လူ့အခွင့်အရေး ဆိုင်ရာ ကျိုင်းတုံ၌ ရှင်းလင်း

လူ့အခွင့်အရေး ဆိုင်ရာ ကျိုင်းတုံ၌ ရှင်းလင်း
ဇန်နဝါရီ 22, 2016
By Tachileik News Agency

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ လူ့အခွင့်အရေး အကြောင်းသိကောင်းစရာများ နှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခြင်း အခမ်းအနားကို ဇန်နဝါရီလ (၂၁)ရက် မနက်(၉)နာရီ အချိန်က ကျိုင်းတုံမြို့ရှိ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

''လူ့အခွင့်အရေး အဓိပ္ပါယ်ကို ဖွင့်ဆိုပြောရမယ်ဆိုရင် နက်ရှိုင်းသိမ်မွေ့ပါတယ်၊ လူသား စပေါ်ကတည်းက လူ့အခွင့်အရေးဆိုပြီးတော့ လွတ်လပ်ပါတယ်.." ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဌ ဦးစစ်မြိုင်က ပြောသည်။

အခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း ( Universal Declaration of Human Rights )နှင့် ပတ်သက်၍ လူ့အခွင့်အရေးဆိုင်ရာ အခြေခံအနှစ်သာရများ၊ တာဝန်ရှိသူများ အတွက် လူ့အခွင့်အရေး၏ လိုအပ်ချက်ကိုဖြည့်စွမ်း တိုက်တွန်းခြင်း၊ ထိန်းသိမ်းခြင်းနှင့် ကမ္ဘာ့ လူ့အခွင့်အရေးအား သေသေချာချာ လေ့လာရန်နှင့် မှန်ကန်စွာ လေးစားလိုက်နာရန် ၎င်းမှ တိုက်တွန်းပြောကြားသည်။

 

အခမ်းအနားတွင် အဆိုပါ ကော်မရှင်အဖွဲ့ဝင် ဒေါ်မြမြမှ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းခြင်း၊ လုပ်ငန်းစဉ်ဆောင်ရွက်ချက်များနှင့် တိုင်တန်းချက် လုပ်ထုံး၊ လုပ်နည်းများ အကြောင်းကို ရှင်းလင်းပြောကြားသည်။

ယင်းအခမ်းအနားသို့ ဒုတိယပြည်နယ်အထွေအထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့သည်။

သတင်း/ဓါတ်ပုံ။  ။ ဖူးနှင်းဖြူ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net