ကျိုင်းတုံ နည်းပညာတက္ကသိုလ်တွင် ယခင်နှစ်ထက် ကျောင်းသားဦးရေ ပိုမိုများပြားလာ

ကျိုင်းတုံ နည်းပညာတက္ကသိုလ်တွင် ယခင်နှစ်ထက် ကျောင်းသားဦးရေ ပိုမိုများပြားလာ
ဖေဖော်ဝါရီ 5, 2016
By Tachileik News Agency




ကျိုင်းတုံနည်းပညာတက္ကသိုလ်တွင် အရာထမ်း၊ အမှုထမ်း စုစုပေါင်း(၈၇)ဦး၊ ဆရာ၊ဆရာမ အင်အား (၄၈) ဦးရှိကြောင်းနှင့် အဓိက မေဂျာလေးခုဖြစ်သည့် Civil Engineering၊ Mechanical Power၊ Electrical Powerနှင့် Electronic Communication တို့ကို သင်ကြားပေးနေခြင်းဖြစ်ကြောင်း သိရသည်။

သင်တန်းကာလ ခြောက်နှစ်ကြာ တက်ရပြီး ကျိုင်းတုံနည်းပညာတက္ကသိုလ်မှ ဘွဲ့ရဦးရေ (၁၂၇၈)ဦး ရှိနေပြီး၊ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ (၇)ရက်နေ့တွင် ကျောင်းသား၊ ကျောင်းသူ (၇၄)ဦးအား ဘွဲ့များ အပ်နှင်းမည် ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း၌ တစ်ခုတည်းသော နည်းပညာ တက္ကသိုလ်ဖြစ်သည့် ကျိုင်းတုံနည်းပညာ တက္ကသိုလ်အား (၁၉၉၉)ခုနှစ်တွင် အစိုးရ စက်မှု လက်မှုသိပ္ပံကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး၊ (၂၀၀၁) ခုနှစ်တွင် အစိုးရနည်းပညာကောလိပ်အဖြစ် ပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်း နှင့် ၂၀၀၇ ခုနှစ်တွင် အစိုးရနည်းပညာကောလိပ်မှ နည်းပညာတက္ကသိုလ် အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

သတင်း။  ။ ဇွဲမြတ်

**********

( unicode )

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံနည်းပညာတက္ကသိုလ်တွင် ၂၀၁၆ - ၂၀၁၇ ပညာသင်နှစ် ဝင်ခွင့်ပုံစံ ပြောင်းလဲထားသဖြင့် တက်ရောက်ခွင့်ရသည့် ကျောင်းသားဦးရေမှာ ပြီးခဲ့သည့် ပညာသင်နှစ်ထက် ပိုမိုများပြား လာကြောင်း ကျောင်းတာဝန်ရှိသူများထံမှ သိရသည်။

"ဒီနှစ်မှာ ကျွန်တော်တို့ အမှတ်ကို အဓိက မကြည့်ဘဲနဲ့ မေဂျာတစ်ခုကို လူ (၄၀)နှုန်းနဲ့ ခေါ်လိုက်တာပါ။ ဒါကြောင့် သင်တန်းသားတွေ များလာတာပါ"ဟု ကျိုင်းတုံနည်းပညာတက္ကသိုလ်မှ ကျောင်းအုပ်ကြီး ဒေါက်တာဦးကျော်သာထွန်းက ပြောသည်။

၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ကျိုင်းတုံနည်းပညာတက္ကသိုလ်သို့ ကျောင်းသား၊ ကျောင်းသူဦးရေ (၂၁၅)ဦး တက်ရောက်ခွင့်ရခဲ့ပြီး၊ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် (၃၆၈)ဦးထိ တိုးလာကြောင်းသိရသည်။

ကျိုင်းတုံနည်းပညာတက္ကသိုလ်တွင် အရာထမ်း၊ အမှုထမ်း စုစုပေါင်း(၈၇)ဦး၊ ဆရာ၊ဆရာမ အင်အား (၄၈) ဦးရှိကြောင်းနှင့် အဓိက မေဂျာလေးခုဖြစ်သည့် Civil Engineering၊ Mechanical Power၊ Electrical Powerနှင့် Electronic Communication တို့ကို သင်ကြားပေးနခြေင်းဖြစ်ကြောင်း သိရသည်။

သင်တန်းကာလ ခြောက်နှစ်ကြာ တက်ရပြီး ကျိုင်းတုံနည်းပညာတက္ကသိုလ်မှ ဘွဲ့ရဦးရေ (၁၂၇၈)ဦး ရှိနပြေီး၊ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ (၇)ရက်နေ့တွင် ကျောင်းသား၊ ကျောင်းသူ (၇၄)ဦးအား ဘွဲ့များ အပ်နှင်းမည် ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ် အေရှ့ပိုင်း၌ တစ်ခုတည်းသော နည်းပညာ တက္ကသိုလ်ဖြစ်သည့် ကျိုင်းတုံနည်းပညာ တက္ကသိုလ်အား (၁၉၉၉)ခုနှစ်တွင် အစိုးရ စက်မှု လက်မှုသိပ္ပံကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး၊ (၂၀၀၁) ခုနှစ်တွင် အစိုးရနည်းပညာကောလိပ်အဖြစ် ပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်း နှင့် ၂၀၀၇ ခုနှစ်တွင် အစိုးရနည်းပညာကောလိပ်မှ နည်းပညာတက္ကသိုလ် အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

သတင်း။ ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~