မေကြးတိုင္းေဒသႀကီး အတြင္း အသက္(၁၃)ႏွစ္အရြယ္ အမ်ိဳးသမီးငယ္အား ခိုးယူေပါင္းသင္းခဲ့ၿပီး ထြက္ေျပးတိမ္းေရွာင္လာသည့္ တရားခံေျပးအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ မေကြးတိုင္းရဲတပ္ဖြဲ႕သို႔ လႊဲေျပာင္းေပးႏိုင္ရန္ ခရီးရမန္ရယူေဆာင္ရြက္ေနေၾကာင္း သိရသည္။
အဆိုပါတရားခံအား တာခ်ီလိတ္ၿမိဳ႕တြင္ ရဲတပ္ဖြဲ႔ဝင္မ်ား လွည့္ကင္းေဆာင္ရြက္ေနစဥ္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
“ဇန္နဝါရီလ(၁၉)ရက္က ဆန္ဆိုင္း(ခ)ရပ္ကြက္၊ (၅)လမ္းထဲမွာ တရားခံေျပးတစ္ေယာက္ရွိတယ္လို႔ သတင္း ၾကားလို႔သြားဖမ္းတာပါ။ ေကာင္မေလးကို အလိုမတူဘဲ ႏွစ္ရက္ေလာက္ ခိုးယူေပါင္းသင္းလို႔ မေကြးတိုင္းမွာ အမႈဖြင့္ထားတဲ့ တရားခံေျပးတစ္ေယာက္ပါ”ဟု တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းမွ တာ၀န္ရွိသူ တစ္ဦးကဆိုသည္။
အမႈဖြင့္ခံထားရသည့္ အသက္(၂၃)ႏွစ္အရြယ္ လင္းလင္းကို(ခ)မွဲ႔ႀကီးသည္ မေကြးတိုင္းေဒသႀကီး ၿမိဳ႕သစ္ၿမိဳ႕ နယ္ မန္က်ည္းကုန္းႀကီးေက်းရြာမွ အသက္(၁၃)ႏွစ္ရွိ မိန္းကေလးတစ္ဦးအား လြန္ခဲ့သည့္ ႏွစ္လခန္႔က သား မယားအျဖစ္ တစ္ႀကိမ္ျပဳက်င့္ၿပီး ႏွစ္ရက္ခန္႔ ခိုးယူေပါင္းသင္းခဲ့ကာ ထြက္ေျပး တိမ္းေရွာင္လာျခင္းျဖစ္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ သိရသည္။
ထြက္ေျပးတိမ္းေရွာင္လာေသာ တရားခံေျပးအား နယ္ထိန္းတပ္ဖြဲ႔ေခါင္းေဆာင္ ဒုရဲအုပ္ျမင့္ေထြး၊ နယ္ထိန္း မွတ္ တမ္းထိန္း ရဲတပ္ၾကပ္ႀကီး စိုးမင္းမင္းႏွင့္ တပ္ဖြဲ႔ဝင္မ်ားသည္ နယ္ေျမခံ ျပည္သူ႔စစ္တပ္ဖြဲ႔ဝင္မ်ားႏွင့္ သြားေရာက္ ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ဖမ္းဆီးရမိေသာ လင္းလင္းကို(ခ)မွဲ႔ႀကီးအား မေကြးၿမိဳ႕သစ္ၿမိဳ႕မရဲစခန္းမွ (ပ)၁၇၄/၂၀၁၅၊ ျပစ္မႈပုဒ္မ ၃၆၃/၃၇၆ ျဖင့္ အမႈဖြင့္လွစ္ေဆာင္ရြက္ထားၿပီး တာခ်ီလိတ္မွ မေကြးရဲစခန္းသို႔ လႊဲေျပာင္းႏိုင္ရန္ ေဆာင္ရြက္ ထားေၾကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ သိရသည္။
******************
( unicode )
မကွေးတိုင်းဒေသကြီး အတွင်း အသက်(၁၃)နှစ်အရွယ် အမျိုးသမီးငယ်အား ခိုးယူပေါင်းသင်းခဲ့ပြီး ထွက်ပြေးတိမ်းရှောင်လာသည့် တရားခံပြေးအား တာချီလိတ်မြို့မရဲစခန်းမှ မကွေးတိုင်းရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးနိုင်ရန် ခရီးရမန်ရယူဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါတရားခံအား တာချီလိတ်မြို့တွင် ရဲတပ်ဖွဲ့ဝင်များ လှည့်ကင်းဆောင်ရွက်နေစဉ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
“ဇန်နဝါရီလ(၁၉)ရက်က ဆန်ဆိုင်း(ခ)ရပ်ကွက်၊ (၅)လမ်းထဲမှာ တရားခံပြေးတစ်ယောက်ရှိတယ်လို့ သတင်း ကြားလို့သွားဖမ်းတာပါ။ ကောင်မလေးကို အလိုမတူဘဲ နှစ်ရက်လောက် ခိုးယူပေါင်းသင်းလို့ မကွေးတိုင်းမှာ အမှုဖွင့်ထားတဲ့ တရားခံပြေးတစ်ယောက်ပါ”ဟု တာချီလိတ်မြို့မ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးကဆိုသည်။
အမှုဖွင့်ခံထားရသည့် အသက်(၂၃)နှစ်အရွယ် လင်းလင်းကို(ခ)မှဲ့ကြီးသည် မကွေးတိုင်းဒေသကြီး မြို့သစ်မြို့ နယ် မန်ကျည်းကုန်းကြီးကျေးရွာမှ အသက်(၁၃)နှစ်ရှိ မိန်းကလေးတစ်ဦးအား လွန်ခဲ့သည့် နှစ်လခန့်က သား မယားအဖြစ် တစ်ကြိမ်ပြုကျင့်ပြီး နှစ်ရက်ခန့် ခိုးယူပေါင်းသင်းခဲ့ကာ ထွက်ပြေး တိမ်းရှောင်လာခြင်းဖြစ်ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။
ထွက်ပြေးတိမ်းရှောင်လာသော တရားခံပြေးအား နယ်ထိန်းတပ်ဖွဲ့ခေါင်းဆောင် ဒုရဲအုပ်မြင့်ထွေး၊ နယ်ထိန်း မှတ် တမ်းထိန်း ရဲတပ်ကြပ်ကြီး စိုးမင်းမင်းနှင့် တပ်ဖွဲ့ဝင်များသည် နယ်မြေခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် သွားရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသော လင်းလင်းကို(ခ)မှဲ့ကြီးအား မကွေးမြို့သစ်မြို့မရဲစခန်းမှ (ပ)၁၇၄/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၆၃/၃၇၆ ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်ထားပြီး တာချီလိတ်မှ မကွေးရဲစခန်းသို့ လွှဲပြောင်းနိုင်ရန် ဆောင်ရွက် ထားကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။