႐ွမ္းျပည္နယ္ အေ႐ွ႕ပိုင္းေဒသ၏ နယ္စပ္ျမိဳ႕ျဖစ္သည့္ တာခ်ီလိတ္ၿမိဳ႕တြင္ Roaming ျပႆနာမ်ားေၾကာင့္ Ooredoo မွ ကြန္ရက္ျဖန္႔ႏိုင္ရန္ အခက္အခဲမ်ား ျဖစ္ေပၚေနေၾကာင္း သိရသည္။
"တာခ်ီလိတ္မွာက Tower တိုင္ေတြ ေထာင္ၿပီးၿပီ လိုင္းေတြ မလႊင့္ႏိုင္ေသးဘူး။ ဘာလို႔လဲ ဆိုေတာ့ တာခ်ီလိတ္မွာက ျမန္မာဖုန္းလိုင္းနဲ႔ ယိုးဒယားဖုန္းလိုင္းေတြ သုံးလို႔ရေနတဲ့ အတြက္ Roaming ျပႆနာက ရိွေနတယ္။ ဒီျပႆနာကို Ooredoo ေျဖ႐ွင္းဖို႔ ညိႇႏႈိင္းေနတယ္။ ၿပီးရင္ေတာ့ တာခ်ီလိတ္မွာ Ooredoo ကို စသုံးလို႔ရေတာ့မွာပါ.."ဟု ႐ွမ္းျပည္နယ္အေ႐ွ႕ပိုင္း Ooredoo Distributer ဦးသန္းႏိုင္က ေျပာသည္။
Ooredoo ကို ႐ွမ္းျပည္နယ္ အေ႐ွ႕ပိုင္းတြင္ က်ဳိင္းတုံၿမိဳ႕ႏွင့္ မိုင္းျဖတ္ၿမိဳ႕တို႔၌ ဦးစြာ အသုံးျပဳခြင့္ရခဲ့ၾကၿပီး က်ဳိင္းတုံၿမိဳ႕တြင္ ယခင္က Ooredoo အသုံးျပဳသူ နည္းပါးေနရာမွ ယခုတြင္ တျဖည္းျဖည္း မ်ားလာၿပီျဖစ္ေၾကာင္း ၎ထံမွ သိရသည္။
လာမည့္လအတြင္း တာခ်ီလိတ္တြင္ Ooerdoo ၏ ဖုန္း Productမ်ားကို စတင္ျဖန္႔ခ်ိမည္ျဖစ္ၿပီး တာေလၿမိဳ႕ႏွင့္ မိုင္းပ်ဥ္းၿမိဳ႕မ်ားတြင္လည္း Ooredoo ကို စတင္ အသုံးျပဳႏိုင္ေတာ့မည္ျဖစ္ေၾကာင္း သိရသည္။
သတင္း။ ။ ဇြဲျမတ္
**********************
( unicode )
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၏ နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့တွင် Roaming ပြဿနာများကြောင့် Ooredoo မှ ကွန်ရက်ဖြန့်နိုင်ရန် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။
"တာချီလိတ်မှာက Tower တိုင်တွေ ထောင်ပြီးပြီ လိုင်းတွေ မလွှင့်နိုင်သေးဘူး။ ဘာလို့လဲ ဆိုတော့ တာချီလိတ်မှာက မြန်မာဖုန်းလိုင်းနဲ့ ယိုးဒယားဖုန်းလိုင်းတွေ သုံးလို့ရနေတဲ့ အတွက် Roaming ပြဿနာက ရှိနေတယ်။ ဒီပြဿနာကို Ooredoo ဖြေရှင်းဖို့ ညှိနှိုင်းနေတယ်။ ပြီးရင်တော့ တာချီလိတ်မှာ Ooredoo ကို စသုံးလို့ရတော့မှာပါ.."ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း Ooredoo Distributer ဦးသန်းနိုင်က ပြောသည်။
Ooredoo ကို ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ကျိုင်းတုံမြို့နှင့် မိုင်းဖြတ်မြို့တို့၌ ဦးစွာ အသုံးပြုခွင့်ရခဲ့ကြပြီး ကျိုင်းတုံမြို့တွင် ယခင်က Ooredoo အသုံးပြုသူ နည်းပါးနေရာမှ ယခုတွင် တဖြည်းဖြည်း များလာပြီဖြစ်ကြောင်း၎င်းထံမှ သိရသည်။
လာမည့်လအတွင်း တာချီလိတ်တွင် Ooerdoo၏ ဖုန်း Productများကို စတင်ဖြန့်ချိမည်ဖြစ်ပြီး တာလမြေို့နှင့် မိုင်းပျဉ်းမြို့များတွင်လည်း Ooredoo ကို စတင် အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
သတင်း။ ဇွဲမြတ်