အကောက်ခွန်ဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူးဦးစိုး
ဝေဇော်နှင့်ဌာနဆိုင်ရာမိသားစုများ၊လူမှုကူညီရေးအသင်းအဖွဲ့နှင့်Miss
Myanmar Shan State တို့ ပူးပေါင်းလျက် ဇန်နဝါရီလ၂၃ရက် မနက်ပိုင်း
၁၀နာရီအချိန်တွင် ဘိုးဘွားရိပ်သာ၌နေ့ဆွမ်းကပ်လှူဒါန်းခဲ့သည်။
ဝေပ္ပုလစာသင်တိုက် ကျောင်းမှဆရာတော်၊သံဃတော်များ
ပင့်ဖိတ်ပြီးဆရာတော်က အလှူဒါန၏အကျိုးကျေးဇူးအတွက်မေတ္တာသုတ်၊
ဘုရား တရား သံဃ ဂုဏ်တော်များ ရွတ်ဖတ် ချီးမြှင့်ပေးသနားတောမူခဲ့ပြီး
လှူဖွယ်ပစ္စည်းများ၊လှူဒါန်းမှုအစုစုအတွက်ရေစက်သွန်းချ အမျှဝေခဲ့သည်။
ဆက်လက်ပြီးအလှမယ်များ၁၈ဦးတို့က အဘိုးအဘွား၁၇နှစ်ဦးတို့အား
အာဟာရတိုက်ကျွေးလှူဒါန်းခဲ့သည်။
''ဒီလိုအဘိုးနဲ့အဘွားကိုသနားလည်းသနားတယ်၊အာဟာရ
လာရောက်ပြီးကျွေးမွေးတဲ့အတွက်ကိုယ့်အတွက်ကုသိုလ်လည်းရ၊ ရင်ထဲမှာ
လည်းဝမ်းသာပီတိဖြစ်မိတယ်၊အဘိုးအဘွားတို့ဟင်းကောင်းစားရတဲ့အတွက်
ရင်ထဲမှာကျေနပ်မိကြောင်း'' Miss Myanmar Shan State အဖွဲ့ဝင်
အလှမယ်မကြယ်စင်သာရ ရင်ထဲကခံစားချက်ကိုပြောကြးခဲ့သည်။