တရုတ္ႏိုင္ငံ ဟာေဖးၿမိဳ႕မွာ ေခြးအေရခြံ အမ်ားအျပားကို တံတားေအာက္မွာ လွမ္းထားတာကို ေဒသခံေတြ ေတြ႕လိုက္ရခ်ိန္မွာ အထိတ္တလန္႔ျဖစ္သြားၾကတယ္လို႔ တရုတ္ဆန္႔ဟိုင္းအင္းဝဘ္ဆိုက္မွာ ေဖၚျပထားပါတယ္။
ဒီလမ္းဟာ အမ်ားအားျဖင့္ ရြာသားေတြ ညပိုင္း လမ္းေလွ်ာက္ေနတဲ့ လမ္းျဖစ္ၿပီး ေခြးအေရခြံေတြ ပစ္ထားတာကို မၾကာခဏ ေတြ႕ဖူးေပမဲ့ ဒီတစ္ေခါက္မွာေတာ့ အေတာ္မ်ားတဲ့ ေခြးအေရခြံေတြေၾကာင့္ လူေတြ အထိတ္တလန္႔ျဖစ္သြားၾကတာလို႔ ဆိုပါတယ္။
ေခြးအေရခြံ ေျခာက္ရာနီးပါးေလာက္ကို ေတြ႕လိုက္ရတာေၾကာင့္ ရြာသားေတြအေနနဲ႕ ဒီလမ္းကို ညပိုင္းေတာင္ ျဖတ္မေလွ်ာက္ရဲေတာ့ဘူးလို႔ ဆုိပါတယ္။
မသိတဲ့လူေတြဆိုရင္ ကေလးနဲ႔ ဒီလမ္းကျဖတ္သြားရင္ ကေလးလန္႔ငိုတတ္တယ္လို႔ မိန္းမီဒီယာမွာေတာ့ ေဖၚျပထားပါတယ္။
ဒီသတင္းေၾကာင့္ တာဝန္ရွိရဲေတြက ကြင္းဆင္းစစ္ေဆးရာမွ ေခြအေရခြံေတြကို သားေရအျဖစ္ေရာင္းခ်ဖို႔ လွန္းထားတာျဖစ္မယ္လို႔ တာဝန္ရိွသူေတြက ခန္႔မွန္းထားပါတယ္။
ေခြးဟာ လူသားအေပၚ အရိုးသားဆံုး သတၱဝါျဖစ္ေပမဲ့ အမ်ားသိတဲ့အတိုင္း တရုတ္ႏိုင္ငံဟာ ေခြးသားကို က်ယ္က်ယ္ျပန္႔ျပန္႔ စားသံုးတဲ့ ႏိုင္ငံတစ္ခုျဖစ္ေနပါတယ္။
ဘာသာျပန္။ ။ နန္းေမာက္ကြမ္
Ref; kapook, news.163.com
******************
( unicode )
တရုတ်နိုင်ငံ ဟာဖေးမြို့မှာ ခွေးအရေခွံ အများအပြားကို တံတားအောက်မှာ လှမ်းထားတာကို ဒေသခံတွေ တွေ့လိုက်ရချိန်မှာ အထိတ်တလန့်ဖြစ်သွားကြတယ်လို့ တရုတ်ဆန့်ဟိုင်းအင်းဝဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
ဒီလမ်းဟာ အများအားဖြင့် ရွာသားတွေ ညပိုင်း လမ်းလျှောက်နေတဲ့ လမ်းဖြစ်ပြီး ခွေးအရေခွံတွေ ပစ်ထားတာကို မကြာခဏ တွေ့ဖူးပေမဲ့ ဒီတစ်ခေါက်မှာတော့ အတော်များတဲ့ ခွေးအရေခွံတွေကြောင့် လူတွေ အထိတ်တလန့်ဖြစ်သွားကြတာလို့ ဆိုပါတယ်။
ခွေးအရေခွံ ခြောက်ရာနီးပါးလောက်ကို တွေ့လိုက်ရတာကြောင့် ရွာသားတွေအနေနဲ့ ဒီလမ်းကို ညပိုင်းတောင် ဖြတ်မလျှောက်ရဲတော့ဘူးလို့ ဆိုပါတယ်။
မသိတဲ့လူတွေဆိုရင် ကလေးနဲ့ ဒီလမ်းကဖြတ်သွားရင် ကလေးလန့်ငိုတတ်တယ်လို့ မိန်းမီဒီယာမှာတော့ ဖော်ပြထားပါတယ်။
ဒီသတင်းကြောင့် တာဝန်ရှိရဲတွေက ကွင်းဆင်းစစ်ဆေးရာမှ ခွေအရေခွံတွေကို သားရေအဖြစ်ရောင်းချဖို့ လှန်းထားတာဖြစ်မယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။
ခွေးဟာ လူသားအပေါ် အရိုးသားဆုံး သတ္တဝါဖြစ်ပေမဲ့ အများသိတဲ့အတိုင်း တရုတ်နိုင်ငံဟာ ခွေးသားကို ကျယ်ကျယ်ပြန့်ပြန့် စားသုံးတဲ့ နိုင်ငံတစ်ခုဖြစ်နေပါတယ်။
ဘာသာပြန်။ နန်းမောက်ကွမ်
Ref; kapook, news.163.com