ခွေးတွေကို အရေခွံခွာပြီး တံတားအောက်မှာ

ခွေးတွေကို အရေခွံခွာပြီး တံတားအောက်မှာ
ဇန်နဝါရီ 18, 2016
By Tachileik News Agency

ခွေးတွေကို အရေခွံခွာပြီး တံတားအောက်မှာ အများအပြား လှန်းထားသည်ကို တရုတ်နိုင်ငံ ဟာဖေးမြို့ ရပ်သူရွားသားများမှထိပ်လန့်စွာတွေ့ရှိခဲ့သည်ဟု တရုတ်ဆန့်ဟိုင်းအင်းဝဘ်ဆိုက်မှ ၁၆.၁၂.၂၀၁၅ ရက်နေ့က ဖော်ပြထားပါသည်။

 ဒီလမ်းကိုအများအားဖြင့်ရွာသားတွေညပိုင်းလမ်းလျှောက်သွားလာနေသောလမ်းဖြစ်ပြီး မကြာခင်ကတည်းကခွေးအရေခွံတွေကိုလာလန်းထားတာတွေ့ပါတယ် ဒါပေမယ့်(၁)လလောက်ကြာပြီးနောက် ခွေးအရေခွံတွေအများပြားတိုးလာတာတွေ့တဲ့အခါ ထိပ်လန့်စရာကောင်းတဲ့ဇာတ်ကားထဲကအတိုင်းအင်မတန်ကြောက်စရာကောင်းပါသည်။
 ခွေးအရေခွံတွေခွာပြီးလာပြစ်ထားတာ (၅၀၀-၆၀၀)ခုထိရှိပြီး ရပ်သူရွားသားတွေကြောက်လို့ဒီလမ်းကိုညပိုင်းတွင်လမ်းလျှောက်မသွားရဲတော့ပါ တချို့မသိတဲ့လူတွေဆိုရင်ကလေးနဲ့လမ်းလျှောက်ဖြတ်သွားတဲ့အခါ ကလေးလန့်လို့တာင်ငိုတယ် ဟုတရုတ်ရဲ့မိန်းမီဒီယာသတင်းမှသိရပါသည်။

  သတင်းတွေပျံ့ပြီးနောက်ပိုင်း တာဝန်ရှိရဲများမှကွင်းဆင်းစစ်ဆေးချက်အရ လူတစ်ယောက်ယောက်ကခွေအရေခွံတွေကိုသရေအဖြစ်ပြုလုပ်ပြီးရောင်းချရန် ခွေအရေခွံတွေကိုလာလန်းထားခြင်းဖြစ်တယ်ဟု တာဝန်ရှိသူခန့်မှန်းချက်အရသိရပါသည်။
  ထို့အပြင်အများသိတဲ့အတိုင်းတရုတ်နိုင်ငံဟာ ခွေးသားအကျယ်ပြန့်စားကြတဲ့နိုင်ငံဖြစ်ပြီး ခွေးသည်လူသားအပေါ်ရိုးသားဆုံးတိရိစ္ဆာန်ဖြစ်သော်လည်း တရုတ်နိုင်ငံသားတွေအတွက်အမြဲတမ်းစားနိုင်တဲ့အစားစာဖစ်ပါသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net