ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် အမှိုက်ကင်းစင်ရန် Miss East Shan State Organization ၏ ၂၀၁၆ ပြိုင်ပွဲဝင် Miss များမှ ဇန်န၀ါရီ(၁၇)ရက်နေ့ နံနက်ပိုင်းတွင် အမှိုက်ကောက်လှုပ်ရှားမှု လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
"မနက်က Miss East Shan State Organizationက ပြိုင်ပွဲဝင် Miss တွေ ကျိုင်းတုံမြို့မဈေးကနေ မဟာမြတ်မုနိအထိ အမှိုက်ကောက်ကြပါတယ်၊ အဓိကတော့ ကျိုင်းတုံမြို့သူ၊ မြို့သားတွေ သဘာဝအလှနဲ့ ပြည့်စုံနေတဲ့ မြို့လေးမှာ စည်မဲ့ကမ်းမဲ့အမှိုက်မပစ်ကြဖို့ ရည်ရွယ်ပြီး အမှိုက်ကောက်ခဲ့ကြတာပါ"ဟု ကျိုင်းတုံမြို့မှ ဒေသခံတစ်ဦးမှပြောသည်။
အမှိုက်ကောက်ရာတွင် ကျိုင်းတုံမြို့မှ စည်ပင်သာယာရေးဦးစီးဌာန၊ လူမှုကူညီရေးအသင်းများနှင့် ပြိုင်ပွဲဝင် Missတို့မှ ပူးပေါင်းကာ အမှိုက်ကောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်အဆင့် Miss ပြိုင်ပွဲအား ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့တို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး၊ ဇန်န၀ါရီ(၂၄)ရက်နေ့တွင် ကျိုင်းတုံမြို့နယ်အဆင့် ပြိုင်ပွဲအား မြို့တော်ခန်းမတွင် ကျင်းပသွားဖြစ်ကြောင်းသိရပြီး တာချီလိတ်မြို့တွင် ဖေဖော်ဝါရီလအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဓါတ်ပုံ။ ။ ဦးစိုင်းဇော်မင်း