ထိုင္းႏိုင္ငံ ဖူးခက္ကမ္းေျခ ငါးဖမ္းစက္ေလွဆိပ္ရိွ အိမ္ခန္းအတြင္း လူေမွာင္ခိုဂိုဏ္းအဖြဲ႕မွ ပိတ္ေလွာင္ ထားေသာ ျမန္မာလုပ္သားမ်ားအား ကယ္ထုတ္လိုက္ၿပီးေနာက္ ၎တို႔အတြက္ နစ္နာေၾကး ရရွိရန္ လူေမွာင္ခို တားဆီးေရးရဲတပ္ဖြဲ႕မွ အမႈဖြင့္လွစ္ ေဆာင္ရြက္ထားေၾကာင္း သိရသည္။
အဆိုပါ ျမန္မာလုပ္သား(၃၂)ဦးအား ဇန္န၀ါရီလ (၂၇)ရက္ေန႔တြင္ ထိုင္းႏိုင္ငံမွ လူေမွာင္ခို တားဆီးေရး ရဲတပ္ဖြဲ႕က ကယ္ထုတ္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။
"အခု သူတို႔ကို ထိုင္းအစိုးရက စိတ္ခ်လံုျခံဳရတဲ့ေနရာမွာ ထိန္းသိမ္းထားပါတယ္။ အဓိက လူေမွာင္ခိုမႈ ျဖစ္တဲ့အတြက္ မူရင္းႏိုင္ငံကို ေပးမျပန္ေသးဘူး။ တရားရင္ဆိုင္ၿပီး နစ္နာေၾကးေတြလည္းရမွ ျပန္လႊတ္တာ"ဟု ျမန္မာအလုပ္သမားကူညီေစာင့္ေရွာက္ေရး မဟာမိတ္ေကာ္မတီ ''AAC' မွ ကိုရဲမင္းက ေျပာသည္။
ျမန္မာေရလုပ္သား(၃၂)ဦးအား ငါးဖမ္းစက္ေလွအတြင္း ေရာင္းစားခံထားရျခင္းျဖစ္ၿပီး စက္ေလွမွ အလုပ္သမား တစ္ဦးက ျမန္မာႏိုင္ငံ၊ ျမ၀တီရဲတပ္ဖြဲ႕စခန္းသို႔ ဖုန္းဆက္အေၾကာင္းၾကားသျဖင့္ အလုပ္သမားကူညီေစာင့္ေရွာက္ေရးအဖြဲ႕မ်ား စုေပါင္း၍ ကူညီေဆာင္ရြက္ထားျခင္းျဖစ္ၾကာင္း ၎ထံမွ သိရသည္။
ထိုင္းႏိုင္ငံတြင္း အလုပ္ လုပ္ေသာ အလုပ္သမားတစ္ဦး လူကုန္ကူးခံရပါက ထုိင္းဥပေဒအရ ဘတ္(၅)ေသာင္း နစ္နာေၾကးရရိွၿပီး ယခုအလုပ္သမားမ်ားမွာ တရား၀င္ ပန္းေရာင္အလုပ္သမားကတ္ ကိုင္ေဆာင္ထားသူမ်ားျဖစ္သျဖင့္ ထုိင္းႏိုင္ငံအတြင္း ဆက္လက္ေနထုိင္ခြင့္ရွိမည္ျဖစ္ေၾကာင္း ထိုင္းႏိုင္ငံအတြင္း ျမန္မာ အလုပ္သမားကူညီေစာင့္ေရွာက္ေရးအဖြဲ႕မ်ားထံမွသိရသည္။
ျမန္မာအလုပ္သမားမ်ားအား လူကုန္ကူးေသာ လူေမွာင္ခို ဂိုဏ္ေခါင္းေဆာင္မွာ ထြက္ေျပး တိမ္းေရွာင္လွ်က္ရွိေသာ္လည္း ၎၏ အမ်ိဳးသမီးႏွင့္ လူပြဲစားျဖစ္သည့္ ျမန္မာႏိုင္ငံသားႏွစ္ဦးအား ဖမ္းဆီးထိန္းသိမ္းထားေၾကာင္း သိရသည္။
--------------------
( unicode )
ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေ ငါးဖမ်းစက်လှေဆိပ်ရှိ အိမ်ခန်းအတွင်း လူမှောင်ခိုဂိုဏ်းအဖွဲ့မှ ပိတ်လှောင် ထားသော မြန်မာလုပ်သားများအား ကယ်ထုတ်လိုက်ပြီးနောက်၎င်းတို့အတွက် နစ်နာကြေး ရရှိရန် လူမှောင်ခို တားဆီးရေးရဲတပ်ဖွဲ့မှ အမှုဖွင့်လှစ် ဆောင်ရွက်ထားကြောင်း သိရသည်။
အဆိုပါ မြန်မာလုပ်သား(၃၂)ဦးအား ဇန်နဝါရီလ (၂၇)ရက်နေ့တွင် ထိုင်းနိုင်ငံမှ လူမှောင်ခို တားဆီးရေး ရဲတပ်ဖွဲ့က ကယ်ထုတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
"အခု သူတို့ကို ထိုင်းအစိုးရက စိတ်ချလုံခြုံရတဲ့နေရာမှာ ထိန်းသိမ်းထားပါတယ်။ အဓိက လူမှောင်ခိုမှု ဖြစ်တဲ့အတွက် မူရင်းနိုင်ငံကို ပေးမပြန်သေးဘူး။ တရားရင်ဆိုင်ပြီး နစ်နာကြေးတွေလည်းရမှ ပြန်လွှတ်တာ"ဟု မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေး မဟာမိတ်ကော်မတီ ''AAC' မှ ကိုရဲမင်းက ပြောသည်။
မြန်မာရေလုပ်သား(၃၂)ဦးအား ငါးဖမ်းစက်လှေအတွင်း ရောင်းစားခံထားရခြင်းဖြစ်ပြီး စက်လှေမှ အလုပ်သမား တစ်ဦးက မြန်မာနိုင်ငံ၊ မြဝတီရဲတပ်ဖွဲ့စခန်းသို့ ဖုန်းဆက်အကြောင်းကြားသဖြင့် အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့များ စုပေါင်း၍ ကူညီဆောင်ရွက်ထားခြင်းဖြစ်ကြာင်း၎င်းထံမှ သိရသည်။
ထိုင်းနိုင်ငံတွင်း အလုပ် လုပ်သော အလုပ်သမားတစ်ဦး လူကုန်ကူးခံရပါက ထိုင်းဥပဒေအရ ဘတ်(၅)သောင်း နစ်နာကြေးရရှိပြီး ယခုအလုပ်သမားများမှာ တရားဝင် ပန်းရောင်အလုပ်သမားကတ် ကိုင်ဆောင်ထားသူများဖြစ်သဖြင့် ထိုင်းနိုင်ငံအတွင်း ဆက်လက်နေထိုင်ခွင့်ရှိမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံအတွင်း မြန်မာ အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့များထံမှသိရသည်။
မြန်မာအလုပ်သမားများအား လူကုန်ကူးသော လူမှောင်ခို ဂိုဏ်ခေါင်းဆောင်မှာ ထွက်ပြေး တိမ်းရှောင်လျှက်ရှိသော်လည်း၎င်း၏ အမျိုးသမီးနှင့် လူပွဲစားဖြစ်သည့် မြန်မာနိုင်ငံသားနှစ်ဦးအား ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။