ကမၻာ့ဆီေစ်းႏႈန္း က်ဆင္းမႈေၾကာင့္ တာခ်ီလိတ္ၿမိဳ႕မွ သတ္မွတ္ေလာင္စာဆီ ေစ်းႏႈန္းကို ျပန္လည္ေလွ်ာ့ခ်

ကမၻာ့ဆီေစ်းႏႈန္း က်ဆင္းမႈေၾကာင့္ တာခ်ီလိတ္ၿမိဳ႕မွ သတ္မွတ္ေလာင္စာဆီ ေစ်းႏႈန္းကို ျပန္လည္ေလွ်ာ့ခ်
ဇန်နဝါရီ 19, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ ထိုင္းႏိုင္ငံမွ တင္သြင္းသည့္ စက္သံုးေလာင္စာဆီေစ်းႏွဳန္းကို ဇန္န၀ါရီလ (၁၉)ရက္ေန႔ ေန႔လည္ပိုင္းက ဆီပန္႔မ်ားတြင္ တေျပးညီ ေရာင္းခ်ေပးရမည့့္ ေစ်းႏႈန္းမ်ားအား ေလွ်ာ့ခ် သတ္မွတ္ေပးလိုက္ေၾကာင္း တာခ်ီလိတ္ ဆီပန္႔လုပ္ငန္းရွင္မ်ားအသင္းမွ သိရသည္။

၂၀၁၆ ခုႏွစ္ ဇန္န၀ါရီလ(၁၂)ရက္ေန႔က ဓာတ္ဆီ တစ္လီတာလွ်င္ (၂၅)ဘတ္ႏွင့္ ဒီဇယ္တစ္လီတာလွ်င္ (၂၃)ဘတ္ႏွဳန္းျဖင့္ ဇန္န၀ါရီလ(၂၅)ရက္ေန႔အထိ သတ္မွတ္ထားခဲ့ေသာ္လည္း ဇန္န၀ါရီလ(၁၉)ရက္ေန႔တြင္ ေစ်းႏႈန္းမ်ား က်လာသည့္အတြက္ ေစ်းႏႈန္းမ်ားကို ထပ္မံ၍ ေလွ်ာ့ခ်ေပးလိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

"ဆီေစ်းႏႈန္းေတြ ထိုးက်လာတာနဲ႔ ပတ္သက္ၿပီး ေကာ္မတီ၀င္ေတြ အားလံုးတေျပးညီ သေဘာတူညီခ်က္ ရယူၿပီးေတာ့ ဆီေစ်းႏႈန္းကို ခ်ေပးလိုက္ပါတယ္။ ဒီဇယ္ကို တစ္လီတာ (၂၁)ဘတ္နဲ႔ ေစ်းႏႈန္း သတ္မွတ္လိုက္တယ္။ ဓာတ္ဆီကို (၂၄)ဘတ္နဲ႔ သတ္မွတ္ေပးလိုက္ပါတယ္"ဟု တာခ်ီလိတ္ ဆီပန္႔လုပ္ငန္းရွင္မ်ားအသင္း ဥကၠဌ ဦးၾကည္ျမင့္က ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ဆီပန္႔မ်ားအားလံုး တစ္ေျပးညီေစ်းႏႈန္းျဖင့္ ေရာင္းခ်ရန္ လစဥ္ (၁၅) ရက္တစ္ႀကိမ္ သတ္မွတ္ေပးေနျခင္းျဖစ္ၿပီး ဇန္နဝါရီလ ဒုတိယပတ္အတြက္ ေစ်းႏႈန္းကို သတ္မွတ္ၿပီး ျဖစ္ေသာ္လည္း  ကမာၻ႕ဆီေစ်းႏႈန္းက်ဆင္းလာမႈေၾကာင့္ ေကာ္မတီ၀င္မ်ားက အေရးေပၚ စည္းေ၀းညႇိႏႈိင္းကာ ေစ်းႏႈန္းျပန္လည္ေလွ်ာ့ခ် သတ္မွတ္ေပးလိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

