း သတ္ပစ္သည့္ဓေ

း သတ္ပစ္သည့္ဓေ
ဖေဖော်ဝါရီ 4, 2016
By Tachileik News Agency

သက်ကြီးရွယ်အိုများအား သတ်ပစ်သည့်ဓလေ့ကျင့်သုံးနေဆဲဒေသရှိနေသည့် အိန္ဒိယနိုင်ငံ
လူသတ်မှုဟာ ပြစ်မှုမြောက်တယ်လို့ သတ်မှတ်ထားတဲ့ အိန္ဒိယနိုင်ငံမှာ သက်ကြီးရွယ်အိုတွေကို သတ်ပစ်တဲ့ဓလေ့ ရှိနေတယ်ဆိုတာ အထိတ်တလန့်ဖြစ်ရာပါ။
အဲဒီဒေသမှာတော့ သက်ကြီးရွယ်အိုတွေကို သတ်ပစ်ခြင်းကို အစဉ်အလာတစ်ခုလို လက်ခံထားကြပြီး တချို့သော သက်ကြီးရွယ်အိုမိဘတွေကလည်း သားသမီးတွေစိတ်ပျော်ရွှင်အောင်ဆိုပြီး ကျေကျေနပ်နပ် အသတ်ခံကြပါတယ်လို့ ဆိုပါတယ်။
ဒီလိုဖြစ်ရတာဟာ သက်ကြီးရွယ်အိုတွေအတွက် အသုံးစရိတ်နဲ့ မိသားစုတွေရဲ့ လုပ်အားကိုလည်း သက်သာစေတယ်လို့ လက်ခံထားကြပြီး သက်ကြီးရွယ်အိုသတ်တဲ့ဓလေ့ထုံးစံကို Thalaikoothal လို့ခေါ်တဲ့ အိန္ဒိယနိုင်ငံတောင်ပိုင်းအဆုံး တမီးလ်နာဒူးမြို့ရဲ့ ဓလေ့ထုံးစံအလေ့အကျင့်ဖြစ်နေပါတယ်။
ဒီမှာ ဆင်းရဲတဲ့မိသားစုတွေများပြီးတော့ ငွေကြေးအင်အားလည်း မရှိသလို အသက်ကြီးသူကို ကြည့်ရူစောင့်ရှောက်မယ့် လူအင်အားလည်းမလောက်တာကြောင့် သက်ကြီးရွယ်အိုတွေကို သတ်တဲ့နည်းလမ်းကို ရှာကြတာလို့ ဆိုပါတယ်။
သတ်နည်းကတော့မျိုးစုံရှိပြီး ဘိုးဘွားတွေကို အစာအဆိပ်သင့်အောင်လုပ်တာ၊ အသက်ရှုလမ်းကြောင်း ပိတ်စေတာစတဲ့ နည်းမျိုးစုံကို သုံးလေ့ရှိကြတယ်လို့ သိရပါတယ်။
ထုံးစံအရ လုပ်တာဆိုပေမဲ့ ဘယ်လိုများ သတ်ရဲသလဲဆိုတာကို ရွာသူရွာသားတွေကို မေးကြည့်တဲ့အခါမှာတော့ “လူတွေကို တမင်တကာသတ်တာ မဟုတ်ပါဘူး။ အဲဒီဘိုးဘွားတွေဟာ သက်တမ်း သိပ်မကျန်တော့ဘူး။ ဘာဖြစ်လို့ သူတို့ကိုဆင်းရဲတဲ့ဘဝမှာ ခံစားခိုင်းနေတော့မှာလဲ” လို့ ပြောကြပါတယ်။
ရိုင်းစိုင်းပြီးရက်စက်တဲ့ဓလေ့ကိုကျင့်သုံးနေတဲ့ ဒီဒေသမှာ လယ်သမားနှင့် ရွှေ့ပြောင်းလုပ်သားတွေသာ အများစုဖြစ်တာကြောင့် ဘိုးဘွားတွေကိုစောင့်ရှောက်ဖို့ ပိုက်ဆံနှင့်အချိန်မရှိဘူးဆိုတာကို သူတို့အမြဲပြောကြပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် သက်ကြီးရွယ်အိုတိုင်းကတော့ အသတ်ခံရတာကို မလိုလားပါဘူး။ ၂၀၁၀ ခုနှစ်တုန်းကဆို အသက်(၈၀)အရွယ် လူအိုတစ်ယောက်ကို မိသားစုတွေက သတ်ဖို့ကြံစည်ဆွေးနွေးနေတာကို မတော်တဆကြားမိတဲ့အတွက် အိမ်ကနေထွက်ပြေးပြီး အနီးနားမြို့ရွာတွေမှာ အော်ပြီးကြေညာခဲ့ပါတယ်။
ဒါကြောင့်လည်း ရဲတပ်ဖွဲ့က ဒီအကြောင်းကို စစ်ဆေးရာကနေ ဒီဒေသကနေ နှစ်စဉ်ပျောက်ကွယ်သွားနေတဲ့ သက်ကြီးရွယ်အို ရာဂဏန်းကျော်နေတဲ့အကြောင်းကို ရဲတပ်ဖွဲ့က သိလာရတာပါ။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net