တာခ်ီလိတ္ၿမိဳ႕တြင္ အေအးလြန္ကဲလာသည့္အတြက္ မီးေသြးမီးဖိုႏွင့္ မီးေသြး ေရာင္းအားျမင့္လာ

တာခ်ီလိတ္ၿမိဳ႕တြင္ အေအးလြန္ကဲလာသည့္အတြက္ မီးေသြးမီးဖိုႏွင့္ မီးေသြး ေရာင္းအားျမင့္လာ
ဇန်နဝါရီ 27, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ ဇန္နဝါရီလ ေနာက္ဆံုးပတ္အတြင္း အေအးလြန္ကဲျခင္းေၾကာင့္ မီးေသြးမီးဖို အေသးမ်ားႏွင့္ မီးေသြးမ်ား ေရာင္းအားျမင့္တက္လွ်က္ရွိေၾကာင္း သိရသည္။

ပံုမွန္အားျဖင့္ ထိုင္းႏိုင္ငံ မယ္ဆိုင္ၿမိဳ႕မွ တင္သြင္းေရာင္းခ်သည့္ မီးေသြးမီးဖိုမ်ားမွာ တစ္ေန႔လွ်င္ မီးဖို ၂ လံုးခန္႔သာ ေရာင္းခ်ရေသာ္လည္း ဇန္နဝါရီလ ၂၅ ရက္မွစ၍ ေရာင္းအားတက္လာျခင္းျဖစ္ေၾကာင္း သိရသည္။

" အေအးလြန္ကဲတဲ့ အခ်ိန္ကစၿပီး အခုအခ်ိန္ထိ သုံးရက္အတြင္း မီးဖိုအေသး အလုံး ၁၀၀ ေက်ာ္ ေရာင္းရတယ္"ဟု တာခ်ီလိတ္ၿမိဳ႕မေစ်းမွ မီးေသြးမီးဖို ေရာင္းခ်သူတစ္ဦးက ေျပာသည္။

မီးေသြးမီးဖိုမ်ားေရာင္းအား ေကာင္းလာသည္ႏွင့္အတူ မီးေသြးထုပ္မ်ားလည္း လွည့္လည္ေရာင္းခ်သူမ်ား ရိွလာေၾကာင္း သိရၿပီး ရာသီဥတုဆိုးရြားမႈေၾကာင့္ ေက်ာင္းမ်ားကို တရားဝင္ပိတ္ထားျခင္း မရိွေသာ္လည္း မိဘမ်ားက ေက်ာင္းသားမ်ားအား ေက်ာင္းသို႔ ေစလႊတ္ျခင္းမရိွေၾကာင္း သိရသည္။

"ကေလးေတြလည္း ေအးမွာစိုးလို႔ ေက်ာင္းမလႊတ္တာ ႏွစ္ရက္ရွိၿပီ။ ဒါေၾကာင့္အိမ္ထဲမွာပဲ အလုပ္နားၿပီး မီးဖို၀ယ္ၿပီးေတာ့ မီးလႈံေနရတယ္၊ တကယ္ဆို ဒီလို အခ်ိန္အခါမွာ ေဒသေပၚမူတည္ၿပီး ေက်ာင္းခဏ ပိတ္ေပးသင့္တယ္၊ ကေလးေတြ အေအးဒဏ္ေၾကာင့္ တခုခုျဖစ္ရင္ မလြယ္ဘူးေလ"ဟု ေက်ာင္းသားမိဘ တစ္ဦးျဖစ္သူ ေဒၚဆန္း၀င္းက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕၌ ဇန္န၀ါရီလ ၂၅ရက္ေန႔မွစ၍ အပူခ်ိန္ (၈)ဒီဂရီစင္တီဂရိတ္သို႔ က်ဆင္းခဲ့ၿပီး ဇန္န၀ါရီလ ၂၇ ရက္တြင္ အပူခ်ိန္ (၁၅)ဒီဂရီစင္တီဂရိတ္သို႔ ေရာက္ရွိလာေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတုံၿမိဳ႕အနီး လြယ္မီးေတာင္တြင္ ဇန္န၀ါရီလ (၂၆)ရက္ေန႔က အပူခ်ိန္ (၇)ဒီဂရီစင္တီဂရိတ္အထိ ေရာက္ရိွၿပီး ေရမ်ားခဲသည္အထိ အေအးပိုခဲ့ေၾကာင္း ႏွင့္ ဇန္န၀ါရီလ(၂၅)ရက္ေန႔က က်ဳိင္းတံုၿမိဳ႕တြင္ အေအးဒဏ္ေၾကာင့္ လူတစ္ဦး ေသဆံုးမႈရွိခဲ့ေၾကာင္း သိရသည္။
***************

( unicode )

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဇန်နဝါရီလ နောက်ဆုံးပတ်အတွင်း အအေးလွန်ကဲခြင်းကြောင့် မီးသွေးမီးဖို အသေးများနှင့် မီးသွေးများ ရောင်းအားမြင့်တက်လျှက်ရှိကြောင်း သိရသည်။

ပုံမှန်အားဖြင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ တင်သွင်းရောင်းချသည့် မီးသွေးမီးဖိုများမှာ တစ်နေ့လျှင် မီးဖို ၂ လုံးခန့်သာ ရောင်းချရသော်လည်း ဇန်နဝါရီလ ၂၅ ရက်မှစ၍ ရောင်းအားတက်လာခြင်းဖြစ်ကြောင်း သိရသည်။

