အတိတ္နိမိတ္ ယံုၾကည္မႈေၾကာင့္ ေခြးနဲ႕မဂၤလာေဆာင္ခဲ့ရတဲ့ အသက္ (၇)ႏွစ္အရြယ္ ကေလး

အတိတ္နိမိတ္ ယံုၾကည္မႈေၾကာင့္ ေခြးနဲ႕မဂၤလာေဆာင္ခဲ့ရတဲ့ အသက္ (၇)ႏွစ္အရြယ္ ကေလး
ဇန်နဝါရီ 29, 2016
By Tachileik News Agency

အတိတ္နိမိတ္နဲ႔ ေအာက္လမ္းနည္းမ်ားကို အာရွသား တခ်ဳိ႕ အေနနဲ႔ ယေန႔ေခတ္ကာလအထိ ယံုၾကည္ေနၾကဆဲပါ။

အိႏၵိယနိုင္ငံမွာေတာ့ ဒီလိုအတိတ္နိမိတ္ကို ယံုၾကည္လြန္းတဲ့မိသားစုက ေပါက္ဖြားလာတဲ့ အသက္ (၇) ႏွစ္အရြယ္ ေယာက်္ားေလးတစ္ဦးကို ေခြးမေလးနဲ႔ မဂၤလာေဆာင္ေပးခဲ့ပါတယ္။

Mukesh Kerayi ဆိုတဲ့ ေကာင္ေလးရဲ႕ ပထမဇနီးျဖစ္လာမယ့္သူဟာ ေသဆံုးမယ္လို႔ ယံုၾကည္တဲ့အတြက္ ဒီကေလးရဲ႕အနာဂတ္မွာ အျဖစ္ဆိုးေတြနဲ႔ ေၾကကြဲျခင္း မျဖစ္ရေအာင္ ယၾတာေခ်တာလို႔ သိရပါတယ္။
ဒါေၾကာင့္ ေကာင္ေလးရဲ႕ ပထမဆံုးသတို႔သမီးအျဖစ္ ေခြးမေလးနဲ႔ မဂၤလာေဆာင္ က်င္းပေပးခဲ့တာပါ။

အိႏၵိယနိုင္ငံ အေရွ႕ပိုင္း Manik Bazar ၿမိဳ႕မွာ ဒီမဂၤလာပြဲကို က်င္းပတာျဖစ္ၿပီး ဧည့္သည္ေတြလည္း တက္ေရာက္ၾကကာ မဂၤလာပြဲအတိုင္း အဆိုအကေတြ ေဖ်ာ္ေျဖမႈေတြနဲ႕ အခမ္းအနားက်င္းပၾကတာပါ။

" ဒီတစ္ေခါက္ မဂၤလာပြဲဟာ မေကာင္းဆိုးဝါး အရာအားလံုး ကေလးဆီကေန ထြက္သြားနိုင္တယ္ လို႔ ကၽြန္ေတာ္တို႔ ယံုၾကည္ပါတယ္။ သားသမီးမ်ား အႏၲရာယ္ကင္းေအာင္ ေပ်ာ္ရႊင္ေအာင္ အရာအားလံုး လုပ္ေပးရမွာက ကၽြန္ေတာ္တို႔ လူႀကီးေတြတာဝန္ျဖစ္တယ္လို႔ ကၽြန္ေတာ္ထင္တယ္"လို႔ ေကာင္ေလးရဲ႕အဘိုးျဖစ္သူက ဆိုပါတယ္။

အိႏိၵယနိုင္ငံရဲ႕အစိုးရကေတာ့ ရြာသူရြာသားေတြကို ေအာက္လမ္းနည္းနဲ႔ဆိုင္တဲ့ အေၾကာင္းေတြ ရွင္းျပၿပီး ပညာေပးပါတယ္။ ဒီလိုျဖစ္စဥ္မ်ိဳး ၿပီးခဲ့တဲ့ႏွစ္ကလည္း ျဖစ္ဖူးပါတယ္။ အဲ့ဒီတုန္းက Dominique Lesbirel ကို သူမရဲ႕ေၾကာင္ေလးနဲ႔ မဂၤလာေဆာင္ေပးဖို႔ ဆံုးျဖတ္ၿပီးေနာက္မွာေတာ့ ေက်ာက္ကပ္ေရာဂါနဲ႔ ေသဆံုးသြားတာ ျဖစ္ပါတယ္။

