ရွမ္းျပည္နယ္အေရွ႕ပိုင္းတြင္ MPT ကြန္ရက္မ်ား ပိုမိုျဖန္႔က်က္လာခဲ့ျခင္းေၾကာင့္ ေငြျဖည့္ကတ္ ေရာင္းခ်မႈ မွာလည္း ျမင့္တက္လာၿပီး တစ္ရက္လွ်င္ ေငြျဖည့္ကတ္ က်ပ္ သိန္း(၂၀၀)မွ သိန္း(၅၀၀)အထိ ေရာင္းခ်ရမႈရွိေၾကာင္း ေဒသတြင္း ဖုန္းေငြျဖည့္ကတ္ျဖန္႔ျဖဴးသူမ်ားထံမွ သိရသည္။
လက္ရိွတြင္လည္း MPT ၏ ပရိုမိုးရွင္းအသစ္ေၾကာင့္ တစ္ေသာင္းတန္ ေငြျဖည့္ကတ္မ်ား ေဖေဖာ္၀ါရီလအတြင္း ေရာင္းအား ေကာင္းလာေၾကာင္း သိရသည္။
"အခုတေလာ တစ္ေသာင္းတန္ကတ္ေတြက ပိုေရာင္းလာရတယ္။ တျခား ေအာ္ပေရတာေတြရွိေပမဲ့ ေရာင္းအားက်သြားတာ မရွိပါဘူး။ ပရိုမိုးရွင္းေပးတဲ့ ကာလဆိုေတာ့ ကတ္ေတြ ပိုေရာင္းလာရတယ္"ဟု MPT ေအာ္ပေရတာမွ ေငြျဖည့္ကတ္ အေရာင္းတာ၀န္ခံ ကိုပိုင္၀င့္ေက်ာ္က ေျပာသည္။
MPT ကြန္ရက္မွာ ရွမ္းျပည္နယ္အေရွ႕ပိုင္းရွိ မိုင္းတံု၊ မိုင္းဆတ္၊ မိုင္းျဖတ္၊ က်ိဳင္းတံု၊ တာခ်ီလိတ္ ကဲ့သို႔ ၿမိဳ႕နယ္ အမ်ားအျပားတြင္ Network တုိင္မ်ား စိုက္ထူထားၿပီး ေက်းရြာမ်ားတြင္ Network တိုင္မ်ား ဆက္လက္ တည္ေဆာက္လွ်က္ရွိေၾကာင္း သိရသည္။
" တာခ်ီလိတ္မွာ ေအာ္ရီဒူးေတာ့ မရေသးဘူး။ တယ္လီေနာေတာ့ လိုင္းေတြရေနၿပီ။ ဒါေပမဲ့ သံုးတဲ့သူ သိပ္မရွိေသးဘူးနဲ႔တူတယ္"ဟု ေဒသခံတစ္ဦးက ေျပာသည္။
MPT ေအာ္ပေရတာ၏ ဇန္န၀ါရီ(၂၉)ရက္မွ ေဖေဖာ္၀ါရီ(၉)ရက္ေန႔အထိ က်ပ္ေငြ(၁၀၀၀၀)ႏွင့္အထက္ ထည့္လွ်င္ ေဘာနပ္စ္(၁၀၀%)အျပည့္ရရွိ၍ (၁၀၀၀)က်ပ္လွ်င္(၂၀%)၊ (၃၀၀၀)က်ပ္လွ်င္(၃၀%)၊ (၅၀၀၀)က်ပ္လွ်င္(၄၀%) ေပးလွ်က္ရွိေၾကာင္း သိရသည္။
ရွမ္းျပည္နယ္ အေရွ႕ပိုင္းတြင္ မိုဘိုင္းဖုန္း ကြန္ရက္(၃)ခုရွိၿပီး ေအာ္ရီဒူးႏွင့္ တယ္လီေနာမွာ ၂၀၁၅ ခုႏွစ္ ဒီဇင္ဘာလအတြင္း ေဒသတြင္းသို႔ ၀င္ေရာက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
************************
( Unicode )
ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် MPT ကွန်ရက်များ ပိုမိုဖြန့်ကျက်လာခဲ့ခြင်းကြောင့် ငွဖြေည့်ကတ် ရောင်းချမှု မှာလည်း မြင့်တက်လာပြီး တစ်ရက်လျှင် ငွဖြေည့်ကတ် ကျပ် သိန်း(၂၀၀)မှ သိန်း(၅၀၀)အထိ ရောင်းချရမှုရှိကြောင်း ဒေသတွင်း ဖုန်းငွဖြေည့်ကတ်ဖြန့်ဖြူးသူများထံမှ သိရသည်။
လက်ရှိတွင်လည်း MPT၏ ပရိုမိုးရှင်းအသစ်ကြောင့် တစ်သောင်းတန် ငွဖြေည့်ကတ်များ ဖေဖော်ဝါရီလအတွင်း ရောင်းအား ကောင်းလာကြောင်း သိရသည်။
"အခုတလော တစ်သောင်းတန်ကတ်တွေက ပိုရောင်းလာရတယ်။ တခြား အော်ပရေတာတွေရှိပေမဲ့ ရောင်းအားကျသွားတာ မရှိပါဘူး။ ပရိုမိုးရှင်းပေးတဲ့ ကာလဆိုတော့ ကတ်တွေ ပိုရောင်းလာရတယ်"ဟု MPT အော်ပရေတာမှ ငွဖြေည့်ကတ် အရောင်းတာဝန်ခံ ကိုပိုင်ဝင့်ကျော်က ပြောသည်။
MPT ကွန်ရက်မှာ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းဖြတ်၊ ကျိုင်းတုံ၊ တာချီလိတ် ကဲ့သို့ မြို့နယ် အများအပြားတွင် Network တိုင်များ စိုက်ထူထားပြီး ကျေးရွာများတွင် Network တိုင်များ ဆက်လက် တည်ဆောက်လျှက်ရှိကြောင်း သိရသည်။
" တာချီလိတ်မှာ အော်ရီဒူးတော့ မရသေးဘူး။ တယ်လီနောတော့ လိုင်းတွေရနပြေီ။ ဒါပေမဲ့ သုံးတဲ့သူ သိပ်မရှိသေးဘူးနဲ့တူတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။
MPT အော်ပရေတာ၏ ဇန်နဝါရီ(၂၉)ရက်မှ ဖေဖော်ဝါရီ(၉)ရက်နေ့အထိ ကျပ်ငွေ(၁၀၀၀၀)နှင့်အထက် ထည့်လျှင် ဘောနပ်စ်(၁၀၀%)အပြည့်ရရှိ၍ (၁၀၀၀)ကျပ်လျှင်(၂၀%)၊ (၃၀၀၀)ကျပ်လျှင်(၃၀%)၊ (၅၀၀၀)ကျပ်လျှင်(၄၀%) ပေးလျှက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် မိုဘိုင်းဖုန်း ကွန်ရက်(၃)ခုရှိပြီး အော်ရီဒူးနှင့် တယ်လီနောမှာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်း ဒေသတွင်းသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။