လက္ပံေတာင္းေတာင္ ေၾကးနီစီမံကိန္းေဒသတြင္း သိမ္းဆည္းခံ လယ္ယာေျမမ်ားအတြက္ သီးႏွံေလ်ာ္ေၾကးမ်ား ေတာင္းဆိုမႈအား ပုဒ္မ(၁၈)ျဖင့္ အေရးယူေဆာင္ရြက္မည္ဟု ေကာလာဟလမ်ား ထြက္ေပၚမႈေၾကာင့္ ေဒသခံမ်ား စိုးရိမ္လွ်က္ရွိေၾကာင္း သိရသည္။
"ကၽြန္မတို႔က သီးႏွံေလ်ာ္ေၾကးရဖို႔ ၀မ္ေပါင္ကုမၸဏီရံုးကို လူစုၿပီး သြားေတာင္းတာပါ၊ ဒါကို ဆႏၵျပတယ္ ဆိုၿပီး လမ္းမွာ ပိတ္ထားတာ၊ ဆႏၵျပတာ မဟုတ္တဲ့အတြက္ ခြင့္လဲမေတာင္းခဲ့ဘူးေလ"ဟု တံုးမရြာမွ ေဒသခံ ေဒၚခ်ိဳမာက ေျပာသည္။
ဆႏၵျပမႈႏွင့္ ပတ္သက္၍ ေဒသခံမ်ားသို႔ တရား၀င္အေၾကာင္းၾကားထားမႈမရွိေသးေၾကာင္း၊ သို႔ေသာ္ တာ၀န္ ရွိသူမ်ားမွ တရား၀င္ ခြင့္ျပဳမိန္႔မတင္ခဲ့သည့္အတြက္ ပုဒ္မ(၁၈)ျဖင့္ အေရးယူမည္ဟု ေျပာဆို ထားသည္မ်ားရွိေၾကာင္း ၎ထံမွသိရသည္။
"အခုခ်ိန္ထိေတာ့ သီးႏွံေလ်ာ္ေၾကးနဲ႔ပတ္သက္ၿပီး ၀မ္ေပါင္ကုမၸဏီဘက္ေကာ္၊ အုပ္ခ်ဳပ္ေရးအပိုင္းကပါ ဘာမွ ျပန္ေျပာထားတာမရွိေသးဘူး၊ ဆႏၵျပတဲ့အခ်ိန္မွာ စခန္းမွဴး တစ္ေယာက္က ခင္ဗ်ာတို႔ကို ပုဒ္မ(၁၈)နဲ႔ အေရး ယူမယ္လို႔ေတာ့ ေျပာတယ္"ဟု ေဒသခံတစ္ဦးမွေျပာသည္။
ဇန္နဝါရီ(၂၀)ရက္ေန႔ ေန႔လည္ပိုင္းတြင္ လက္ပံေတာင္းေတာင္ေဒသခံမ်ားမွ ဆႏၵထုတ္ေဖာ္မႈမ်ား ျပဳလုပ္ခဲ့ၿပီး ဆင္တည္းရြာ၊ တုံအလယ္ေတာ၊ တုံေတာေက်ာင္း၊ တုံရြာမ၊ တုံရြာသစ္၊ တုံလယ္တီ၊ ေရႊေလွေက်းရြာတုိ႔မွ ေတာင္သူ (၁၂၀)ေက်ာ္ ပါဝင္ေၾကာင္း သိရသည္။
( unicode )
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသတွင်း သိမ်းဆည်းခံ လယ်ယာမြေများအတွက် သီးနှံလျော်ကြေးများ တောင်းဆိုမှုအား ပုဒ်မ(၁၈)ဖြင့် အရေးယူဆောင်ရွက်မည်ဟု ကောလာဟလများ ထွက်ပေါ်မှုကြောင့် ဒေသခံများ စိုးရိမ်လျှက်ရှိကြောင်း သိရသည်။
"ကျွန်မတို့က သီးနှံလျော်ကြေးရဖို့ ဝမ်ပေါင်ကုမ္ပဏီရုံးကို လူစုပြီး သွားတောင်းတာပါ၊ ဒါကို ဆန္ဒပြတယ် ဆိုပြီး လမ်းမှာ ပိတ်ထားတာ၊ ဆန္ဒပြတာ မဟုတ်တဲ့အတွက် ခွင့်လဲမတောင်းခဲ့ဘူးလေ"ဟု တုံးမရွာမှ ဒေသခံ ဒေါ်ချိုမာက ပြောသည်။
ဆန္ဒပြမှုနှင့် ပတ်သက်၍ ဒေသခံများသို့ တရားဝင်အကြောင်းကြားထားမှုမရှိသေးကြောင်း၊ သို့သော် တာဝန် ရှိသူများမှ တရားဝင် ခွင့်ပြုမိန့်မတင်ခဲ့သည့်အတွက် ပုဒ်မ(၁၈)ဖြင့် အရေးယူမည်ဟု ပြောဆို ထားသည်များရှိကြောင်း၎င်းထံမှသိရသည်။
"အခုချိန်ထိတော့ သီးနှံလျော်ကြေးနဲ့ပတ်သက်ပြီး ဝမ်ပေါင်ကုမ္ပဏီဘက်ကော်၊ အုပ်ချုပ်ရေးအပိုင်းကပါ ဘာမှ ပြန်ပြောထားတာမရှိသေးဘူး၊ ဆန္ဒပြတဲ့အချိန်မှာ စခန်းမှူး တစ်ယောက်က ခင်ဗျာတို့ကို ပုဒ်မ(၁၈)နဲ့ အရေး ယူမယ်လို့တော့ ပြောတယ်"ဟု ဒေသခံတစ်ဦးမှပြောသည်။
ဇန်နဝါရီ(၂၀)ရက်နေ့ နေ့လည်ပိုင်းတွင် လက်ပံတောင်းတောင်ဒေသခံများမှ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ပြီး ဆင်တည်းရွာ၊ တုံအလယ်တော၊ တုံတောကျောင်း၊ တုံရွာမ၊ တုံရွာသစ်၊ တုံလယ်တီ၊ ရွှေလှေကျေးရွာတို့မှ တောင်သူ (၁၂၀)ကျော် ပါဝင်ကြောင်း သိရသည်။