အမ်ိဳးသမီး ေခါင္းေဆာင္မႈ စြမ္းရည္ျမႇင့္တင္ေရးႏွင့္ ေရြးေကာက္ပြဲဆိုင္ရာသင္တန္း က်ိဳင္းတုံၿမိဳ႕တြင္ က်င္းပ

အမ်ိဳးသမီး ေခါင္းေဆာင္မႈ စြမ္းရည္ျမႇင့္တင္ေရးႏွင့္ ေရြးေကာက္ပြဲဆိုင္ရာသင္တန္း က်ိဳင္းတုံၿမိဳ႕တြင္ က်င္းပ
ဖေဖော်ဝါရီ 4, 2016
By Tachileik News Agency

႐ွမ္းျပည္နယ္ အေရွ႕ပိုင္း က်ိဳင္းတုံၿမိဳ႕တြင္ အမ်ိဳးသမီးေခါင္းေဆာင္မႈ စြမ္းရည္ျမႇင့္တင္ေရးႏွင့္ ေရြးေကာက္ပြဲဆိုင္ရာ ပညာေပးသင္တန္းကို က်ိဳင္းတုံၿမိဳ႕ ေနာင္ဖာသာသနာ၀န္းရိွ အာခါႏွစ္ျခင္း ခရစ္ယာန္အဖြဲ႔ခ်ဳပ္ ဘုရားေက်ာင္းတြင္ ေရာင္ျခည္သစ္အသင္းမွ သင္တန္းေပးလွ်က္ရိွေၾကာင္း သိရသည္။

"ဒီသင္တန္းကို ဖြင့္ရတဲ့ ရည္ရြယ္ခ်က္က အမ်ိဳးသမီးမ်ား ေရြးေကာက္ပြဲမွာ ပါ၀င္လာဖို႔နဲ႔ အမ်ိဳးသမီးမ်ား ေခါင္းေဆာင္မႈ စြမ္းရည္ ျမင့္မားလာေစဖို႔အတြက္ ျဖစ္ပါတယ္။ အစ္မတို႔အဖြဲ႔က လူငယ္မ်ားအေရးနဲ႔ အမ်ိဳးသမီးမ်ား အေရးကို အဓိကထားၿပီး လုပ္ေဆာင္ေနပါတယ္"ဟု သင္တန္းပို႔ခ်သူ ေဒၚခင္သန္းႏြယ္ဇင္က ေျပာသည္။

ေရြးေကာက္ပြဲဆိုင္ရာ အသိပညာေပးျခင္းကို ေရြးေကာက္ပြဲ မတိုင္မီကာလ၊ ေရြးေကာက္ပြဲကာလႏွင့္ ေရြးေကာက္ပြဲ လြန္ကာလဟူ၍ သံုးပိုင္းခြဲ သင္တန္းေပးေနေၾကာင္းသိရၿပီး ယခုသင္တန္းမွာ ေရြးေကာက္ပြဲလြန္ ကာလ အမ်ိဳးသမီးမ်ား လုပ္ေဆာင္ရမည့္ အရာႏွင့္ ေခါင္းေဆာင္မႈစြမ္းရည္ သင္တန္းျဖစ္ေၾကာင္း သိရသည္။

"She Leads"အစီအစဥ္ျဖင့္ အလားတူသင္တန္းမ်ားကို ေရာင္ျခည္သစ္အသင္းမွ အဖြဲ႔သံုးခုခြဲကာ တိုင္းႏွင့္ျပည္နယ္ အားလုံးတြင္ သင္ၾကားေပးေနေၾကာင္း သိရသည္။

အဆိုပါ သင္တန္းကို IFES(International Foundation for Electoral Systems)မွ အဓိကကူညီပံ့ပိုးၿပီး မိုင္းျဖတ္၊ မိုင္းေယာင္း၊ က်ိဳင္းတုံ၊ တာခ်ီလိတ္၊ မိုင္းလား စသည့္ၿမိဳ႕မ်ားမွ အမ်ိဳးသမီးသင္တန္းသူ (၂၁) ဦးတက္ေရာက္ေနျပီး သင္တန္းကာလမွာ ေဖေဖာ္ဝါရီလ(၁)ရက္မွ ေဖေဖာ္ဝါရီလ(၄)ရက္အထိျဖစ္ေၾကာင္း သိရသည္။

သတင္း။  ။ ဇြဲျမတ္

**********************

( unicode )

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် အမျိုးသမီးခေါင်းဆောင်မှု စွမ်းရည်မြှင့်တင်ရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်းကို ကျိုင်းတုံမြို့ နောင်ဖာသာသနာဝန်းရှိ အာခါနှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် ဘုရားကျောင်းတွင် ရောင်ခြည်သစ်အသင်းမှ သင်တန်းပေးလျှက်ရှိကြောင်း သိရသည်။

"ဒီသင်တန်းကို ဖွင့်ရတဲ့ ရည်ရွယ်ချက်က အမျိုးသမီးများ ရွေးကောက်ပွဲမှာ ပါဝင်လာဖို့နဲ့ အမျိုးသမီးများ ခေါင်းဆောင်မှု စွမ်းရည် မြင့်မားလာစေဖို့အတွက် ဖြစ်ပါတယ်။ အစ်မတို့အဖွဲ့က လူငယ်များအရေးနဲ့ အမျိုးသမီးများ အရေးကို အဓိကထားပြီး လုပ်ဆောင်နေပါတယ်"ဟု သင်တန်းပို့ချသူ ဒေါ်ခင်သန်းနွယ်ဇင်က ပြောသည်။

ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးခြင်းကို ရွေးကောက်ပွဲ မတိုင်မီကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲ လွန်ကာလဟူ၍ သုံးပိုင်းခွဲ သင်တန်းပေးနေကြောင်းသိရပြီး ယခုသင်တန်းမှာ ရွေးကောက်ပွဲလွန် ကာလ အမျိုးသမီးများ လုပ်ဆောင်ရမည့် အရာနှင့် ခေါင်းဆောင်မှုစွမ်းရည် သင်တန်းဖြစ်ကြောင်း သိရသည်။

"She Leads"အစီအစဉ်ဖြင့် အလားတူသင်တန်းများကို ရောင်ခြည်သစ်အသင်းမှ အဖွဲ့သုံးခုခွဲကာ တိုင်းနှင့်ပြည်နယ် အားလုံးတွင် သင်ကြားပေးနေကြောင်း သိရသည်။

အဆိုပါ သင်တန်းကို IFES(International Foundation for Electoral Systems)မှ အဓိကကူညီပံ့ပိုးပြီး မိုင်းဖြတ်၊ မိုင်းယောင်း၊ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းလား စသည့်မြို့များမှ အမျိုးသမီးသင်တန်းသူ (၂၁) ဦးတက်ရောက်နပြေီး သင်တန်းကာလမှာ ဖေဖော်ဝါရီလ(၁)ရက်မှ ဖေဖော်ဝါရီလ(၄)ရက်အထိဖြစ်ကြောင်း သိရသည်။

သတင်း။ #ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~