ကျိုင်းတုံနည်းပညာတက္ကသိုလ်၏ ဒွါဒသမအကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ဖေဖော်ဝါရီလ၊(၇)ရက် နံနက် (၉)နာရီတွင် ကျင်းပပြုလုပ်ရာ ဘွဲရရှိသူ (၇၈)ဦး ရှိကြောင်း သိရသည်။
ဦးစွာ ကျောင်းအုပ်ကြီး ဒေါက်တာဦးကျော်သာထွန်း ဦးဆောင်သော စီမံခန့်ခွဲရေးအဖွဲ့နှင့် ပညာရေးအဖွဲ့ဝင် ပုဂ္ဂိုလ်များသည် စင်မြှင့်တွင် နေရာယူကြပြီး ကျောင်းအုပ်ကြီးမှ ဘွဲ့ယူမည့်သူများထံမှ ကတိများ တောင်းခံသည်။
ထို့နောက် ကျောင်းအုပ်ကြီးမှ ဘွဲ့ရရှိသူများအား ဘွဲ့လက်မှတ်များကို အပ်နှင်းခဲ့သည်။ထို့နောက် ကျောင်းအုပ်ကြီးမှ ဌာနမှူး(စာပေ)မှ တင်ပြလာသော ဘွဲ့ရရှိသူများ စာရင်းအား လက်မှတ်ရေးထိုးပေးခဲ့သည်။
ထို့နောက် ကျောင်းအုပ်ဆရာကြီး ဒေါက်တာကျော်သာထွန်းမှ မိန့်ခွန်းပြောကြားရာတွင် "ကိုယ်ကျင့်တရား မြင့်မားမှူမရှိလျှင် မိမိနှင့်တကွ ပတ်ဝန်းကျင်တစ်ခုလုံးကိုပါ ထိခိုက်စေနိုင်တဲ့အတွက် မောင်မယ်တို့ဟာ ကိုယ်ကျင့်တရားပြည့်ဝသော၊ စွမ်းရည်ထက်မြက်သော အင်ဂျင်နီယာပညာရှင်၊ အင်ဂျင်နီယာ နည်းပညာရှင်တွေဖြစ်ဖို့ ဆက်လက်ထိန်းသိမ်း ကြိုးစားသွားကြပါ"ဟု ထည့်သွင်းပြောကြားခဲ့သည်။
ကျိုင်းတုံနည်းပညာတက္ကသိုလ်မှ အင်ဂျင်နီယာဘွဲ့(မြီု့ပြအင်ဂျင်နီယာ)ရရှိသူ (၁၀)ဦး၊ အင်ဂျင်နီယာဘွဲ့(အီလက်ထရောနစ်အင်ဂျင်နီယာ) ရရှိသူ (၇)ဦး၊ အင်ဂျင်နီယာဘွဲ့ (လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ)ရရှိသူ (၆)ဦး၊ အင်ဂျင်နီယာဘွဲ့ (စက်မှူအင်ဂျင်နီယာ)ရရှိသူ (၁)ဦး၊ အင်ဂျင်နီယာနည်းပညာဘွဲ့ (မြို့ပြအင်ဂျင်နီယာ)ရရှိသူ (၁၆)ဦး၊ အင်ဂျင်နီယာနည်းပညာဘွဲ့ (အီလက်ထရောနစ်အင်ဂျင်နီယာ) ရရှိသူ (၁၂)ဦိး၊ အင်ဂျင်နီယာနည်းပညာဘွဲ့ (လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ) ရရှိသူ (၁၂)ဦး၊ အင်ဂျင်နီယာနည်းပညာဘွဲ့ (စက်မှူအင်ဂျင်နီယာ) ရရှိသူ (၁၁)ဦး နှင့် အင်ဂျင်နီယာဘွဲ့(မြို့ပြအင်ဂျင်နီယာ)ကို အဝေးရောက်ဘွဲ့ယူသူအဖြစ် (၃)ဦး စုစုပေါင်း (၇၈)ဦးကို ဘွဲ့များအပ်နှင်းခဲ့သည်။
ဇွဲမြတ်
ကျိုင်းတုံ(၇.၂.၁၆)