"ေကာ္မတီ၀င္ေတြကို တစ္ႏွစ္ တစ္ေခါက္ ျပန္ေရြးေလ့ ရွိတဲ့အတြက္ ဒီေန႔ ကြ်န္ေတာ္တို႔ အစည္းအေ၀း လုပ္ရင္းနဲ႔လည္း ေကာ္မတီ အသစ္ျပန္ဖြဲ႔ လိုက္ပါတယ္"ဟု တာခ်ီလိတ္ ဆီပန္႔လုပ္ငန္းရွင္မ်ား အသင္း ဥကၠဌ ဦးၾကည္ျမင့္က ေျပာသည္။

လက္ရိွတြင္ စက္သံုးဆီေစ်းႏွဳန္းကို ဇန္န၀ါရီလ(၂၀)ရက္ေန႔မွ ဇန္န၀ါရီလ (၂၅)ရက္ေန႔ အထိ ဓာတ္ဆီတစ္လီတာလွ်င္ (၂၄)ဘတ္ႏွင့္ ဒီဇယ္တစ္လီတာလွ်င္ (၂၁)ဘတ္ႏွဳန္းျဖင့္ သတ္မွတ္ထားၿပီး သတ္မွတ္ကာလအတြင္း ေစ်းႏႈန္းအတက္အက်ေပၚ မူတည္၍ ေျပာင္းလဲသတ္မွတ္မည္ျဖစ္ေၾကာင္း သိရသည္။

ဆီေစ်းႏႈန္းျပင္ဆင္သတ္မွတ္သည့္ အစည္းအေဝးႏွင့္အတူ တာခ်ီလိတ္ ဆီပန္႔လုပ္ငန္းရွင္မ်ားအသင္း၏ အမႈေဆာင္မ်ားအား၂၀၁၆ခုႏွစ္ ဇန္န၀ါရီလ(၁၉)ရက္ေန႔တြင္ ျပန္လည္ေရြးခ်ယ္ရာ ဥကၠဌ အျဖစ္ ဦးၾကည္ျမင့္(ေတာ္ဝင္ စက္သံုးဆီအေရာင္းဆိုင္)၊ ဒုဥကၠဌ အျဖစ္ ဦးေန၀င္း ( Bright Time စက္သံုးဆီေရာင္း၀ယ္ေရး )၊ အတြင္းေရးမွဴးအျဖစ္ ဦးေမာင္ေမာင္လင္း (အေရွ႕ပိုင္းသမ၀ါယမ)၊ တြဲဖက္အတြင္းေရးမွဴးအျဖစ္ ဦးစိန္၀င္းတို႔ကို ေရြးခ်ယ္လိုက္ေၾကာင္း သိရသည္။

**********************

( unicode )

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ တင်သွင်းသည့် စက်သုံးလောင်စာဆီဈေးနှုန်းကို ဇန်နဝါရီလ (၁၉)ရက်နေ့ နေ့လည်ပိုင်းက ဆီပန့်များတွင် တပြေးညီ ရောင်းချပေးရမည့် ဈေးနှုန်းများအား လျှော့ချ သတ်မှတ်ပေးလိုက်ကြောင်း တာချီလိတ် ဆီပန့်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

၂၀၁၆ ခုနှစ် ဇန်နဝါရီလ(၁၂)ရက်နေ့က ဓာတ်ဆီ တစ်လီတာလျှင် (၂၅)ဘတ်နှင့် ဒီဇယ်တစ်လီတာလျှင် (၂၃)ဘတ်နှုန်းဖြင့် ဇန်နဝါရီလ(၂၅)ရက်နေ့အထိ သတ်မှတ်ထားခဲ့သော်လည်း ဇန်နဝါရီလ(၁၉)ရက်နေ့တွင် ဈေးနှုန်းများ ကျလာသည့်အတွက် ဈေးနှုန်းများကို ထပ်မံ၍ လျှော့ချပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

