ထိုင္းႏိုင္ငံအတြင္း တရားမ၀င္ သြားလာေနထိုင္သူမ်ားႏွင့္ အေထာက္အထား မစံုလင္သူမ်ားကို စစ္ေဆး ဖမ္းဆီးမႈမ်ား ျပဳလုပ္ေနလွ်က္ရွိရာ တရားမ၀င္ ေရႊ႕ေျပာင္း ျမန္မာႏိုင္ငံသား လုပ္သား (၃၀)ဦးကို တာခ်ီလိတ္သို႔ ျပန္လည္ လႊဲေျပာင္းလာသည္။
တာခ်ီလိတ္ - မယ္ဆိုင္၏ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၁) တံတားအလယ္တြင္ ဇန္န၀ါရီလ(၂၁)ရက္ေန႔ ေန႔လည္ပိုင္းက ထိုင္းဘက္ တာ၀န္ရွိသူမ်ားက လာေရာက္ကာ လြႊဲေျပာင္းလာျခင္း ျဖစ္သည္။
"ဘန္ေကာက္ကေန အျပန္မွာ ဖမ္းခံရတာပါ၊ ဖမ္းခံရတုန္းက ဘတ္(၅၀၀၀)ေပးရင္ အေရးမယူဘဲ ျပန္လႊတ္ေပးမယ္ လို႔ ေျပာတယ္။ ကြ်န္ေတာ့္မွာလည္း ေငြက မရွိဘူးေလ၊ မေပးႏိုင္ေတာ့ အခုလို ျပန္ပို႔ခံရတာ"ဟု ျပန္ပို႔ခံရသည္တြင္ ပါ၀င္သည့္ ကခ်င္ျပည္နယ္မွ ကိုေကာင္းစံ က ေျပာျပသည္။
ထိုသို႔ လႊဲေျပာင္းလာရာတြင္ ကခ်င္ျပည္နယ္မွ အမ်ဳိးသား(၂)ဦး၊ ကရင္ျပည္နယ္မွ အမ်ဳိးသား (၁)ဦး၊ ရွမ္းျပည္နယ္ အတြင္းမွ အမ်ဳိးသား၊ အမ်ဳိးသမီး (၂၄)ဦး၊ မႏၱေလးတိုင္းေဒသႀကီးမွ အမ်ဳိးသား(၁)ဦး၊ ရန္ကုန္တိုင္းေဒသႀကီးမွ အမ်ဳိးသား(၁)ဦး၊ ပဲခူးတိုင္းေဒသႀကီးမွ အမ်ဳိးသား (၁)ဦးတို႔ပါ၀င္ရာ စုစုေပါင္း (၃၀)ဦးျဖစ္ေၾကာင္း သိရသည္။
"ဒီလထဲမွာ အေထာက္အထားမဲ့ ေရႊ႕ေျပာင္း လုပ္သားေတြကို ဆက္တိုက္ ဖမ္းဆီးဖို႔ရွိတယ္လို႔ ထိုင္းဘက္က အသိေပးလာတာေတြရွိတယ္၊ ဘာျဖစ္ျဖစ္ ကိုယ့္ျမန္မာ ႏိုင္ငံသားေတြ သြားသတိ၊ လာသတိေလးေတြ ရွိဖို႔လိုပါတယ္..."ဟု ျမန္မာဘက္ တာ၀န္ရွိသူ တစ္ဦးက ေျပာသည္။
ယခု ျပန္လည္ပို႔ေဆာင္ခံရသူမ်ားသည္ ဘန္ေကာက္ၿမိဳ႕တြင္ ဖမ္းဆီးခံရသူ အမ်ားအျပားပါ၀င္ၿပီး ဘန္ေကာက္မွ အျပန္ လမ္းခုလတ္၌ ဖမ္းဆီး စစ္ေဆးခံရတာျဖစ္ေၾကာင္း ႏွင့္ အေထာက္အထား စံုလင္မႈမရွိသည့္ အတြက္ ဖမ္းဆီးခံရသူမ်ား ပါ၀င္ေၾကာင္း သိရသည္။
*******************
( unicode )
ထိုင်းနိုင်ငံအတွင်း တရားမဝင် သွားလာနေထိုင်သူများနှင့် အထောက်အထား မစုံလင်သူများကို စစ်ဆေး ဖမ်းဆီးမှုများ ပြုလုပ်နေလျှက်ရှိရာ တရားမဝင် ရွှေ့ပြောင်း မြန်မာနိုင်ငံသား လုပ်သား (၃၀)ဦးကို တာချီလိတ်သို့ ပြန်လည် လွှဲပြောင်းလာသည်။
တာချီလိတ် - မယ်ဆိုင်၏ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁) တံတားအလယ်တွင် ဇန်နဝါရီလ(၂၁)ရက်နေ့ နေ့လည်ပိုင်းက ထိုင်းဘက် တာဝန်ရှိသူများက လာရောက်ကာ လွှဲပြောင်းလာခြင်း ဖြစ်သည်။
"ဘန်ကောက်ကနေ အပြန်မှာ ဖမ်းခံရတာပါ၊ ဖမ်းခံရတုန်းက ဘတ်(၅၀၀၀)ပေးရင် အရေးမယူဘဲ ပြန်လွှတ်ပေးမယ် လို့ ပြောတယ်။ ကျွန်တော့်မှာလည်း ငွေက မရှိဘူးလေ၊ မပေးနိုင်တော့ အခုလို ပြန်ပို့ခံရတာ"ဟု ပြန်ပို့ခံရသည်တွင် ပါဝင်သည့် ကချင်ပြည်နယ်မှ ကိုကောင်းစံ က ပြောပြသည်။
ထိုသို့ လွှဲပြောင်းလာရာတွင် ကချင်ပြည်နယ်မှ အမျိုးသား(၂)ဦး၊ ကရင်ပြည်နယ်မှ အမျိုးသား (၁)ဦး၊ ရှမ်းပြည်နယ် အတွင်းမှ အမျိုးသား၊ အမျိုးသမီး (၂၄)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ အမျိုးသား(၁)ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ အမျိုးသား(၁)ဦး၊ ပဲခူးတိုင်းဒေသကြီးမှ အမျိုးသား (၁)ဦးတို့ပါဝင်ရာ စုစုပေါင်း (၃၀)ဦးဖြစ်ကြောင်း သိရသည်။
"ဒီလထဲမှာ အထောက်အထားမဲ့ ရွှေ့ပြောင်း လုပ်သားတွေကို ဆက်တိုက် ဖမ်းဆီးဖို့ရှိတယ်လို့ ထိုင်းဘက်က အသိပေးလာတာတွေရှိတယ်၊ ဘာဖြစ်ဖြစ် ကိုယ့်မြန်မာ နိုင်ငံသားတွေ သွားသတိ၊ လာသတိလေးတွေ ရှိဖို့လိုပါတယ်..."ဟု မြန်မာဘက် တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ယခု ပြန်လည်ပို့ဆောင်ခံရသူများသည် ဘန်ကောက်မြို့တွင် ဖမ်းဆီးခံရသူ အများအပြားပါဝင်ပြီး ဘန်ကောက်မှ အပြန် လမ်းခုလတ်၌ ဖမ်းဆီး စစ်ဆေးခံရတာဖြစ်ကြောင်း နှင့် အထောက်အထား စုံလင်မှုမရှိသည့် အတွက် ဖမ်းဆီးခံရသူများ ပါဝင်ကြောင်း သိရသည်။