ဘာသာျပန္။  ။ #နန္းေမာက္ကြမ္
Ref; spokedark.tv

******************

( unicode )

အတိတ်နိမိတ်နဲ့ အောက်လမ်းနည်းများကို အာရှသား တချို့ အနေနဲ့ ယနေ့ခေတ်ကာလအထိ ယုံကြည်နကြေဆဲပါ။

အိန္ဒိယနိုင်ငံမှာတော့ ဒီလိုအတိတ်နိမိတ်ကို ယုံကြည်လွန်းတဲ့မိသားစုက ပေါက်ဖွားလာတဲ့ အသက် (၇) နှစ်အရွယ် ယောကျာ်းလေးတစ်ဦးကို ခွေးမလေးနဲ့ မင်္ဂလာဆောင်ပေးခဲ့ပါတယ်။

Mukesh Kerayi ဆိုတဲ့ ကောင်လေးရဲ့ ပထမဇနီးဖြစ်လာမယ့်သူဟာ သေဆုံးမယ်လို့ ယုံကြည်တဲ့အတွက် ဒီကလေးရဲ့အနာဂတ်မှာ အဖြစ်ဆိုးတွေနဲ့ ကြေကွဲခြင်း မဖြစ်ရအောင် ယတြာချေတာလို့ သိရပါတယ်။
ဒါကြောင့် ကောင်လေးရဲ့ ပထမဆုံးသတို့သမီးအဖြစ် ခွေးမလေးနဲ့ မင်္ဂလာဆောင် ကျင်းပပေးခဲ့တာပါ။

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း Manik Bazar မြို့မှာ ဒီမင်္ဂလာပွဲကို ကျင်းပတာဖြစ်ပြီး ဧည့်သည်တွေလည်း တက်ရောက်ကြကာ မင်္ဂလာပွဲအတိုင်း အဆိုအကတွေ ဖျော်ဖြေမှုတွေနဲ့ အခမ်းအနားကျင်းပကြတာပါ။

" ဒီတစ်ခေါက် မင်္ဂလာပွဲဟာ မကောင်းဆိုးဝါး အရာအားလုံး ကလေးဆီကနေ ထွက်သွားနိုင်တယ် လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ သားသမီးများ အန္တရာယ်ကင်းအောင် ပျော်ရွှင်အောင် အရာအားလုံး လုပ်ပေးရမှာက ကျွန်တော်တို့ လူကြီးတွေတာဝန်ဖြစ်တယ်လို့ ကျွန်တော်ထင်တယ်"လို့ ကောင်လေးရဲ့အဘိုးဖြစ်သူက ဆိုပါတယ်။

အိနိ္ဒယနိုင်ငံရဲ့အစိုးရကတော့ ရွာသူရွာသားတွေကို အောက်လမ်းနည်းနဲ့ဆိုင်တဲ့ အကြောင်းတွေ ရှင်းပြပြီး ပညာပေးပါတယ်။ ဒီလိုဖြစ်စဉ်မျိုး ပြီးခဲ့တဲ့နှစ်ကလည်း ဖြစ်ဖူးပါတယ်။ အဲ့ဒီတုန်းက Dominique Lesbirel ကို သူမရဲ့ကြောင်လေးနဲ့ မင်္ဂလာဆောင်ပေးဖို့ ဆုံးဖြတ်ပြီးနောက်မှာတော့ ကျောက်ကပ်ရောဂါနဲ့ သေဆုံးသွားတာ ဖြစ်ပါတယ်။

ဘာသာပြန်။ #နန်းမောက်ကွမ်
Ref; spokedark.tv

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  


~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~