Miss Tachileik 2016 ၿပိဳင္ပြဲအတြက္ စာနယ္ဇင္း မိတ္ဆက္

Miss Tachileik 2016 ၿပိဳင္ပြဲအတြက္ စာနယ္ဇင္း မိတ္ဆက္
ဖေဖော်ဝါရီ 6, 2016
By Tachileik News Agency

တာခ်ီလိတ္၌ က်င္းပျပဳလုပ္မည့္ Miss Tachileik 2016 ေရြးခ်ယ္ပြဲႏွင့္ ပတ္သက္၍ စာနယ္ဇင္း ရွင္းလင္းပြဲကို  ေဖေဖာ္၀ါရီလ (၆)ရက္ေန႔၊ နံနက္ပိုင္းက ေရႊဘူးသီးဟိုတယ္၌ က်င္းပ ျပဳလုပ္ရာ စာရင္းေပးသြင္းထားသည့္ ၿပိဳင္ပြဲ၀င္ (၁၄)ဦးအနက္ (၁၁)ဦးႏွင့္ သတင္းမီဒီယာမ်ားႏွင့္ ဖိတ္ၾကားထားသည့္ ဧည့္သည္ေတာ္မ်ား တက္ေရာက္ေၾကာင္း သိရသည္။

"အဓိက က်င္းပရျခင္းရဲ႕ ရည္ရြယ္ခ်က္ကေတာ့ မိမိျပည္နယ္ရဲ႕ ဂုဏ္ကို ေဖာ္ေဆာင္လိုျခင္းနဲ႔
ပရဟိတစိတ္ေတြ ေဖာ္ေဆာင္လိုျခင္းျဖစ္ပါတယ္"ဟု Miss Tachileik 2016 ၏ City Director မၾကည္ၾကည္၀င္း က ေျပာသည္။

တာခ်ီလိတ္၌ က်င္းပျပဳလုပ္မည့္ Miss ေရြးခ်ယ္ပြဲတြင္ ၿပိဳင္ပြဲ၀င္ (၁၄)ဦး ရွိျပီး တာခ်ီလိတ္ ႏွင့္ က်ိဳင္းတုံက
အဓိက လာေရာက္ယွဥ္ၿပိဳင္ျခင္းျဖစ္ေၾကာင္း ႏွင့္ ယခုသတင္းစာရွင္းလင္းပြဲသို႔  ၿပိဳင္ပြဲ၀င္ (၁၁)ဦးတက္ေရာက္ခဲ့ေၾကာင္း သိရသည္။

"အခု က်င္းပရတာက ရွမ္းအေရွ႕မယ္ ကိုယ္စားျပဳေတြကို ေရြးခ်ယ္တာပါ။ ၿပီးရင္ ရွမ္းျပည္နယ္ ကိုယ္စားျပဳမယ္ေတြ ထပ္မံေရြးခ်ယ္သြားမွာပါ၊ အဲဒါၿပီးမွ ရန္ကုန္မွာ က်င္းပမဲ့ Miss Golden
Land ေရြးခ်ယ္ပြဲကို ရွမ္းျပည္နယ္ ကိုယ္စားျပဳ သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္"ဟု
Miss East Shan State Organization မွ ကိုေအာင္လင္းၿဖိဳးက ေျပာသည္။

ေဖေဖာ္၀ါရီလ (၁၄)ရက္ေန႔တြင္ Miss Tachileik 2016 ၿပိဳင္ပြဲအား တာခ်ီလိတ္ၿမိဳ႕ မကာဟိုခမ္းရပ္ကြက္ရွိ ဟုတ္တက္ခန္းမတြင္ က်င္းပသြားမွာ ျဖစ္ေၾကာင္းသိရသည္။

ဓာတ္ပံု။  ။ ေဇာင္းညီ
***********************

( unicode )

တာချီလိတ်၌ ကျင်းပပြုလုပ်မည့် Miss Tachileik 2016 ရွေးချယ်ပွဲနှင့် ပတ်သက်၍ စာနယ်ဇင်း ရှင်းလင်းပွဲကို ဖေဖော်ဝါရီလ (၆)ရက်နေ့၊ နံနက်ပိုင်းက ရွှေဘူးသီးဟိုတယ်၌ ကျင်းပ ပြုလုပ်ရာ စာရင်းပေးသွင်းထားသည့် ပြိုင်ပွဲဝင် (၁၄)ဦးအနက် (၁၁)ဦးနှင့် သတင်းမီဒီယာများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြောင်း သိရသည်။

"အဓိက ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ မိမိပြည်နယ်ရဲ့ ဂုဏ်ကို ဖော်ဆောင်လိုခြင်းနဲ့
ပရဟိတစိတ်တွေ ဖော်ဆောင်လိုခြင်းဖြစ်ပါတယ်"ဟု Miss Tachileik 2016၏ City Director မကြည်ကြည်ဝင်း က ပြောသည်။

တာချီလိတ်၌ ကျင်းပပြုလုပ်မည့် Miss ရွေးချယ်ပွဲတွင် ပြိုင်ပွဲဝင် (၁၄)ဦး ရှိပြီး တာချီလိတ် နှင့် ကျိုင်းတုံက
အဓိက လာရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း နှင့် ယခုသတင်းစာရှင်းလင်းပွဲသို့ ပြိုင်ပွဲဝင် (၁၁)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

"အခု ကျင်းပရတာက ရှမ်းအရှေ့မယ် ကိုယ်စားပြုတွေကို ရွေးချယ်တာပါ။ ပြီးရင် ရှမ်းပြည်နယ် ကိုယ်စားပြုမယ်တွေ ထပ်မံရွေးချယ်သွားမှာပါ၊ အဲဒါပြီးမှ ရန်ကုန်မှာ ကျင်းပမဲ့ Miss Golden
Land ရွေးချယ်ပွဲကို ရှမ်းပြည်နယ် ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်"ဟု
Miss East Shan State Organization မှ ကိုအောင်လင်းဖြိုးက ပြောသည်။

ဖေဖော်ဝါရီလ (၁၄)ရက်နေ့တွင် Miss Tachileik 2016 ပြိုင်ပွဲအား တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်ရှိ ဟုတ်တက်ခန်းမတွင် ကျင်းပသွားမှာ ဖြစ်ကြောင်းသိရသည်။

ဓာတ်ပုံ။ ဇောင်းညီ

ပံုမ်ားကိုၾကည့္ရန္
Miss Tachileik 2016 ၿပိဳင္ပြဲအတြက္ စာနယ္ဇင္း ရွင္းလင္း

48 photos
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~ေၾကာ္ျငာ ~~~~~~~