မိုင်းဖြတ်မြို့နယ်၏ ၂၀၁၆ -၂၀၁၇ခု ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ် အခွင့်အရေး လိုင်စင်များကို ဖေဖေါ်ဝါရီလ (၂)ရက်နေ့ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးရုံးခန်းမ၌ ဈေးပြိုင်စနစ်ဖြင့် လေလံတင် ရောင်းချကြောင်း သိရသည်။
လေလံရောင်းချပွဲတွင် မြို့ဝင်ဘီးကောက်အား ဦးစိုင်းကံ (သော်တာဝင်းကုမ္ပဏီ) မှ ကျပ်(၁၁,၁၀၀,၀၀၀ိ/-)ဖြင့် လည်းကောင်း၊ မြို့မဈေးကောက် ကို ဒေါ်စောခင် (ငွေဘူးသီး ကုမ္ပဏီ)မှ ကျပ်(၁၆,၀၀၀,၀၀၀ိ/-)ဖြင့် လည်းကောင်း၊ လမ်းဘေးဈေးကောက်ကို ဒေါ်စောခင် (ငွေဘူးသီး ကုမ္ပဏီ)မှ ကျပ်(၁,၀၀၀,၀၀၀ိ/-)ဖြင့် လည်းကောင်း၊ အပေါင်ဆိုင်ကို ဒေါ်သီတာဝင်း မှ ကျပ်(၁,၉၀၀,၀၀၀ိ/-)ဖြင့် လည်းကောင်း၊ စက်ဘီး ဆိုင်ကယ် အပ်နှံဂိတ်ကို ဦးဌေးဝင်း မှ ကျပ်(၁,၄၅၀,၀၀၀ိ/-)ဖြင့် လည်းကောင်း၊ ကျွဲ နွား ပွဲဈေးကို ဦးလှိုင်ဝင်းဆွေ မှ ကျပ်(၃,၂၀၀,၀၀၀ိ/-)ဖြင့် လည်းကောင်း အသီးသီး လေလံအောင်သွားကြောင်း သိရသည်။
လေလံပွဲအား ကြမ်းခင်းဈေးအဖြစ် မြို့မ ဈေးကောက်လိုင်စင်ကို ကျပ်(၁၄၉.၁၀)သိန်း၊ လမ်းဘေး ပျံကျဈေးကောက်လိုင်စင်ကို ကျပ်(၉.၅၀)သိန်း၊ ဆိုင်ကယ်အပ်နှံဂိတ် လိုင်စင်ကို ကျပ်(၁၃.၈၀)သိန်း၊ ကျွဲ၊ နွား၊ ပွဲဈေးလိုင်စင် ကျပ်(၂၁.၀၀)သိန်း၊ အပေါင်ဆိုင်လိုင်စင်ကို ကျပ်(၁၂.၉၀)သိန်းနှင့် မြို့ဝင်ဘီးကောက်အား ကျပ်(၁၀၉.၂၀)သိန်းဖြင့် လေလံတင်ခဲ့ကြောင်း သိရသည်။