မိုင်းဖြတ်မြို့ ဘုန်းတော်ကြီးကျောင်းသို့ ထိုင်းဆရာတော်ဦးဆောင်သည့် အနုပညာရှင်များ ပါဝင်သည့် အဖွဲ့ လာရောက်လှုဒါန်း

မိုင်းဖြတ်မြို့ ဘုန်းတော်ကြီးကျောင်းသို့ ထိုင်းဆရာတော်ဦးဆောင်သည့် အနုပညာရှင်များ ပါဝင်သည့် အဖွဲ့ လာရောက်လှုဒါန်း
ဖေဖော်ဝါရီ 6, 2016
By Tachileik News Agency

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဖြတ်မြို့ရှိ ဈေးတန်းဘုန်းတော်ကြီးကျောင်းသို့ ထိုင်းဆရာတော်တစ်ပါး ဦးဆောင်သည့် ထိုင်းနိုင်ငံမှ သရုပ်ဆောင်၊ အဆိုတော်နှစ်ဦး ဖေဖော်ဝါရီလ(၅)ရက်နေ့က လှူဖွယ်ဝတ္တုများ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

"ထိုင်း ဆရာတော်တစ်ပါးက နှစ်စဉ်လာလှူဒါန်းကြတာပါ။ အခု ထိုင်းဆရာတော် PHRA - HUTHAI MUNAI ဦးဆောင်ပြီး အဆိုတော်နဲ့ သရုပ်ဆောင်တွေ လာရောက်လှူဒါန်းတာပါ"ဟု ဈေးတန်းဘုန်းကြီးကျောင်းမှ ဂေါပကတစ်ဦးက ပြောသည်။

ကျောင်းထိုင်ဆရာတော် နိုင်ငံတော် သံဃာ့နာယက အဖွဲ့ဝင် ဦးဓမ္မပါလ ထံသို့ ထိုင်းနိုင်ငံမှ PHRA - HUTHAI MUNAI ဘုန်းတော်ကြီး (၂)ပါး၊ သရုပ်ဆောင်၊ အဆိုတော် အပါအ၀င် လူပုဂ္ဂိုလ် (၁၆)ဦးတို့ လာရောက် လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအဖွဲ့သည် ဈေးတန်းဘုန်းတော်ကြီးကျောင်းရှိ မြတ်စွာဘုရား ဆင်းတုတော်အား ရွှေသင်္ကန်း ကပ်လှူခြင်း၊ ဆရာတော်နှင့် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ/သတင်း။  ။ ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~ ကြော်ငြာ ~~~~~~