တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၁၁၀)ဦး၏ အမည်အား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ကြေညာ

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၁၁၀)ဦး၏ အမည်အား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ကြေညာ
ဇန်နဝါရီ 18, 2016
By Tachileik News Agency

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာများအတွက် တပ်မတော်သားကိုယ်စားလှယ် အမည်များကို ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ(၁၈)ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ရာ ဗိုလ်ချုပ်အဆင့်မှ ဗိုလ်မှူး/ဗိုလ်ကြီး အဆင့်ထိ စုစုပေါင်း (၁၁၀)ဦး ပါဝင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ကြေညာထားချက်အရ သိရသည်။

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များတွင် ဗိုလ်ချုပ်(၂)ဦး၊ ဗိုလ်မှူးချုပ် (၆)ဦး၊ ဗိုလ်မှူးကြီး (၇)ဦး၊ ဒုတိယ ဗိုလ်မှူးကြီး(၃၉)ဦး၊ ဗိုလ်မှူး (၅၃)ဦး နှင့် ဗိုလ်မှူး/ဗိုလ်ကြီး (၃)ဦး စုစုပေါင်း (၁၁၀)ဦး ပါဝင်ပြီး ၎င်းတို့အား ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၃၁ အရ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာလိုက်ခြင်းဖြစ်သည်။

info; MOI

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net