တာခ်ီလိတ္အလြန္ မယ္ဆိုင္ တံတားေပၚ ျမန္မာႏိုင္ငံသား တစ္ဦးထံမွ မူးယစ္ေဆး၀ါး ဖမ္းဆီးရရွိ

တာခ်ီလိတ္အလြန္ မယ္ဆိုင္ တံတားေပၚ ျမန္မာႏိုင္ငံသား တစ္ဦးထံမွ မူးယစ္ေဆး၀ါး ဖမ္းဆီးရရွိ
ဖေဖော်ဝါရီ 7, 2016
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၁)တံတားမွတဆင့္ ၀င္ေရာက္လာသူ ျမန္မာႏုိင္ငံသား အမ်ဳိးသမီးတစ္ဦးထံမွ မူးယစ္ေဆး၀ါးမ်ားကို ထိုင္းအေကာက္ခြန္ရဲတပ္ဖြဲ႔က ေဖေဖာ္၀ါရီလ(၇)ရက္ ညေန(၄)နာရီခြဲ၀န္းက်င္က ရွာေဖြရရွိေၾကာင္း သတင္းရရွိသည္။

"သူက ဘန္ေကာက္မွာ အလုပ္ လုပ္တာလို႔ သိရတယ္၊ ဘန္ေကာက္က လူက သူ႔ကို ပိုက္ဆံေပးၿပီး ပစၥည္းသြားယူခိုင္းတာ၊ တာခ်ီလိတ္ေရာက္ေတာ့ ေရႊတိဂံုေပၚမွာ ခ်ိန္းတယ္၊ ေရႊတိဂံုေပၚမွာ ခ်ိန္းတဲ့လူနဲ႔ေတြ႔ၿပီး ပစၥည္းယူလာတယ္၊ ပစၥည္းသယ္ခ ဘတ္(၆၀၀၀)ရတယ္လို႔ ေျပာပါတယ္၊ ဘန္ေကာက္ကို ယူသြားဖို႔ သယ္လာရာကေန အခုလို တာခ်ီလိတ္ကေန မယ္ဆိုင္တံတားဘက္ အေရာက္မွာ ဖမ္းမိတာျဖစ္ပါတယ္"ဟု ျမန္မာဘက္ နယ္ျခားေကာ္မတီမွ ကိုသန္းထြန္းေအာင္က ေျပာသည္။

မူးယစ္ေဆး၀ါးမ်ားကို ရွာေဖြရရွိမႈႏွင့္ ပတ္သက္၍ တာခ်ီလိတ္ဘက္မွ ၀င္ေရာက္လာသူ အသက္(၃၉)ႏွစ္ရွိ ျမန္မာႏိုင္ငံသား မခင္အံုးတင့္၏ ခရီးေဆာင္အိတ္အား မသကၤာ၍ စစ္ေဆးရာမွ ခရီးေဆာင္အိတ္အတြင္း ထုပ္ပိုးထားသည့္ အိုက္စ္(ေရခဲ)အျဖဴေရာင္ ပံုေဆာင္ခဲ(၁.၉၅)ကီလိုဂရမ္ခန္႔ကို ရွာေဖြရရွိတာ ျဖစ္ေၾကာင္း သိရသည္။

ဖမ္းဆီးရမိသူအား သက္ေသခံပစၥည္းႏွင့္အတူ အမွတ္(၁)တံတားမွ တစ္ဆင့္ မယ္ဆိုင္ဘက္ အမွတ္(၂) တံတားရွိ အေကာက္ခြန္ရံုးသို႔ ေခၚေဆာင္သြားၿပီး စစ္ေဆးလွ်က္ရွိေၾကာင္း သိရသည္။

မူးယစ္ေဆး၀ါးျဖစ္သည့္ အမ်ားအေခၚ ေရခဲ အိုက္စ္ အျဖဴေရာင္ပံုေဆာင္ခဲမ်ား၏ အေလးခ်ိန္မွာ (၁.၉၅)ကီလိုဂရမ္ရွိၿပီး မူးယစ္ေဆး၀ါးအား ထုပ္ပိုးထားသည့္ အေလးခ်ိန္အပါအ၀င္ (၂.၅)ကီလိုဂရမ္ရွိေၾကာင္း သိရသည္။

