တာခ်ီလိတ္ နယ္စပ္ဂိတ္မ်ားမွ တဆင့္ ပို႔ကုန္နည္းပါးၿပီး သြင္းကုန္ ပိုမိုမ်ားျပား

တာခ်ီလိတ္ နယ္စပ္ဂိတ္မ်ားမွ တဆင့္ ပို႔ကုန္နည္းပါးၿပီး သြင္းကုန္ ပိုမိုမ်ားျပား
ဇန်နဝါရီ 29, 2016
By Tachileik News Agency

ျမန္မာ - ထိုင္း နယ္စပ္ၿမိဳ႕ျဖစ္သည့္ တာခ်ီလိတ္ၿမိဳ႕တြင္ ပို႔ကုန္တန္ဖိုးထက္ သြင္းကုန္မွာ ပိုမို၍ မ်ားျပားေၾကာင္း နယ္စပ္ကုန္သြယ္ေရးဦးစီးဌာနမွ သိရသည္။

"ဘာေၾကာင့္ တင္သြင္းကုန္ကမ်ားတာလဲဆိုေတာ့၊ ျမန္မာႏိုင္ငံမွာက လိုအပ္ခ်က္ေတြမ်ားေတာ့ တစ္ဘက္ႏိုင္ငံက တင္သြင္းရတယ္၊ ဥပမာ - ဒီဖက္ကို ျပည္တြင္းက အခ်ဳိရည္လိုမ်ိဳးေတြက မလာႏိုင္ဘူး ကုန္သြယ္စရိတ္ ေစ်းႀကီးေတာ့ ဒါေၾကာင့္ ထိုင္းဘက္က မွာယူၾကတယ္"ဟု တာခ်ီလိတ္နယ္စပ္ ကုန္သြယ္ေရး ဦးစီးဌာနမွ ညႊန္ၿကားေရးမွဴး ဦးကိုကုိႏိုင္က ေျပာသည္။

တာခ်ီလိတ္နယ္စပ္ကုန္သြယ္ေရး၏ ၂၀၁၅ - ၂၀၁၆ ဘ႑ာေရးႏွစ္ ဇန္န၀ါရီလအတြင္း ပို႔ကုန္မွာ အေမရိကန္ေဒၚလာ (၀.၃၄၆) သန္းျဖစ္ၿပီး၊ သြင္းကုန္မွာ အေမရိကန္ေဒၚလာ (၅.၇၆၆)သန္း ရွိေၾကာင္း တာခ်ီလိတ္နယ္စပ္ကုန္သြယ္ေရးစခန္းမွ သိရသည္။

ျပည္တြင္းမွ ဆန္၊ ၾကက္သြန္နီ၊ သတၱဳ တို႔ကို ပို႔ကုန္ အျဖစ္ပို႔ၿပီး ျပည္ပမွ စက္သုံးဆီ၊ အိမ္ေဆာက္ပစၥည္း ၊ လူ႔အသုံးအေဆာင္ပစၥည္း ႏွင့္ လယ္ယာေျမ ပစၥည္းတို႔ကို တင္သြင္းေၾကာင္း သိရသည္။

**********************
( unicode )

မြန်မာ - ထိုင်း နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့တွင် ပို့ကုန်တန်ဖိုးထက် သွင်းကုန်မှာ ပိုမို၍ များပြားကြောင်း နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနမှ သိရသည်။

"ဘာကြောင့် တင်သွင်းကုန်ကများတာလဲဆိုတော့၊ မြန်မာနိုင်ငံမှာက လိုအပ်ချက်တွေများတော့ တစ်ဘက်နိုင်ငံက တင်သွင်းရတယ်၊ ဥပမာ - ဒီဖက်ကို ပြည်တွင်းက အချိုရည်လိုမျိုးတွေက မလာနိုင်ဘူး ကုန်သွယ်စရိတ် ဈေးကြီးတော့ ဒါကြောင့် ထိုင်းဘက်က မှာယူကြတယ်"ဟု တာချီလိတ်နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်က ပြောသည်။

တာချီလိတ်နယ်စပ်ကုန်သွယ်ရေး၏ ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ် ဇန်နဝါရီလအတွင်း ပို့ကုန်မှာ အမေရိကန်ဒေါ်လာ (ဝ.၃၄၆) သန်းဖြစ်ပြီး၊ သွင်းကုန်မှာ အမေရိကန်ဒေါ်လာ (၅.၇၆၆)သန်း ရှိကြောင်း တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ သိရသည်။

ပြည်တွင်းမှ ဆန်၊ ကြက်သွန်နီ၊ သတ္တု တို့ကို ပို့ကုန် အဖြစ်ပို့ပြီး ပြည်ပမှ စက်သုံးဆီ၊ အိမ်ဆောက်ပစ္စည်း၊ လူ့အသုံးအဆောင်ပစ္စည်း နှင့် လယ်ယာမြေ ပစ္စည်းတို့ကို တင်သွင်းကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~