ကျိုင်းတုံမြို့ အကျဉ်းထောင်အတွင်း အကျဉ်းသားနှစ်ဦးထံမှ

ကျိုင်းတုံမြို့ အကျဉ်းထောင်အတွင်း အကျဉ်းသားနှစ်ဦးထံမှ
ဇန်နဝါရီ 24, 2016
By Tachileik News Agency

ကျိုင်းတုံမြို့ အကျဉ်းထောင်အတွင်း အကျဉ်းသားနှစ်ဦးထံမှ မူးယစ်ဆေးဝါး အနည်းငယ်ကို ဇန်န၀ါရီလ(၂၃)ရက်နေ့ နံနက်(၁၁)နာရီ ၀န်းကျင်က ရှာဖွေသိမ်းဆည်းရမိကြောင်း သိရသည်။

ကျိုင်းတုံ အကျဉ်းထောင်တွင် အကျဉ်းထောင် ရေး/ထောက်ခန်းတွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ မသင်္ကာဖွယ် တွေ့ရှိရသည့်အတွက် ဒုရဲမှူး ကျော်သိန်း၊ ရဲအုပ် တေဇာစိုးညို၊ ဒုရဲအုပ် ချန်ထွန်း နှင့် တပ်ဖွဲ့ဝင်များက သတင်းများအရ ထောင်အတွင်းသို့ ၀င်ရောက် ရှာဖွေရာမှာ တွေ့ရှိရတာဖြစ်ကြောင်း သိရသည်။

ထိုသို့ ၀င်ရောက်ရှာဖွေရာတွင် D3 ရုံးဟောင်းအတွင်း ၃ထပ် သစ်သားဗီရိုအပေါ်ဆုံးထပ်မှ ထိုင်းဘာသာစာတန်းပါ ယူရိုကိတ်မုန့် ဂျပ်စက္ကူဘူးအတွင်း အစိမ်းရောင် ပလပ်စတစ်ဖြင့် ထုတ်လျှက် ဘိန်းဖြူဟု ယူဆရသည့် အဖြူရောင် အမှုန့် (၉၅)ဂရမ်ပါ ဘလောက်တုံး (၁)တုံးကို တွေ့ရှိရပြီး D3 ဟောင်းအား ခတ်သည့် သော့ခလောက်၏ သော့တအား ကျော်မျိုးဇင် နှင့် ၀င်းမော်ဦးတို့ထံမှ တစ်ချောင်းစီရှာဖွေတွေ့ရှိရကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ D3 အဆောင် သော့ကိုင်ပြီး မူးယစ်ဆေးဝါးများအား သိမ်းဆည်းထားသူ အကျဉ်းသား တရားခံ ကျော်မျိုးဇင် နှင့် ၀င်းမော်ဦး တို့ နှစ်ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း
ကျိုင်းတုံမြို့မရဲစခန်းမှ သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net