ရွမ္း(အေရွ႕) ကုန္သြယ္မႈ လမ္းေၾကာင္းေပၚတြင္ ထိုင္းႏိုင္ငံမွ ေလာင္စာဆီ တင္သြင္းမႈ မ်ားျပား

ရွမ္း(အေရွ႕) ကုန္သြယ္မႈ လမ္းေၾကာင္းေပၚတြင္ ထိုင္းႏိုင္ငံမွ ေလာင္စာဆီ တင္သြင္းမႈ မ်ားျပား
ဇန်နဝါရီ 26, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း ကုန္သြယ္မႈလမ္းေၾကာင္းေပၚတြင္ ထိုင္းႏိုင္ငံမွ ေလာင္စာဆီ တင္သြင္းမႈမွာ အမ်ားဆံုးျဖစ္ေၾကာင္း နယ္စပ္ကုန္သြယ္ေရးဦးစီးဌာနမွ သိရသည္။

"တာခ်ီလိတ္ ၀င္ေပါက္ကေန ေဒသတြင္း လိုအပ္ခ်က္ေၾကာင့္ တင္သြင္းတဲ့ ကုန္စည္ထဲမွာ ေလာင္စာဆီက အမ်ားဆံုးျဖစ္ပါတယ္၊ ကုန္သြယ္မႈမွာ တင္သြင္းတဲ့ ေလာင္စာဆီ အေရအတြက္ မက်ေပမယ့္ တန္ဖိုးက်ေနေတာ့ ကုန္သြယ္မႈ တန္ဖိုးပါ လိုက္က်တာေပါ့"ဟု နယ္စပ္ကုန္သြယ္ေရးဦးစီးဌာနမွ ညႊန္ၾကားေရးမွဴး ဦးေအာင္သူရက ေျပာသည္။

ႏိုင္ငံတကာ ေလာင္စာဆီ ေစ်းႏွဳန္း က်ဆင္းလာျခင္းေၾကာင့္ ျပည္တြင္းသို႔ ကုန္သြယ္မႈ ပမာဏမွာလဲ က်ဆင္းလာျခင္းျဖစ္ေၾကာင္း ၎ထံမွသိရသည္။

ျမန္မာႏိုင္ငံအတြင္းသို႔ ရွမ္း(အေရွ႕) ကုန္သြယ္မႈလမ္းေၾကာင္းမွ အဓိကတင္သြင္းေသာ ကုန္စည္မွာ ေလာင္စာဆီျဖစ္ၿပီး၊ ေဆာက္လုပ္ေရးသံုး ပစၥည္းမ်ားႏွင့္ လယ္ယာသံုး ပစၥည္းမ်ားလည္း တင္သြင္းေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္ နယ္စပ္ကုန္သြယ္ေရးစခန္းမွ ျမန္မာ - ထိုင္း ကုန္သြယ္မႈမွာ ၂၀၁၄-၂၀၁၅ ဘ႑ာႏွစ္အတြင္း အေမရိကန္ေဒၚလာ (၁၀၁.၉၆၅)သန္းရွိခဲ့ၿပီး၊ ယခု ၂၀၁၅-၂၀၁၆ ဘ႑ာႏွစ္ ဒီဇင္ဘာလ အထိ အေမရိကန္ေဒၚလာ (၅၇.၄၅၈)သန္းသာ ရွိေသးေၾကာင္း နယ္စပ္ကုန္သြယ္ေရး ဦးစီးဌာနမွ သိရသည္။
****************

( unicode )

ရှမ်းပြည်နယ်အရှေ့ပိုင်း ကုန်သွယ်မှုလမ်းကြောင်းပေါ်တွင် ထိုင်းနိုင်ငံမှ လောင်စာဆီ တင်သွင်းမှုမှာ အများဆုံးဖြစ်ကြောင်း နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနမှ သိရသည်။

"တာချီလိတ် ဝင်ပေါက်ကနေ ဒေသတွင်း လိုအပ်ချက်ကြောင့် တင်သွင်းတဲ့ ကုန်စည်ထဲမှာ လောင်စာဆီက အများဆုံးဖြစ်ပါတယ်၊ ကုန်သွယ်မှုမှာ တင်သွင်းတဲ့ လောင်စာဆီ အရေအတွက် မကျပေမယ့် တန်ဖိုးကျနေတော့ ကုန်သွယ်မှု တန်ဖိုးပါ လိုက်ကျတာပေါ့"ဟု နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်သူရက ပြောသည်။

နိုင်ငံတကာ လောင်စာဆီ ဈေးနှုန်း ကျဆင်းလာခြင်းကြောင့် ပြည်တွင်းသို့ ကုန်သွယ်မှု ပမာဏမှာလဲ ကျဆင်းလာခြင်းဖြစ်ကြောင်း၎င်းထံမှသိရသည်။

မြန်မာနိုင်ငံအတွင်းသို့ ရှမ်း(အရှေ့) ကုန်သွယ်မှုလမ်းကြောင်းမှ အဓိကတင်သွင်းသော ကုန်စည်မှာ လောင်စာဆီဖြစ်ပြီး၊ ဆောက်လုပ်ရေးသုံး ပစ္စည်းများနှင့် လယ်ယာသုံး ပစ္စည်းများလည်း တင်သွင်းကြောင်း သိရသည်။

တာချီလိတ်မြို့နယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာ - ထိုင်း ကုန်သွယ်မှုမှာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာ (၁၀၁.၉၆၅)သန်းရှိခဲ့ပြီး၊ ယခု ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဒီဇင်ဘာလ အထိ အမေရိကန်ဒေါ်လာ (၅၇.၄၅၈)သန်းသာ ရှိသေးကြောင်း နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနမှ သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~