ထိုင္းႏုိင္ငံေရာက္ ျမန္မာလုပ္သားမ်ား အေပ်ာ္တမ္း ေဘာလံုးကန္ရာတြင္ ေလာင္းေၾကးထည့္သြင္းျခင္းမျပဳရန္ AAC တိုက္တြန္း

ထိုင္းႏုိင္ငံေရာက္ ျမန္မာလုပ္သားမ်ား အေပ်ာ္တမ္း ေဘာလံုးကန္ရာတြင္ ေလာင္းေၾကးထည့္သြင္းျခင္းမျပဳရန္ AAC တိုက္တြန္း
ဖေဖော်ဝါရီ 6, 2016
By Tachileik News Agency
ထုိင္းႏိုင္ငံေရာက္ ျမန္မာေရႊ႕ေျပာင္းလုပ္သားမ်ား ေဘာလံုးကန္ရာတြင္ အေပ်ာ္သေဘာျဖင့္ပင္ ေလာင္းေၾကးထည့္သြင္းျခင္းမျပဳရန္ ျမန္မာႏိုင္ငံ ေရႊ႕ေျပာင္းအလုပ္သမားမ်ား ကူညီေစာင့္ေရွာက္ေရး မဟာမိတ္(AAC)မွ ထုိင္းႏုိင္ငံေရာက္ျမန္မာမ်ားအား တိုက္တြန္းလိုက္သည္။ 

"ေဘာလံုးကန္တာ ရိုးရိုးသားသား ကန္ၾကေစခ်င္တယ္။ (၁၀)ဘတ္ေၾကးေတာင္ မကန္ေစခ်င္ဘူး။ အခု ေရသန္႔ဘူးဖိုးေၾကး ကန္တာေတာင္ ထိုင္းဥပေဒအရ အေရးယူလို႔ရတယ္။ ဒါေၾကာင့္ ဘာေၾကးမွ မပါဘဲ ေဘာလံုးရိုးရိုးသားသားပဲ ကန္ေစခ်င္တယ္ဗ်ာ"ဟု AAC မွ ကိုရဲမင္းကဆိုသည္။

ထုိုင္းႏုိင္ငံ မဟာခ်ိဳင္နယ္ေျမတြင္ ေဘာလံုးကစားေနသည့္ ျမန္မာေရႊ႕ေျပာင္းလုပ္သားမ်ားအား ေလာင္းကစား လုပ္သည္ဟုဆိုကာ ေဖေဖာ္ဝါရီလ (၆)ရက္ေန႔က ဖမ္းဆီးလိုက္သျဖင့္ AAC မွ လုိက္လံေျဖရွင္းေပးခဲ့ၿပီးေနာက္ ယင္းကဲ့သို႔ ေျပာၾကားလိုက္ျခင္း ျဖစ္သည္။

ထိုင္းႏိုင္ငံ မဟာခ်ိဳင္နယ္ေျမအတြင္း ျမန္မာအလုပ္သမားမ်ားအား တနဂၤေႏြေန႔မ်ားတြင္ ေဘာလံုးကန္ျခင္းအား လိုက္လံ ဖမ္းဆီးမႈမ်ား လုပ္ေဆာင္ေနၿပီး ဖမ္းဆီးထားေသာ ျမန္မာ အလုပ္သမားမ်ားအား ထခ်လံုရဲစခန္း အခ်ဳပ္တြင္ ဖမ္းဆီးထားသျဖင့္ (AAC)မဟာမိတ္အဖြဲ႕မွ လိုက္လံ ေျဖရွင္းေပး၍ ယခုလြတ္ေျမာက္သြားၿပီ ျဖစ္ေၾကာင္း ေရႊ႕ေျပာင္း ျမန္မာအလုပ္သမားမ်ား ကူညီေစာင့္ေရွာက္ေရး မဟာမိတ္(AAC)မွ သိရသည္။

