၁၇ ေယာက္အျမႊာ ကိုယ္ဝန္ေၾကာင့္ အသက္ရွင္ဖို႔ (၁)ရာခုိင္ႏႈန္းပဲရိွတဲ့ အသက္ ၅၀ ေက်ာ္ မိခင္ေလာင္း

၁၇ ေယာက္အျမႊာ ကိုယ္ဝန္ေၾကာင့္ အသက္ရွင္ဖို႔ (၁)ရာခုိင္ႏႈန္းပဲရိွတဲ့ အသက္ ၅၀ ေက်ာ္ မိခင္ေလာင္း
ဇန်နဝါရီ 18, 2016
By Tachileik News Agency

အသက္(၅၂)ႏွစ္အရြယ္ နန္းမဏီဆြမ္ပါခ်ာဟာ သူ႔ကိုယ္ဝန္ သံုးလမွာ ဗိုက္က ပံုမွန္ထက္ႀကီးလြန္း ေနတာေၾကာင့္ ဆရာဝန္က ဓာတ္မွန္ရိုက္ၾကည့္ေတာ့ ဗိုက္ထဲမွာ ကေလး(၁၇)ေယာက္ရွိေနတယ္လို႔ သိလိုက္ရပါတယ္။

ဒီကေလးေတြကို ေမြးမယ္ဆိုရင္လည္း မိခင္မွာ အသက္ရွင္ဖို႔ (၁)ရာခိုင္နႈန္းသာရွိတယ္လို႔ ဆရာဝန္က ေျပာထားပါတယ္။

နန္းမဏီဆြမ္ပါခ်ာဟာ ထမင္းဟင္းခ်က္ေရာင္းသူ တစ္ေယာက္ျဖစ္ၿပီး ေနမေကာင္းျဖစ္တာေၾကာင့္ အလုပ္ မလုပ္ႏိုင္ခ်ိန္မွာ ေယာက်္ားျဖစ္သူရဲ႕ စြန္႔ပစ္ျခင္းကို ခံခဲ့ရတာလည္း ျဖစ္ပါတယ္။

"ကၽြန္မဘယ္လိုေန၊ ဘယ္လိုစားရလဲဆိုတာ စဥ္းစားမိပါသလား။ ကၽြန္မ သူမ်ားဆီမွာ ေန႔တိုင္း ေတာင္းစားေနရတာလည္း ကၽြန္မရွက္တာေပါ့။ ကၽြန္မမွာ ပိုက္ဆံမရွိပါဘူး။ ကၽြန္မေယာက်္ားဆီလည္း ဆက္သြယ္လို႔ မရဘူး။ သူလည္း ကၽြန္မဆီကို လံုးဝလာမၾကည့္ဘူး။ ဆက္လည္း မဆက္သြယ္ခဲ့ဘူး။ ေနာက္ဆံုးေတာ့ သူ႔မွာ ဇနီးအသစ္ရၿပီလို႔ သိလိုက္ရတယ္.... "လို႔ နန္းမဏီက ဆိုပါတယ္။

သူက နည္းနည္းပါးပါး ေနမေကာင္းျဖစ္ရင္ ထမင္းဟင္း ခ်က္ေရာင္းတဲ့အလုပ္ကို ခဏနားခဲ့တာပဲရိွၿပီး၊ အေတာ္ႀကီး ေနမေကာင္းျဖစ္လုိ႔ လံုးဝ ေစ်းမေရာင္းႏုိင္ခ်ိန္မွ သူ႕ကိုပစ္သြားတဲ့ ခင္ပြန္းျဖစ္သူကို ဘာေၾကာင့္ ပစ္သြားတာလဲဆိုတာ ေမးခ်င္မိတယ္လို႔ နန္းမဏီက ဆိုပါတယ္။

ဘာသာျပန္။  ။ နန္းေမာက္ကြမ္
Ref; dailynew, kanomjeeb, vcharkarn
*******************

(unicode)

အသက်(၅၂)နှစ်အရွယ် နန်းမဏီဆွမ်ပါချာဟာ သူ့ကိုယ်ဝန် သုံးလမှာ ဗိုက်က ပုံမှန်ထက်ကြီးလွန်း နေတာကြောင့် ဆရာဝန်က ဓာတ်မှန်ရိုက်ကြည့်တော့ ဗိုက်ထဲမှာ ကလေး(၁၇)ယောက်ရှိနေတယ်လို့ သိလိုက်ရပါတယ်။

ဒီကလေးတွေကို မွေးမယ်ဆိုရင်လည်း မိခင်မှာ အသက်ရှင်ဖို့ (၁)ရာခိုင်နှုန်းသာရှိတယ်လို့ ဆရာဝန်က ပြောထားပါတယ်။

နန်းမဏီဆွမ်ပါချာဟာ ထမင်းဟင်းချက်ရောင်းသူ တစ်ယောက်ဖြစ်ပြီး နေမကောင်းဖြစ်တာကြောင့် အလုပ် မလုပ်နိုင်ချိန်မှာ ယောကျာ်းဖြစ်သူရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

"ကျွန်မဘယ်လိုနေ၊ ဘယ်လိုစားရလဲဆိုတာ စဉ်းစားမိပါသလား။ ကျွန်မ သူများဆီမှာ နေ့တိုင်း တောင်းစားနေရတာလည်း ကျွန်မရှက်တာပေါ့။ ကျွန်မမှာ ပိုက်ဆံမရှိပါဘူး။ ကျွန်မယောကျာ်းဆီလည်း ဆက်သွယ်လို့ မရဘူး။ သူလည်း ကျွန်မဆီကို လုံးဝလာမကြည့်ဘူး။ ဆက်လည်း မဆက်သွယ်ခဲ့ဘူး။ နောက်ဆုံးတော့ သူ့မှာ ဇနီးအသစ်ရပြီလို့ သိလိုက်ရတယ်.... "လို့ နန်းမဏီက ဆိုပါတယ်။

သူက နည်းနည်းပါးပါး နေမကောင်းဖြစ်ရင် ထမင်းဟင်း ချက်ရောင်းတဲ့အလုပ်ကို ခဏနားခဲ့တာပဲရှိပြီး၊ အတော်ကြီး နေမကောင်းဖြစ်လို့ လုံးဝ ဈေးမရောင်းနိုင်ချိန်မှ သူ့ကိုပစ်သွားတဲ့ ခင်ပွန်းဖြစ်သူကို ဘာကြောင့် ပစ်သွားတာလဲဆိုတာ မေးချင်မိတယ်လို့ နန်းမဏီက ဆိုပါတယ်။

ဘာသာပြန်။ နန်းမောက်ကွမ်
Ref; dailynew, kanomjeeb, vcharkarn

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~