" အအေးလွန်ကဲတဲ့ အချိန်ကစပြီး အခုအချိန်ထိ သုံးရက်အတွင်း မီးဖိုအသေး အလုံး ၁၀၀ ကျော် ရောင်းရတယ်"ဟု တာချီလိတ်မြို့မဈေးမှ မီးသွေးမီးဖို ရောင်းချသူတစ်ဦးက ပြောသည်။

မီးသွေးမီးဖိုများရောင်းအား ကောင်းလာသည်နှင့်အတူ မီးသွေးထုပ်များလည်း လှည့်လည်ရောင်းချသူများ ရှိလာကြောင်း သိရပြီး ရာသီဥတုဆိုးရွားမှုကြောင့် ကျောင်းများကို တရားဝင်ပိတ်ထားခြင်း မရှိသော်လည်း မိဘများက ကျောင်းသားများအား ကျောင်းသို့ စေလွှတ်ခြင်းမရှိကြောင်း သိရသည်။

"ကလေးတွေလည်း အေးမှာစိုးလို့ ကျောင်းမလွှတ်တာ နှစ်ရက်ရှိပြီ။ ဒါကြောင့်အိမ်ထဲမှာပဲ အလုပ်နားပြီး မီးဖိုဝယ်ပြီးတော့ မီးလှုံနေရတယ်၊ တကယ်ဆို ဒီလို အချိန်အခါမှာ ဒေသပေါ်မူတည်ပြီး ကျောင်းခဏ ပိတ်ပေးသင့်တယ်၊ ကလေးတွေ အအေးဒဏ်ကြောင့် တခုခုဖြစ်ရင် မလွယ်ဘူးလေ"ဟု ကျောင်းသားမိဘ တစ်ဦးဖြစ်သူ ဒေါ်ဆန်းဝင်းက ပြောသည်။

တာချီလိတ်မြို့၌ ဇန်နဝါရီလ ၂၅ရက်နေ့မှစ၍ အပူချိန် (၈)ဒီဂရီစင်တီဂရိတ်သို့ ကျဆင်းခဲ့ပြီး ဇန်နဝါရီလ ၂၇ ရက်တွင် အပူချိန် (၁၅)ဒီဂရီစင်တီဂရိတ်သို့ ရောက်ရှိလာကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့အနီး လွယ်မီးတောင်တွင် ဇန်နဝါရီလ (၂၆)ရက်နေ့က အပူချိန် (၇)ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိပြီး ရေများခဲသည်အထိ အအေးပိုခဲ့ကြောင်း နှင့် ဇန်နဝါရီလ(၂၅)ရက်နေ့က ကျိုင်းတုံမြို့တွင် အအေးဒဏ်ကြောင့် လူတစ်ဦး သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။

ในท่าขี้เหล็ก เพราะอากาศหนาวรุนแรง ยอดขายเตากับถ่าน พุ่งขึ้นอย่างรวดเร็ว
.........................

เมืองท่าขี้เหล็ก ในสัปดาห์ที่(3)ของเดีอน เพราะมีอากาศหนาวเหน็บมาก ยอดขายเตา กับถ่าน พุ่งขึ้นอย่างรวดเร็ว แม่ค้าขายเตาใน ตลอดท่าขี้เหล็ก กล่าวว่า "เตาที่ นำเข้ามาจาก อำเภอแม่สาย ซึ่งวันธรรมดา ขายได้เพียงวันล่ะ (2)เตา ตั้งแต่ วันที่ 25.1.2016 ช่วงอากาศเริ่มหนาวเหน็บ ภายใน(3)วัน ยอดขาย เตา ไซด์เล็ก ขายได้(100)กว่าเตา" ยอดขายเตากับถ่านขายดีขึ้น และคนเล้ขายถ่าน ก็เพิ่มมากขึ้นเช่นกัน เพราะอากาศร้ายแรง ทางโรงเรียน ก็ไม่ได้ประกาศ ปิดโรงเรียนอย่างเป็นทางการ แต่ทราบว่า ทางผู้ปกครองไม่ส่ง นักเรียนเข้าเรียน ชาวบ้านท่าขี้เหล็ก ต่อซานวิน กล่าวว่า "อากาศนับวัน ยิ่งหนาวขึ้น เรื่อยๆ อีกอย่างกลัวเด็กๆหนาว เลยไม่ให้ไปโรงเรียน(2)วันแล้ว ก็เลยอยู่แต่ในบ้านอ่อมไฟ กับครอบครัว ทางโรงเรียน ก็ควรปิดโรงเรียนให้นักเรียน ชั่วคราว เพราะถ้าเด็กเป็นอะไรขึ้นมาเพราะอากาศหนาว คงไม่ง่าย" ท่าขี้เหล็ก เมื่อวันที่ 25.1.2016 เริ่มหนาวที่ (8องศา) จนถึงวันนี้ 27.1.2016 ความหนาวลดลงเป็น (15องศา) ทางเมืองเชียงตุง ทราบว่า ที่ดอยมี เมื่อวันที่ 26.1.2016 อยู่ที่(7องศา) หนาวจน น้ำกลายเป็นน้ำแข็ง เลยทีเดียว และเมื่อวันที่ 25.1.2016 เชียงตุง มีคนเสียชิวิต หนึ่งรายเพราะ ทนความหนาวไม่ไหว

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~