တာချီလိတ်မြို့တွင် ယာဉ်မတော်တဆ ဖြစ်ပွားခဲ့လျှင် အရေးပေါ်လူနာများ ဆေးရုံ၊ ဆေးခန်း မရောက်မီ အခြေခံ ရှေးဦး သူနာပြုစုနည်းဖြင့် အသက်ကယ်နိုင်ရန်အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက တာချီလိတ်မြို့ရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များအား ဇန်န၀ါရီလ ၃၀ရက်နေ့ နံနက်ပိုင်းက အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု ရုံးတွင် လက်တွေ့သင်ကြားပြသခဲ့ကြောင်း သိရသည်။
"ကြက်ခြေနီတပ်ဖွဲ့ဝင်မှ မဟုတ်ဘူး၊ အစိုးရ၀န်ထမ်း ဒါမှမဟုတ် သာမန်အရပ်သား တစ်ယောက် အနေနဲ့လည်း အခုလို အခြေခံရှေးဦးသူနာပြုစုနည်းကို တတ်ထားသင့်ပါတယ်၊ ဒါမှ
မဆုံးသင့်တဲ့ အသက်တစ်ချောင်းကို ကယ်နိုင်မှာပါ" ဟု တာချီလိတ် ခရိုင်ကြက်ခြေနီအသင်းမှ ဦးစီးအရာရှိ (ဒုတိယတန်း) ဦးဘမိုးမြင့်က ပြောသည်။
"ကြက်ခြေနီတပ်ဖွဲ့ဝင်မှ မဟုတ်ဘူး၊ အစိုးရ၀န်ထမ်း ဒါမှမဟုတ် သာမန်အရပ်သား တစ်ယောက် အနေနဲ့လည်း အခုလို အခြေခံရှေးဦးသူနာပြုစုနည်းကို တတ်ထားသင့်ပါတယ်၊ ဒါမှ မဆုံးသင့်တဲ့ အသက်တစ်ချောင်းကို ကယ်နိုင်မှာပါ" ဟု တာချီလိတ် ခရိုင်ကြက်ခြေနီအသင်းမှ ဦးစီးအရာရှိ (ဒုတိယတန်း) ဦးဘမိုးမြင့်က ပြောသည်။
လက်တွေ့ သင်ကြားမှုများကို ကြက်ခြေနီဌာနချုပ်ရုံးတွင် သင်တန်းဆင်းပြီးဖြစ်သည့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များဖြင့်သာ ပြန်လည်သင်ကြားပေးကြောင်း ၎င်းထံမှ သိရသည်။
"အခြေခံရှေးဦးသူနာပြုစုနည်းက အလွန်ကို အသုံးဝင်တယ်၊ ကျွန်တော့်လက်တွေ့ပဲ ။ လမ်းမှာ ယာဉ်မတော်တဆ တစ်ခုမှာတုန်းက အမျိုးသမီးတစ်ယောက် တက်သွားပြီး နှလုံးခုန် ခေတ္တရပ်သွားတဲ့အခါ အခုလိုနည်းနဲ့ ပြုစုလိုက်တာ နှလုံးပြန်ခုန်လာပြီး အသက်ဘေးက လွတ်မြောက်ခဲ့ဖူးတယ် "ဟု တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲအုပ်ဇော်ဇော်ညွန့်က ပြောသည်။
အဆိုပါ အရေးပေါ်လူနာများအား ရှေးဦးသူနာပြုစုနည်းသင်တန်းကို အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်(၁၆)ဦးအား သင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရပြီး တာချီလိတ်မြို့ရှိ ဒေသခံပြည်သူလူထုကိုလည်း မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ သင်တန်းများ ဆက်လက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။