ထိုနည္းတူ ေဖေဖာ္၀ါရီလ (၆)ရက္ ညေန(၅)နာရီ(၅)မိနစ္အခ်ိန္က ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၁) တံတားမွ တဆင့္ ထိုင္းႏိုင္ငံ မယ္ဆိုင္သို႔ အသြားတြင္ ထိုင္းဘက္ တံတားေပၚ၌  ျမန္မာႏိုင္ငံသား တစ္ဦးထံမွ ထိုင္းအေကာက္ခြန္ရဲတပ္ဖြဲ႔က မူးယစ္ေဆး၀ါးမ်ားကို ဖမ္းဆီးရမိေၾကာင္း သိရွိရသည္။
***********************

( unicode )

တာချီလိတ်မြို့ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားမှတဆင့် ဝင်ရောက်လာသူ မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးထံမှ မူးယစ်ဆေးဝါးများကို ထိုင်းအကောက်ခွန်ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ(၇)ရက် ညနေ(၄)နာရီခွဲဝန်းကျင်က ရှာဖွေရရှိကြောင်း သတင်းရရှိသည်။

"သူက ဘန်ကောက်မှာ အလုပ်လုပ်တာလို့ သိရတယ်၊ ဘန်ကောက်က လူက သူ့ကို ပိုက်ဆံပေးပြီး ပစ္စည်းသွားယူခိုင်းတာ၊ တာချီလိတ်ရောက်တော့ ရွှေတိဂုံပေါ်မှာ ချိန်းတယ်၊ ရွှေတိဂုံပေါ်မှာ ချိန်းတဲ့လူနဲ့တွေ့ပြီး ပစ္စည်းယူလာတယ်၊ ပစ္စည်းသယ်ခ ဘတ်(၆၀၀၀)ရတယ်လို့ ပြောပါတယ်၊ ဘန်ကောက်ကို ယူသွားဖို့ သယ်လာရာကနေ အခုလို တာချီလိတ်ကနေ မယ်ဆိုင်တံတားဘက် အရောက်မှာ ဖမ်းမိတာဖြစ်ပါတယ်"ဟု မြန်မာဘက် နယ်ခြားကော်မတီမှ ကိုသန်းထွန်းအောင်က ပြောသည်။

မူးယစ်ဆေးဝါးများကို ရှာဖွေရရှိမှုနှင့် ပတ်သက်၍ တာချီလိတ်ဘက်မှ ဝင်ရောက်လာသူ အသက်(၃၉)နှစ်ရှိ မြန်မာနိုင်ငံသား မခင်အုံးတင့်၏ ခရီးဆောင်အိတ်အား မသင်္ကာ၍ စစ်ဆေးရာမှ ခရီးဆောင်အိတ်အတွင်း ထုပ်ပိုးထားသည့် အိုက်စ်(ရေခဲ)အဖြူရောင် ပုံဆောင်ခဲ(၁.၉၅)ကီလိုဂရမ်ခန့်ကို ရှာဖွေရရှိတာ ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသူအား သက်သေခံပစ္စည်းနှင့်အတူ အမှတ်(၁)တံတားမှ တစ်ဆင့် မယ်ဆိုင်ဘက် အမှတ်(၂) တံတားရှိ အကောက်ခွန်ရုံးသို့ ခေါ်ဆောင်သွားပြီး စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

မူးယစ်ဆေးဝါးဖြစ်သည့် အများအခေါ် ရေခဲ အိုက်စ် အဖြူရောင်ပုံဆောင်ခဲများ၏ အလေးချိန်မှာ (၁.၉၅)ကီလိုဂရမ်ရှိပြီး မူးယစ်ဆေးဝါးအား ထုပ်ပိုးထားသည့် အလေးချိန်အပါအဝင် (၂.၅)ကီလိုဂရမ်ရှိကြောင်း သိရသည်။

ထိုနည်းတူ ဖေဖော်ဝါရီလ (၆)ရက် ညနေ(၅)နာရီ(၅)မိနစ်အချိန်က မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁) တံတားမှ တဆင့် ထိုင်းနိုင်ငံ မယ်ဆိုင်သို့ အသွားတွင် ထိုင်းဘက် တံတားပေါ်၌ မြန်မာနိုင်ငံသား တစ်ဦးထံမှ ထိုင်းအကောက်ခွန်ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~