ထိုင္းႏိုင္ငံအတြင္း အလုပ္လုပ္ကိုင္လွ်က္ရွိေသာ ေရႊ႕ေျပာင္း ျမန္မာႏိုင္ငံသားမွာ ၂၀၁၄ ခုႏွစ္ စစ္တမ္းအရ လူဦးေရ(၅)သိန္းေက်ာ္ရွိခဲ့ရာ ယခု (၂၀၁၆)ခုႏွစ္တြင္ (၆)သိန္းေက်ာ္ခန္႔ရွိမည္ျဖစ္ေၾကာင္း ေရႊ႕ေျပာင္း ျမန္မာအလုပ္သမားမ်ား ဆိုင္ရာ စစ္တမ္းမ်ားအရ သိရသည္။

ဓာတ္ပံု။  ။ ကိုရဲမင္း (AAC)

*******************

( unicode )

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ ဘောလုံးကန်ရာတွင် အပျော်သဘောဖြင့်ပင် လောင်းကြေးထည့်သွင်းခြင်းမပြုရန် မြန်မာနိုင်ငံ ရွှေ့ပြောင်းအလုပ်သမားများ ကူညီစောင့်ရှောက်ရေး မဟာမိတ်(AAC)မှ ထိုင်းနိုင်ငံရောက်မြန်မာများအား တိုက်တွန်းလိုက်သည်။

"ဘောလုံးကန်တာ ရိုးရိုးသားသား ကန်ကြစေချင်တယ်။ (၁၀)ဘတ်ကြေးတောင် မကန်စေချင်ဘူး။ အခု ရေသန့်ဘူးဖိုးကြေး ကန်တာတောင် ထိုင်းဥပဒေအရ အရေးယူလို့ရတယ်။ ဒါကြောင့် ဘာကြေးမှ မပါဘဲ ဘောလုံးရိုးရိုးသားသားပဲ ကန်စေချင်တယ်ဗျာ"ဟု AAC မှ ကိုရဲမင်းကဆိုသည်။

ထိုင်းနိုင်ငံ မဟာချိုင်နယ်မြေတွင် ဘောလုံးကစားနေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအား လောင်းကစား လုပ်သည်ဟုဆိုကာ ဖေဖော်ဝါရီလ (၆)ရက်နေ့က ဖမ်းဆီးလိုက်သဖြင့် AAC မှ လိုက်လံဖြေရှင်းပေးခဲ့ပြီးနောက် ယင်းကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ မဟာချိုင်နယ်မြေအတွင်း မြန်မာအလုပ်သမားများအား တနင်္ဂေနွနေ့များတွင် ဘောလုံးကန်ခြင်းအား လိုက်လံ ဖမ်းဆီးမှုများ လုပ်ဆောင်နပြေီး ဖမ်းဆီးထားသော မြန်မာ အလုပ်သမားများအား ထချလုံရဲစခန်း အချုပ်တွင် ဖမ်းဆီးထားသဖြင့် (AAC)မဟာမိတ်အဖွဲ့မှ လိုက်လံ ဖြေရှင်းပေး၍ ယခုလွတ်မြောက်သွားပြီ ဖြစ်ကြောင်း ရွှေ့ပြောင်း မြန်မာအလုပ်သမားများ ကူညီစောင့်ရှောက်ရေး မဟာမိတ်(AAC)မှ သိရသည်။

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်လျှက်ရှိသော ရွှေ့ပြောင်း မြန်မာနိုင်ငံသားမှာ ၂၀၁၄ ခုနှစ် စစ်တမ်းအရ လူဦးရေ(၅)သိန်းကျော်ရှိခဲ့ရာ ယခု (၂၀၁၆)ခုနှစ်တွင် (၆)သိန်းကျော်ခန့်ရှိမည်ဖြစ်ကြောင်း ရွှေ့ပြောင်း မြန်မာအလုပ်သမားများ ဆိုင်ရာ စစ်တမ်းများအရ သိရသည်။

ဓာတ်ပုံ။ ကိုရဲမင်း (AAC)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  



~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~