"ဆီဈေးနှုန်းတွေ ထိုးကျလာတာနဲ့ ပတ်သက်ပြီး ကော်မတီဝင်တွေ အားလုံးတပြေးညီ သဘောတူညီချက် ရယူပြီးတော့ ဆီဈေးနှုန်းကို ချပေးလိုက်ပါတယ်။ ဒီဇယ်ကို တစ်လီတာ (၂၁)ဘတ်နဲ့ ဈေးနှုန်း သတ်မှတ်လိုက်တယ်။ ဓာတ်ဆီကို (၂၄)ဘတ်နဲ့ သတ်မှတ်ပေးလိုက်ပါတယ်"ဟု တာချီလိတ် ဆီပန့်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကြည်မြင့်က ပြောသည်။

တာချီလိတ်မြို့တွင် ဆီပန့်များအားလုံး တစ်ပြေးညီဈေးနှုန်းဖြင့် ရောင်းချရန် လစဉ် (၁၅) ရက်တစ်ကြိမ် သတ်မှတ်ပေးနခြေင်းဖြစ်ပြီး ဇန်နဝါရီလ ဒုတိယပတ်အတွက် ဈေးနှုန်းကို သတ်မှတ်ပြီး ဖြစ်သော်လည်း ကမာ္ဘ့ဆီဈေးနှုန်းကျဆင်းလာမှုကြောင့် ကော်မတီဝင်များက အရေးပေါ် စည်းေဝးညှိနှိုင်းကာ ဈေးနှုန်းပြန်လည်လျှော့ချ သတ်မှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

"ကော်မတီဝင်တွေကို တစ်နှစ် တစ်ခေါက် ပြန်ရွေးလေ့ ရှိတဲ့အတွက် ဒီနေ့ ကျွန်တော်တို့ အစည်းအေဝး လုပ်ရင်းနဲ့လည်း ကော်မတီ အသစ်ပြန်ဖွဲ့ လိုက်ပါတယ်"ဟု တာချီလိတ် ဆီပန့်လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးကြည်မြင့်က ပြောသည်။

လက်ရှိတွင် စက်သုံးဆီဈေးနှုန်းကို ဇန်နဝါရီလ(၂၀)ရက်နေ့မှ ဇန်နဝါရီလ (၂၅)ရက်နေ့ အထိ ဓာတ်ဆီတစ်လီတာလျှင် (၂၄)ဘတ်နှင့် ဒီဇယ်တစ်လီတာလျှင် (၂၁)ဘတ်နှုန်းဖြင့် သတ်မှတ်ထားပြီး သတ်မှတ်ကာလအတွင်း ဈေးနှုန်းအတက်အကျပေါ် မူတည်၍ ပြောင်းလဲသတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။

ဆီဈေးနှုန်းပြင်ဆင်သတ်မှတ်သည့် အစည်းအဝေးနှင့်အတူ တာချီလိတ် ဆီပန့်လုပ်ငန်းရှင်များအသင်း၏ အမှုဆောင်များအား၂၀၁၆ခုနှစ် ဇန်နဝါရီလ(၁၉)ရက်နေ့တွင် ပြန်လည်ရွေးချယ်ရာ ဥက္ကဌ အဖြစ် ဦးကြည်မြင့်(တော်ဝင် စက်သုံးဆီအရောင်းဆိုင်)၊ ဒုဥက္ကဌ အဖြစ် ဦးနေဝင်း ( Bright Time စက်သုံးဆီရောင်းဝယ်ရေး )၊ အတွင်းရေးမှူးအဖြစ် ဦးမောင်မောင်လင်း (အရှေ့ပိုင်းသမဝါယမ)၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ဦးစိန်ဝင်းတို့ကို ရွေးချယ်လိုက်ကြောင်း သိရသည်။

⊰❂ #TachileikNewsAgency #TachileikOnlineNews www.tachileik.net ❂⊱

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~ေၾကာ္ျငာ ~~~~~~~