ကရင္တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ (DKBA)မွ ဗိုလ္မွဴးႀကီးေစာဆန္းေအာင္က Sea Game မွ မသန္စြမ္း ေရကူးခ်န္ပီယံ မစန္းစန္းေအးအား ေထာက္ပ့ံေငြကို ဇန္န၀ါရီလ(၂)ရက္ေန႔က လွဴဒါန္းလိုက္ေၾကာင္း သိရသည္။
"ႏိုင္ငံ့ဂုဏ္ေဆာင္တဲ့ ေရကူးခ်န္ပီယံက လမ္းေဘးမွာ ေတာင္းစားေနတယ္ဆိုတာ မျဖစ္သင့္ဘူး။ ကၽြန္ေတာ္တို႔ ေငြေတြကို က်ည္ဆံေတြ၊ လက္နက္ႀကီးေတြ ၀ယ္ၿပီး ပစ္ေနမယ့္အစား ဒီလို တကယ္ လိုအပ္ေနတဲ့ သူေတြကို လွဴတာ ပိုေကာင္းမယ္ထင္လို႔ လွဴတာပါ"ဟု ဗိုလ္မွဴးႀကီးေစာဆန္းေအာင္က ေျပာသည္။
ေရကူးခ်န္ပီယံ ေတာင္းစားေနသည့္ပံုကို လူမႈကြန္ယက္ေပၚတြင္ ျမင္ေတြ႕သျဖင့္ လွဴဒါန္းေပးခဲ့ျခင္းျဖစ္ၿပီး၊ ႏိုင္ငံအတြင္း အမွန္တကယ္ လိုအပ္သူမ်ားကိုလည္း ဆက္လက္ လွဴဒါန္းသြားမည္ျဖစ္ေၾကာင္း DKBA ဗိုလ္မွဴးႀကီးေစာဆန္းေအာင္က ဆိုသည္။
-----------
( unicode )
ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (DKBA)မှ ဗိုလ်မှူးကြီးစောဆန်းအောင်က Sea Game မှ မသန်စွမ်း ရေကူးချန်ပီယံ မစန်းစန်းအေးအား ထောက်ပံ့ငွေကို ဇန်နဝါရီလ(၂)ရက်နေ့က လှူဒါန်းလိုက်ကြောင်း သိရသည်။
"နိုင်ငံ့ဂုဏ်ဆောင်တဲ့ ရေကူးချန်ပီယံက လမ်းဘေးမှာ တောင်းစားနေတယ်ဆိုတာ မဖြစ်သင့်ဘူး။ ကျွန်တော်တို့ ငွေတွေကို ကျည်ဆံတွေ၊ လက်နက်ကြီးတွေ ဝယ်ပြီး ပစ်နေမယ့်အစား ဒီလို တကယ် လိုအပ်နေတဲ့ သူတွေကို လှူတာ ပိုကောင်းမယ်ထင်လို့ လှူတာပါ"ဟု ဗိုလ်မှူးကြီးစောဆန်းအောင်က ပြောသည်။
ရေကူးချန်ပီယံ တောင်းစားနေသည့်ပုံကို လူမှုကွန်ယက်ပေါ်တွင် မြင်တွေ့သဖြင့် လှူဒါန်းပေးခဲ့ခြင်းဖြစ်ပြီး၊ နိုင်ငံအတွင်း အမှန်တကယ် လိုအပ်သူများကိုလည်း ဆက်လက် လှူဒါန်းသွားမည်ဖြစ်ကြောင်း DKBA ဗိုလ္မွဴးႀကီးေစာဆန္းေအာင္က ဆိုသည်။