်းေပၚ မူတည္သျဖင့္ ေန႔စဥ္ အေျပာင္းအလဲရွိၿပီး ဇန္န၀ါရီ ပထမပတ္အတြင္း အေခါက္ေရႊ တစ္ဘတ္သားလွ်င္ (၂၀၀၀၀)ဘတ္ခန္႔ ေစ်းေပါက္ခဲ့ေၾကာင္း ေရႊလုပ္ငန္းရွင္မ်ားထံမွ သိရသည္။
( unicode )
ကမာ္ဘ့ရွှေဈေးကွက် အပြောင်းအလဲကြောင့် တာချီလိတ်မြို့၏ ရွှေဈေးကွက်မှာ ဇန်နဝါရီလ တတိယပတ်အတွင်း ဈေးနှုန်း အနည်းငယ်မြင့်တက်ကြောင်း ရွှေဆိုင်လုပ်ငန်းရှင်များထံမှသိရသည်။
"ကျွန်တော်တို့ဆီမှာ ရွှေဈေးကွက်က အဓိက ကမာ္ဘ့ရွှေဈေးကွက်နဲ့ ဒေါ်လာဈေးတက်ရင် လိုက်တက်တာ ဆိုတော့ တက်ရင် လိုက်တက်တာ။ နောက်ပြီး ဒေသမှာ လူမျိုးအလိုက် ရွှေအမျိုးအစား ရွေးချယ်ဝယ်ယူတာလည်း ရှိတယ်.."ဟု တာချီလိတ်မြို့ နန်းရွှေကျင်း ရွှေဆိုင်မှ ကိုစိုင်းက ပြောသည်။
တာချီလိတ် ရွှေဈေးကွက်အတွင်း ဇန်နဝါရီလ (၁၄)ရက်နေ့က အခေါက်ရွှေ တစ်ဘတ်သားလျှင် (၁၉,၄၀၀)ဘတ်ပေါက်ဈေးရှိခဲ့ရာ ဇန်နဝါရီ(၁၆)ရက်နေ့တွင် (၁၉,၅၅၀)ဘတ် ဈေးပေါက်လာကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ရှမ်းလူမျိုးအများစုမှာ ထိုင်းရွှေကိုသာ အဓိကထား ဝယ်ယူကြပြီး ပြည်တွင်းမှ လာရောက် အလုပ်လုပ်ကိုင်သူ မြန်မာလူမျိုးများမှာ မြန်မာရွှေကို ဝယ်ယူကြကြောင်း၎င်းထံမှ သိရသည်။
"ဆိုင်သစ်တွေ ထွက်ပေမဲ့ သူ့ဖောက်သည်နဲ့သူ ဆိုတော့ သိပ်မထူးပါဘူး။ နှစ်သစ်ကူးရာသီဖြစ်ပေမဲ့ အရောင်းအဝယ် အပြောင်းအလဲတော့ မဖြစ်ပါဘူး။ သူမိတ်နဲ့သူ ရောင်းနေရတာပဲ.."ဟု နန်းရွှေကျင်း ရွှေဆိုင်ပိုင်ရှင် ကိုစိုင်းက ပြောသည်။
တာချီလိတ်မြို့၏ ရွှေဈေးကွက်မှာ ကမာ္ဘ့ရွှေဈေးကွက်နှင့် ဒေါ်လာဈေးပေါ် မူတည်သဖြင့် နေ့စဉ် အပြောင်းအလဲရှိပြီး ဇန်နဝါရီ ပထမပတ်အတွင်း အခေါက်ရွှေ တစ်ဘတ်သားလျှင် (၂၀၀၀၀)ဘတ်ခန့် ဈေးပေါက်ခဲ့ကြောင်း ရွှေလုပ်ငန်းရှင်များထံမှ သိရသည်။